Type

ပေါက်ပေါက်
ကမ္ဘာပေါ်ရှိ ဆီစားသုံးမှုများသော နိုင်ငံများထဲ တွင် မြန်မာနိုင်ငံသည်လည်း အပါအဝင်ဖြစ်ပါ သည်။ ထို့ကြောင့် မြန်မာလူမျိုးတို့၏ နေ့စဉ်အစား အသောက်များချက်ပြုတ်ရာမှာ စားသုံးဆီက အရေးပါလျက်ရှိသည်။ ဟင်းချက်ဆီအမျိုးအစား များစွာ ရှိကြသည်။ ၎င်းတို့မှာ ပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ၊ စားအုန်းဆီ၊ ပဲပိစပ်ဆီ၊ ပြောင်းဖူးဆီ၊ ဟင်းသီးဟင်းရွက်ဆီ၊ သံလွင်ဆီ စသည်တို့အပြင် ဖွံ့ဖြိုးပြီးနိုင်ငံများ၌ ထောပတ်သီးဆီကဲ့သို့ အခြား စားသုံးဆီ အမျိုးအစားများလည်း ရှိကြသည်။
မြောက်မြားစွာသော ဆီအမျိုးအစားများစွာထဲမှ မိမိတို့ နေ့စဉ်အသုံးပြုနေသည့် ဟင်းချက်ဆီသည် ကျန်းမာရေးအတွက် အသင့်လျော်ဆုံးသောဆီကို ရွေးချယ်တတ်ဖို့လိုပါသည်။ အဆီထုတ်ယူသည့် အခြေခံပစ္စည်းပေါ်မူတည်၍ ရရှိလာသော စားသုံးဆီ သည် ပြည့်ဝဆီ (Saturated fat) နှင့် မပြည့်ဝဆီ (Unsaturated fat) ဟူ၍ ကွဲပြားသွားသည်။ ၎င်းနှစ်မျိုးအနက် မပြည့်ဝဆီကသာ လူသားတို့ ကျန်းမာရေးအတွက် အထောက်အပံ့ဖြစ်စေပါ သည်။
ဖွဲနုဆီ၏ အားသာချက်များ
Unsaturated fat အမျိုးအစားများစွာရှိရာ လူသိနည်းသော ဖွဲနုဆီ (Rice Bran Oil) အကြောင်း ကို ဖော်ပြပေးလိုပါသည်။ ဖွဲနုဆီ၏ အားသာချက် များမှာ အရသာနှင့်အနံ့ မရှိခြင်းဖြစ်သည်။ ဖွဲနုဆီ သည် ဆန်၏အပြင်ဘက်ဆုံး အစိတ်အပိုင်းဖြစ်သဖြင့် Brown Husk မှ ထုတ်ယူထားသော ဆီတစ်မျိုး ဖြစ်ရာ အခြားစားသုံးဆီများကဲ့သို့ အနံ့နှင့်အရသာ ကို ဖွဲနုဆီ၌ မတွေ့ရှိနိုင်ပေ။ ထို့ကြောင့် ဖွဲနုဆီကို အသုံးပြု၍ ဟင်းလျာများ ချက်ပြုတ်ကြော်လှော်ခြင်း ဖြင့် မူလဟင်း၏အနံ့နှင့် အရသာတို့ကို ဆီကြောင့် မပျက်ယွင်း မပြောင်းလဲနိုင်ပေ။ ထို့ပြင် ဖွဲနုဆီ၏ သဘောသဘာဝအရ အခြားဆီများကဲ့သို့ စေးကပ် ပျစ်နှစ်ခြင်း မရှိပေ။ ထိုအားသာချက်အဖြစ် ဆီစား ပြီးနောက် လည်ချောင်းထဲ ဆီကပ်နေခြင်း မခံစားရ တော့ပေ။ တစ်နည်းဆိုသော် ဖွဲနုဆီဖြင့် ကြော်လှော် ထားသောအစားအစာမှာ ဆီများစိမ့်ဝင်ပါဝင်မှု နည်းသည့်အတွက် လူတို့အစာအိမ်အတွင်း ဆီ ရောက်ရှိမှုကို တစ်ဖက်တစ်လမ်းက လျော့နည်း စေပါသည်။ ထို့ကြောင့် ကျန်းမာရေးအတွက် ဘေးမဖြစ်စေတော့ပေ။
