
နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များသည် မိမိတို့နိုင်ငံ၏ နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင်
များစွာသက်ရောက်မှုရှိသဖြင့် နိုင်ငံတကာဆက်ဆံရေးနှင့်ပတ်သက်၍ အလေးထားဆောင်ရွက်
နေပြည်တော် မတ် ၁၀
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံခြားရေးရာမူဝါဒကော်မတီ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၂) ကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေး ခန်းမ၌ကျင်းပရာ နိုင်ငံခြားရေးရာမူဝါဒကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဦးသိန်းညွန့်၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးဝဏ္ဏမောင်လွင်၊ ဦးကိုကိုလှိုင်၊ ဒေါက်တာ သီတာဦး၊ ဦးခင်ရီ၊ ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးကျော်မျိုးထွဋ်၊ ဒေါ်သန်းသန်းလင်း၊ ဦးသန်းအောင် ကျော်နှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
ဘက်မလိုက်အုပ်စုတွင်လည်း ပါဝင်ခဲ့
ဦးစွာ နိုင်ငံခြားရေးရာမူဝါဒကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်က နိုင်ငံတကာဆက်ဆံရေးနှင့် ပတ်သက်၍ မိမိတို့နိုင်ငံသည် လွတ်လပ်သည့်နိုင်ငံ တစ်ခုဖြစ်ပြီး အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခု ဖြစ်သောကြောင့် နိုင်ငံတကာဆက်ဆံရေးသည် အရေးကြီးကြောင်း၊ နိုင်ငံတော်၏ နိုင်ငံခြားရေး မူဝါဒများနှင့်ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၄၁ တွင် လွတ်လပ်ပြီးတက်ကြွသည့် နိုင်ငံခြားရေးမူဝါဒကိုကျင့်သုံးသည်၊ ကမ္ဘာ့ငြိမ်းချမ်း ရေးနှင့် နိုင်ငံအချင်းချင်းမိတ်ဝတ်မပျက် ပေါင်းဖက် ဆက်ဆံရေးကိုရှေးရှုသည်၊ နိုင်ငံအချင်းချင်း ငြိမ်းချမ်း စွာ အတူယှဉ်တွဲနေထိုင်ရေးမူများကို စောင့်ထိန်း သည်ဟု ပါရှိပြီးဖြစ်ပြီး အဆိုပါမူဝါဒအတိုင်း ရပ်တည် ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတကာဆက်ဆံ ရေးနှင့်ပတ်သက်၍ ယခင်က ကြားနေနိုင်ငံအဖြစ် ရပ်တည်ခဲ့ပြီး လွတ်လပ်ပြီး တက်ကြွသည့် နိုင်ငံခြား ရေးမူဝါဒဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ ဘက်မလိုက် အုပ်စုတွင်လည်း ပါဝင်ခဲ့ကြောင်း၊ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံအနေဖြင့် နိုင်ငံတကာဆက်ဆံရေးတွင် အမြင့်ဆုံးပါဝင်ခဲ့သည်များရှိကြောင်း။
အဓိကတာဝန်ယူဆောင်ရွက်
