ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် မဲဆန္ဒရှင်စာရင်းမှန်ကန်ရေးအတွက် ရှေ့ပြေးလုပ်ငန်းဖြစ်သည့် အခြေခံလူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ခြင်း ဖွင့်ပွဲအခမ်းအနားကျင်းပ

 

နေပြည်တော်   မတ်   ၁၁


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အစီအစဉ် ဖြင့် ပြုလုပ်လျက်ရှိသည့် မဲစာရင်းပြည့်စုံမှန်ကန်ရေး အတွက် ရှေ့ပြေးလုပ်ငန်း ( Pilot Project ) ဖြစ်သည့် အခြေခံလူဦးရေစာရင်း     တိုက်ဆိုင်စစ်ဆေးခြင်း  လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ခြင်း ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန် တိုင်းဒေသကြီး အလုံမြို့နယ် အထက(၄)  သီရိရတနာ ခန်းမ၌ ကျင်းပသည်။


ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့်    တိုင်းဒေသကြီး၊   ခရိုင်၊   မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးအဆင့်ဆင့်မှ တာဝန် ရှိသူများ၊  ရန်ကုန်တိုင်းဒေသကြီး  ခရိုင် (၄) ခရိုင်မှ စီမံအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများ၊ ခရိုင်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ တာဝန် ရှိသူ နယ်မြေတာဝန်ခံများ၊ ရန်ကုန်တိုင်းဒေသကြီး မြို့နယ် (၄၅) မြို့နယ်   ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများမှ တာဝန်ခံဝန်ထမ်းများ၊ အလုံမြို့နယ်  စီမံအုပ်ချုပ်ရေးအဖွဲ့အဆင့်ဆင့်မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။


ဖွင့်ပွဲအခမ်းအနားအပြီးတွင်  ရန်ကုန်အနောက် ပိုင်းခရိုင် အလုံမြို့နယ်ရှိ ရပ်ကွက်(၁၁)ခုတို့မှ အခြေခံ လူဦးရေစာရင်းနှင့် မြေပြင်စာရင်း တိုက်ဆိုင်စစ်ဆေးမှု လုပ်ငန်းများကို သက်ဆိုင်ရာဌာနများက ဆက်လက်  ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး    အဆိုပါ     (Pilot Project)ကို မတ် ၁၀ ရက်မှ ၁၂ ရက်အထိ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။


သတင်းစဉ်