ဖွဲနုဆီ ထုတ်ယူခြင်း
ကမ္ဘာ့ဒေသအသီးသီးရှိ အပူပိုင်းဒေသများတွင် ဆန်ကို အဓိကထားစိုက်ပျိုးကြသည်။ အပူချိန်၂၀- ၄၀ ဒီဂရီစင်တီဂရိတ်မှ မြေဆွေးနှင့် ရွှံ့စေးတို့များပြား သည့်မြေဆီလွှာတွင် စပါးပွင့်ပါသည်။ စပါးဆိုသည် မှာ စပါးစေ့တစ်စေ့စီပါဝင်သော စပါးတစ်မျိုးဖြစ်ပြီး ၎င်းတွင် အလွှာများစွာရှိသည်။ ပထမအလွှာကို Husk ဟုခေါ်သည်။ စပါးခွံအောက်တွင် “ဖွဲနု” ရှိသည်။ ဖွဲနုတွင် စပါး၏ဆီပါဝင်မှု ၇၅ ရာခိုင်နှုန်း ကျော် ပါဝင်သည်။ အဆီနှင့် ဗီတာမင်ဓာတ်ပေါင်း စုများလည်း ကြွယ်ဝသည်။ ပထမဦးစွာ ဖွဲနုကို ဆီထုတ်သည့်တိုင်အောင် စည်အတွင်းပိုင်းဝက်အူ ကို ဖိထားသည့် ဖယ်ထုတ်စက်တွင် ထားရသည်။ ထိုအခါ ဖွဲနုကိတ် ခေါ် ဆီတစ်ဝက်တစ်ပျက်ဖြစ်နေ သော ဖွဲနုချပ်ကျန်ရစ်သည်။ ထို့နောက် ၎င်းဖွဲနုကိတ် တွင် ကျန်ရှိသော ဆီမှန်သမျှကို Hexane ခေါ် ဖျော်ရည်တစ်မျိုးကို အသုံးပြု၍ ထုတ်ယူကြသည်။ ယင်းထုတ်ယူထားသောဆီသည် စားသုံးရန် အဆင်သင့်ဖြစ်သည်အထိ စစ်ထုတ်ခြင်းနှင့် ဖြတ်တောက်ခြင်းတို့ကို လုပ်ဆောင်သည်။ ဤနည်းအားဖြင့် ဖွဲနုသည် Expeller Pressing နှင့် Solvent Extraction လုပ်ငန်းစဉ်များအောက် သိပ္ပံ နည်းကျဖြတ်သန်းပြီးသောအခါ နောက်ဆုံး၌စားသုံး နိုင်သော “ဖွဲနုဆီ” ရရှိပါသည်။
အာဟာရဆိုင်ရာ အချက်အလက်များ
ဟင်းချက်ဆီသည် ကျန်းမာရေးကို ထိန်းညှိရာ၌ အဓိကအခန်းကဏ္ဍမှပါဝင်သည်။ မိမိရွေးချယ်လိုက် သော စားသုံးဆီက ကိုလက်စထရောအဆင့်၊ ဇီဝ ဖြစ်ပျက်ပြောင်းလဲမှုဖြစ်စဉ်၊ ရောင်ရမ်းမှုပြဿနာ၊ နှလုံးသွေးကြောရောဂါတို့နှင့် တိုက်ရိုက်ဆက်နွှယ် နေပါသည်။ ကမ္ဘာကြီး တိုးတက်ခေတ်မီလာသည့် အလျောက် ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးပြီးနိုင်ငံများမှ လူသား