ဒေသတွင်း နိုင်ငံတကာဆက်ဆံရေးအနေဖြင့် ၁၉၉၇ ခုနှစ်တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် စတင်ရောက်ရှိခဲ့ကြောင်း၊ အိမ်နီးနားချင်း ၅ နိုင်ငံ နှင့်လည်း နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်သည် များလည်းရှိကြောင်း၊ နယ်နိမိတ်ချင်းထိစပ်လျက် ရှိပြီးရွေးချယ်ခွင့်မရှိသည့် အိမ်နီးချင်းနိုင်ငံများဖြစ် ခြင်းကြောင့် နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်ရန် လိုအပ်ပြီး လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက် ရန် လိုအပ်ကြောင်း၊ ထိုသို့ဆက်ဆံဆောင်ရွက်ရာ တွင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၄၁ တွင် ပြဋ္ဌာန်းထားသည့် နိုင်ငံတော်၏ နိုင်ငံခြားရေးအခြေခံမူများအတိုင်း အကောင်းဆုံး ဖြစ်အောင် ဆက်ဆံဆောင်ရွက်လျက်ရှိကြောင်း၊ ကုလသမဂ္ဂတွင် မြန်မာကိုယ်စားလှယ်အဖွဲ့ရုံး ရှိသကဲ့သို့ နိုင်ငံတကာတွင်လည်း သံအမတ်ကြီးများ ခန့်အပ်၍ ဆောင်ရွက်လျက်ရှိပြီး နိုင်ငံခြားရေးဝန်ကြီး ဌာနမှ နိုင်ငံတကာဆက်ဆံရေးနှင့် ပတ်သက်၍ အဓိကတာဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များ သည် မိမိတို့နိုင်ငံ၏ နိုင်ငံတကာဆက်ဆံရေး နယ်ပယ်တွင် များစွာသက်ရောက်မှုရှိသဖြင့် နိုင်ငံ တကာဆက်ဆံရေးနှင့် ပတ်သက်၍ အလေးထား ဆောင်ရွက်ကြရန်လိုကြောင်း။
အားလုံးဝိုင်းဝန်းကြိုးပမ်း
မိမိတို့နိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံးတွင် ဂမ်ဘီယာနိုင်ငံ၏ တရားစွဲဆိုမှု နှင့်ပတ်သက်၍လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ပတ်သက်သည့် အိမ်နီးနားချင်း နိုင်ငံ ဆက်ဆံရေးမှစတင်ခဲ့ခြင်းဖြစ်ကြောင်း၊ ကိုလိုနီ ခေတ်တွင် စတင်ခဲ့သည့် ပြဿနာတစ်ရပ်ဖြစ်ပြီး အဆိုပါလူဝင်မှုပြဿနာများမှ ယခုအခါ အဆိုပါ တရားစွဲဆိုမှု ပြဿနာအထိ ရောက်ရှိခဲ့ခြင်းဖြစ် ကြောင်း၊ ယခုတရားစွဲဆိုသည့် ဂမ်ဘီယာနိုင်ငံ အနေဖြင့်လည်း မိမိတို့နိုင်ငံနှင့် တိုက်ရိုက်ထိတွေ့ သည့် နိုင်ငံတစ်ခုမဟုတ်ဘဲ ကိုယ်စားလှယ်အနေဖြင့် ဝင်ရောက်ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ အဆိုပါတရားစွဲဆိုမှုနှင့် ပတ်သက်၍ ဥပဒေပိုင်း ဆိုင်ရာများတွင် ခိုင်ခိုင်မာမာဖြင့် ဆောင်ရွက်နိုင်ရန် တာဝန်ရှိသူများအားလုံး ကြိုးပမ်းဆောင်ရွက်ခဲ့ ကြောင်း၊ မမှန်ကန်သည့် စွပ်စွဲချက်များဖြင့် မိမိတို့ နိုင်ငံ၏ ဂုဏ်သိက္ခာကျဆင်းစေရန်နှင့် တပ်မတော် ကို ထိခိုက်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း၊ တပ်မတော်သည်နိုင်ငံတော်ကို ကာကွယ် ရန်၊ ပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို ကာကွယ်ရန်ဖြစ်ကြောင်း၊ ၁၉၄၈ ခုနှစ် မတိုင်မီက ဖြစ်စဉ်များတွင် မိမိတို့နိုင်ငံသည် လွတ်လပ်ရေး မရရှိသေးဘဲ အုပ်ချုပ်ခံ လူတန်းစားအနေဖြင့်သာ ရှိခဲ့သဖြင့် အဆိုပါအချိန်က အုပ်ချုပ်သူများ၏ အလိုကျ ဆောင်ရွက်ခဲ့မှုများကြောင့် ပြည်သူလူထုနှင့် တိုင်းပြည်က နစ်နာခဲ့ရကြောင်း၊ အလားတူလွတ်လပ် ရေးရပြီးစတွင်လည်း အင်အားနည်းသည့် နိုင်ငံကို အင်အားကြီးမားသည့် နိုင်ငံများက