
ကဝ မတ် ၁၁
ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ်အတွင်းရှိ ကျေးရွာ အုပ်စုများမှ ဆောင်းသီးနှံစိုက်ပျိုးသည့် တောင်သူ များသည် ယခုနှစ်တွင် စားသုံးဆီနေကြာ အပါအဝင် အခြားဆီထွက် သီးနှံ ၅၀၁၃ ဧကကို မြေအမျိုးအစား ပေါ်မူတည်၍ ခွဲခြားစိုက်ပျိုးထားရှိကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
တောင်သူများအနေဖြင့် ဆီထွက်သီးနှံနေကြာကို အခြားဆောင်းသီးနှံပဲမျိုးစုံစိုက်ခင်းများတွင် သီးထပ် သီးညှပ်စိုက်ပျိုးသည့်အပြင် သီးသန့်စိုက်ခင်းများဖြင့် လည်း စိုက်ပျိုးထားရှိသည်။
တိုင်းဒေသကြီး အစိုးရအနေဖြင့်လည်း မြို့နယ် အတွင်း ဆောင်းသီးနှံ နေကြာစိုက်ပျိုးနိုင်ရန်အတွက် ဆင်းရွှေကြာ-၂ နေကြာမျိုးစေ့ အိတ် ၅၀ နှင့် မြေသြဇာ ၅၀ ကီလိုအိတ် ၈၇ ဒသမ ၅ အိတ်ကို တောင်သူများထံသို့ အခမဲ့ဖြန့်ဝေပေးကြောင်း သိရ သည်။
ကဝမြို့နယ်အနေဖြင့် ယခုနှစ်တွင် ဆောင်းရာသီ ဆီထွက်သီးနှံအနေဖြင့် မြေပဲ ၄၈၁၇ ဧက၊ နေကြာ သီးထပ်သီးညှပ် ၁၇၅ ဧကနှင့် နေကြာသီးသန့် ၂၁ ဧက စုစုပေါင်း ဆီထွက်သီးနှံ ၅၀၁၃ ဧကကို ဒေသ အတွင်း စားသုံးဆီ ဖူလုံရေးအတွက် စိုက်ပျိုးထားရှိ ကြောင်းနှင့် လာမည့် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် စားသုံးဆီနေကြာကို လျာထားချက်ထက် ကျော်လွန် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
မြို့နယ်
(ပြန်/ဆက်)