အများစုသည် ကျန်းမာရေးအသိအမြင်ရှိလာကြကာ စားသုံးဆီနှင့်ပတ်သက်၍ ချက်ပြုတ်ရန် ရွေးချယ် သည့်ဆီများအကြောင်းကို သတိထားမိလာကြ သည်။ ထိုအခါ မပြည့်ဝဆီအမျိုးအစားတစ်ခု ဖြစ်သော ဖွဲနုဆီ၏ အာဟာရဆိုင်ရာ အချက်အလက် များ(Nutrition Facts) ကို လေ့လာကြည့်ရာ ၁၃ ဂရမ် အလေးချိန်ရှိသော ဖွဲနုဆီတွင် အဆီပါဝင်မှု ရာနှုန်းပြည့်၊ ကယ်လိုရီ ၁၂၀၊ ဗီတာမင် ကေ ၃ ဒသမ ၃ မိုက်ခရိုဂရမ်၊ ဗီတာမင်အီး ၄ ဒသမ ၄ မီလီဂရမ်၊ Phytosterols ၁၆၁ မီလီဂရမ် စသည်တို့ အသီးသီး ပါဝင်နေကြောင်း တွေ့ရသည်။ ထို့ပြင် လူကို ကောင်းကျိုးမပြုသော သကြားနှင့် ဆိုဒီယမ်တို့ လုံးဝမပါရှိပေ။ ထို့ကြောင့် ဖွဲနုဆီကို စားသုံးကြရန် ကျန်းမာရေးသုတေသီများက တိုက်တွန်းထားကြ ပါသည်။
ဖွဲနုဆီကို စားသုံးခြင်းဖြင့် ရရှိနိုင်သော ကျန်းမာရေးအကျိုးကျေးဇူးများ
ဖွဲနုဆီကို စားသင့်သော အဓိကအချက်မှာ သဘာဝအစွမ်းထက် Anti-oxidants များစွာပါဝင် ပြီး အထူးသဖြင့် Oryzanol ပါဝင်မှုကြောင့်ဖြစ်ပါ သည်။ Oryzanol ဆိုသည်မှာ ဆန်နှင့် ဆန်မှရသော ဖွဲနု တစ်မျိုးတည်းတွင်သာ ပါဝင်သည့် အစွမ်းထက် သဘာဝ Powerful Natural Anti-oxidant တစ်မျိုး ဖြစ်ပါသည်။ အထူးသဖြင့် ဆန်မှာသာ ရရှိနိုင်သော Oryzanol က အမျိုးသမီးများအတွက် ဟော်မုန်း ဆိုင်ရာရောဂါများကို ကာကွယ်စေနိုင်ပြီး သွေးဆုံး ကိုင်ဝေဒနာကို လျော့ပါးသက်သာစေပါသည်။ ထို့ပြင် Anti-oxidants များ စားသုံးခြင်းဖြင့် ကုသ ရန်ခက်ခဲသော ကင်ဆာရောဂါများ ဖြစ်နိုင်ခြေမှ ကာကွယ်ထားနိုင်ပါသည်။ အထူးသဖြင့် အူမကြီး ကင်ဆာ၊ ရင်သားကင်ဆာနှင့် ဆီးကျိတ်ကင်ဆာတို့ ၏ ကင်ဆာဆဲလ်များ ပွားများခြင်းကို တားဆီးပေး နိုင်ပါသည်။
အရွယ်တင်နုပျိုစေခြင်း၊ အသားအရေစိုပြည် ချောမွေ့စေခြင်းဖြင့် ကောင်းကျိုးပြုပါသည်။ ထို့ပြင် အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းမှလည်း ကာကွယ် နိုင်ပါသည်။ သွေးထဲရှိမကောင်းသော ကိုလက်စထ ရောLDL များကို လျှော့ချပေးပြီး ကျန်းမာရေးအတွက် ကောင်းသော ကိုလက်စထရော HDL များကို တိုးပွားစေပါသည်။ နှလုံးရောဂါရှိသူများ၊ သွေးတိုး ရောဂါရှိသူများ၊ ခန္ဓာကိုယ်အဝလွန်ရောဂါများ၊ အသည်းအဆီဖုံးရောဂါရှိသူများအတွက်ကိုလည်း ဖွဲနုဆီကို စားပေးခြင်းက အထူးသင့်လျော်ပါသည်။
