
တန့်ယန်း မတ် ၁၀
ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့နယ် အမှတ်(၃)ရပ်ကွက် အုပ်စု(၆) တွင် မတ် ၉ ရက် ည ၉ နာရီခွဲခန့်က မီးသွေးမီးဖို မီးကြွင်းမီးကျန် မှတစ်ဆင့် မီးကူးစက်၍ လူနေအိမ်လေးလုံးမီးလောင်မှု ဖြစ်ပွားခဲ့သည်။
မီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးငြှိမ်း သတ်ယာဉ် နှစ်စီး၊ ရေသယ်ယာဉ် တစ်စီး၊ မြို့နယ်အရန်မီးသတ် တပ်ရင်းမှ မီးငြှိမ်းသတ်ယာဉ် ငါးစီး၊ လူနာတင်ယာဉ် တစ်စီး၊ နောင်ဖာ မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ မြို့နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့မှ လူနာတင်ယာဉ် နှစ်စီးနှင့် လူမှုကူညီရေးအသင်းအဖွဲ့တို့က ပြည်သူများနှင့်အတူ ဝိုင်းဝန်းငြှိမ်းသတ်ကြရာ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် တာဝန် ရှိသူများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးပြီး ည ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် မီးထိန်းနိုင်ခဲ့သည်။
မီးလောင်မှုကြောင့် ပျဉ်ထောင်သွပ်မိုး နှစ်ထပ်နေအိမ်လေးလုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)