ထို့ပြင် ဖွဲနုဆီကို စားသုံးပေးခြင်းဖြင့် အောက် ဖော်ပြပါ ကျန်းမာရေးအကျိုးကျေးဇူးများစွာကို ခံစားရရှိနိုင်ပါမည်။
* ဖွဲနုဆီထဲတွင် ကောင်းသောအဆီများ ဖြစ်ကြသည့် Monounsaturated Fatty Acid (MUFA)နှင့် Polyunsaturated Fatty Acid (PUFA) တို့ ပါဝင်နေကြသည်။၎င်းအဆီ များက သွေးတိုးရောဂါ၊ နှလုံးသွေးကြောကျဉ်း ရောဂါ၊ ဆီးချိုရောဂါ၊ လေဖြတ်လေငန်းရောဂါ စသည့် နာတာရှည်ရောဂါများ ဖြစ်ပွားနှုန်းကို လျှော့ချပေးနိုင်သည်။
* ဖွဲနုဆီထဲရှိ အော်ရီဇန်နော (Oryzanol) ခေါ် အာဟာရဓာတ်တစ်မျိုးက ဓာတ်တိုး ဆန့်ကျင်သတ္တိရှိသည့်အတွက်၊ အဆီဓာတ် များ ခန္ဓာကိုယ်ထဲမှာ ဓာတ်တိုးခြင်းကို ကာကွယ်ပေးသည့်အတွက် ကိုလက်စထရော ကျစေပါသည်။ ထိုဖြစ်စဉ်က နှလုံးကျန်းမာ ရေးအတွက် အထောက်အပံ့ဖြစ်စေကာ အထူးသဖြင့် နှလုံးသွေးကြောကျဉ်းရောဂါကို ကာကွယ်ပေးနိုင်ပါသည်။
P ဆီကြော်အစားအစာများ ကြော်စားသည့် အခါ အသုံးပြုသည့် တချို့ဆီများက oxidation (ဓာတ်တိုးခြင်း) ဖြစ်ပြီးနောက် ပြောင်းလဲဆီ(Trans Fat)အနေဖြင့် ပြောင်းလဲ သွားပြီး စားသုံးသူကို ဘေးဖြစ်စေသည်။ သို့သော် ဖွဲနုဆီက အပူချိန်ကို ၃၅၄ ဒီဂရီစင်တီဂရိတ်အထိ ခံနိုင်သည့်အတွက် အခြားပြည့်ဝဆီများကို အသုံးပြုမည့်အစား ဖွဲနုဆီဖြင့် ကြော်လှော်စားပါက ကျန်းမာရေး ပြဿနာ လျော့ပါးသက်သာစေပါသည်။ (မှတ်ချက် မည်သည့်ဆီမျိုးကိုမဆို ဆီကြော် အစားအစာအဖြစ် အမြဲမကြော်လှော်သင့်ပေ)
* ဓာတ်တိုးဆန့်ကျင် သတ္တိရှိသော ဗီတာမင် တစ်မျိုးဖြစ်သည့် ဗီတာမင်အီးပါဝင်နေသဖြင့် ဖွဲနုဆီက ကင်ဆာရောဂါများကို ကာကွယ်ပေး သည့်အပြင် ကိုယ်ခံစွမ်းအားကိုပါ မြှင့်တင် ပေးပါသည်။
* ဖွဲနုဆီမှာ အထက်ဖော်ပြပါ ဓာတ်တိုးဆန့်ကျင် သတ္တိများ မြောက်မြားစွာပါဝင်သည့်အတွက် Basal Metabolic Rate (BMR) ခေါ် တစ်နေ့ တာ ဇီဝကမ္မဖြစ်စဉ်အတွက် လိုအပ်သော ကယ်လိုရီပမာဏများ မြင့်တက်လာမှုကို မျှခြေဖြစ်စေနိုင်ပါသည်။ ထို့ကြောင့် ကိုယ် အလေးချိန် ထိန်းသိမ်းလိုသူများအတွက် ဖွဲနုဆီက အသုံးဝင်ပါသည်။
* Squalene ဆိုသော ဓာတ်တစ်မျိုးကို ဖွဲနုဆီ တွင် တွေ့ရသည်။ ထိုဓာတ်က အသားအရေ ကို နူးညံ့ချောမွေ့စေသည်။ ထို့ပြင် အရေပြား ရောင်ရမ်းခြင်းကို သက်သာစေပါသည်။
* ကိုလက်စထရော (Cholestrol)နှင့် Trans Fatty Acid လုံးဝမပါဝင်ဘဲ ဆီစေးပျစ်နှုန်း နည်းပါးသောကြောင့် ကြော်စားလျှင် အစား အစာတွင် ဆီများစွာပါမသွားနိုင်သဖြင့် နှလုံး ရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ လေဖြတ်လေငန်းရောဂါ၊ အသည်းအဆီဖုံး ရောဂါနှင့် အဝလွန်သူများအတွက် အသင့် လျော်ဆုံးသောဆီ ဖြစ်သည်။
ဖွဲနုဆီနှင့် လှပမှုရေးရာ
* ဖွဲနုဆီတွင် အိုမီဂါ-၃ နှင့် အိုမီဂါ-၆ ဖက်တီး အက်စစ်များ မြင့်မားစွာ ပါဝင်ခြင်းကြောင့် ၎င်းသည် ဆံကေသာကို အထူးကောင်းမွန် သော လိမ်းဆေးတစ်ခုဖြစ်လာစေပါသည်။ ခေါင်းမလျှော်ခင် ဦးရေပြားနှင့် ဆံသားအနှံ့ ကို ဖွဲနုဆီဖြင့် နှိပ်နယ်ပေးပါက ဆံပင်ကျွတ် ခြင်းမှ သက်သာစေကာ ဆံကေသာ ထူစေပါ သည်။
* ဖွဲနုဆီက အရေပြားထိန်းသိမ်းမှုအတွက် လွန်စွာအကျိုးပြုပါသည်။ ခရမ်းလွန် ရောင်ခြည်မှ ကာကွယ်ပေးခြင်းနှင့် လေထု ညစ်ညမ်းမှုကြောင့် အသားအရေညစ်ထေး ခြင်းမှ ကာကွယ်ပေးပါသည်။ နေလောင်ကာ ကရင်မ်အဖြစ် အိမ်ပြင်မထွက်ခင် ဖွဲနုဆီကို ခန္ဓာကိုယ်အနှံ့ လိမ်းနိုင်ပါသည်။
* ဖွဲနုဆီကို မိတ်ကပ်ဖျက်ဆေးအနေဖြင့်လည်း သုံးနိုင်ပါသည်။ ရလဒ်အနေဖြင့် အသား အရေ ပိုမိုနူးညံ့ပျော့ပျောင်းစေပါသည်။
* အရေပြားပေါ်တွင် ပုံမှန်လိမ်းပေးခြင်းဖြင့် သွေးလည်ပတ်မှုကို အားကောင်းစေကာ အသားအရေကို ကြည်လင်စေပြီး မျက်ရည် အိတ်ဖောင်းခြင်းနှင့် မျက်နှာပေါ်မှ အမည်း စက်ပြောက်များကိုပင် ကာကွယ်ပေးပါ သည်။ ကော်လာဂျင်ထုတ်လုပ်မှုကို မြှင့်တင် ပေးပြီး ချွေးပေါက်များ ကျဉ်းစေသည်။ အရေးအကြောင်းများကို လျော့ပါးသက်သာ စေပါသည်။
* ဖွဲနုဆီက ကနဦးအဆင့် ဆံပင်ဖြူခြင်းကို ကာကွယ်ပေးပါသည်။
* ဖွဲနုဆီဖြင့် အရေပြားပေါ်တွင် နှိပ်နယ်ပေး ခြင်းက ရောင်ရမ်းနေသော သို့မဟုတ် ဒဏ်ရာရှိသော အသားအရေကို သက်သာစေ နိုင်သည်။ ထို့ပြင် နှင်းခူနှင့် အရေပြား ရောင်ရမ်းခြင်းကဲ့သို့သော အရေပြားအခြေ အနေများကို သက်သာစေသည်။
P ဖွဲနုဆီထဲတွင် ဂမ်မာ - အော်ရီဇန်နောနှင့် ဗီတာမင်အီးပမာဏ များသောကြောင့် နှုတ်ခမ်းကို အစိုဓာတ်ထိန်းပေးခြင်း၊ လက်သည်းဆိုးဆေးများ၏ ပျံ့နှံ့မှုကိုလည်း ထိန်းညှိရာမှာ အထောက်အကူပြုပါသည်။ အရေပြားခရင်မ်၊ ဆပ်ပြာများ၊ နေကာခရင်မ် များနှင့် နှုတ်ခမ်းနီများပြုလုပ်ရာမှာ ဖွဲနုဆီ ကို ထည့်သွင်းဖော်စပ်ကြကြောင်း လေ့လာ သိရပါသည်။
(သတိပြုရန်) ဖွဲနုဆီသည် ဘေးကင်းသော ထုတ်ကုန်တစ်ခုဖြစ်ပြီး လူတိုင်းစားသုံးနိုင်ပါသည်။ သို့သော် အချို့လူများက ၎င်းကိုစားသုံးပြီးနောက် ဓာတ်မတည့်မှုများနှင့် သီးခြားတုံ့ပြန်မှုများခံစားရ တတ်သည်။ မွေးရာပါ ဖွဲနုနှင့်ဓာတ်မတည့်သူများ တွင် ဖွဲနုမှာပါသော အမျှင်ဓာတ်က အစာခြေ လမ်းကြောင်းကို ပိတ်ဆို့စေပြီး မအီမသာဖြစ်စေ တတ်သည်။ ဖွဲနုဆီလွန်ကဲစွာစားသုံးခြင်းက ပိုလျှံ သော ဖက်တီးအက်စစ်များ ဖြစ်ပေါ်စေနိုင်၍ ရလဒ်အနေဖြင့် ကိုယ်အလေးချိန်တိုးလာနိုင် ပါသည်။
အချုပ်အားဖြင့်ဆိုသော် လောကသဘာဝအရ အကောင်း၊ အဆိုး ဒွန်တွဲလျက်ရှိနေသော်လည်း ဖွဲနုဆီက ကျန်းမာရေးအတွက် ကောင်းကျိုးပြုရာ၌ အားသာချက် အလွန်များပါသည်။ ခန္ဓာကိုယ်အတွက် သင့်လျော်သည့် အကောင်းဆုံးဆီ ရွေးချယ်ခြင်းက လည်း မိမိတို့ကျန်းမာရေးအတွက် အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်ပါသည်။ ထို့ကြောင့် အားသာ ချက်များသော ဖွဲနုဆီကို ဦးစားပေးရွေးချယ်နိုင် ကြပါစေကြောင်း အကြံပြုရေးသားလိုက်ရ ပါသည်။ ။
- Log in to post comments