မျိုးစုံခြိမ်းခြောက် ဖိအားပေးခဲ့သည်များလည်း ရှိခဲ့ကြောင်း၊ ထို့ကြောင့် မိမိတို့ နိုင်ငံအင်အားရှိရန်အတွက် အားလုံးဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ယခုကဲ့သို့ အပြည်ပြည်ဆိုင်ရာတရားရုံးတွင် သွားရောက်ရင်ဆိုင် ချိန်တွင်လည်း အင်အားကိုရအောင်တည်ဆောက် ၍ ဆောင်ရွက်ခဲ့ရကြောင်း၊ အပြည်ပြည်ဆိုင်ရာ တရားရုံးတွင် မြန်မာနိုင်ငံကို ကိုယ်စားပြု၍ ပြန်လည်ရှင်းလင်းပြောဆိုမှုများသည် နိုင်ငံအတွက် အားများစွာ ဖြစ်စေသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် တာဝန်ရှိသူများကိုလည်း ချီးကျူးဂုဏ်ပြု ပါကြောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ လုပ်ဆောင်မှု သည် နိုင်ငံတကာဆက်ဆံရေး၏ ပင်မအလုပ်ဖြစ် သဖြင့် လုပ်ငန်းများကို အောင်မြင်အောင် ဆောင် ရွက်နိုင်ခြင်းဖြင့် မိမိတို့၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍသည် ပိုမိုခိုင်မာမှုရှိစေမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ မြန်မာနိုင်ငံက တင်သွင်းခဲ့သော ကနဦး ကန့်ကွက်လွှာဆိုင်ရာ ကြားနာပွဲသို့ တက်ရောက်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလှိုင်နှင့် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦးတို့က အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် ဥပဒေကြောင်းအရ တင်ပြ လျှောက်လဲခဲ့ခြင်းနှင့်စပ်လျဉ်း၍ အသေးစိတ် ရှင်းလင်းတင်ပြကြပြီး ကောင်စီအဖွဲ့ဝင် ဦးသိန်းညွန့် က ဖြည့်စွက်ဆွေးနွေးသည်။
ယင်းနောက် ကော်မတီအတွင်းရေးမှူး နိုင်ငံခြား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏ မောင်လွင်က နိုင်ငံခြားရေးရာမူဝါဒပိုင်းဆိုင်ရာ ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် အဆုံးအဖြတ် ပေးရန် ကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။
အမှာစာများကို အသီးသီးရှင်းလင်းတင်ပြ
ထို့နောက် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ကော်မတီတွဲဖက်အတွင်းရေးမှူး တို့က အမှာစာများကို အသီးသီး ရှင်းလင်းတင်ပြကြပြီး နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ရုရှား-ယူကရိန်း ပဋိပက္ခနှင့်ပတ်သက်၍ သုံးသပ် ဆွေးနွေးတင်ပြသည်။
ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကား ပြောကြားရာတွင် မိမိတို့နိုင်ငံအတွက် International Law နှင့်ပတ်သက်၍ လူသားအရင်းအမြစ်များမွေးထုတ်ပေးရန်လိုအပ်မှု၊ ဂမ်ဘီယာကိစ္စနှင့် ပတ်သက် ၍ အပြည်ပြည်ဆိုင်ရာတရားရုံးမှ မည်ကဲ့သို့ဆုံးဖြတ် သည်ဖြစ်စေ မိမိတို့အနေဖြင့် ကြိုတင်ပြင်ဆင် အရေးယူဆောင်ရွက်ရန် လိုအပ်မှု၊ နိုင်ငံတကာ ကိစ္စရပ်များတွင် မိမိတို့၏ နိုင်ငံခြားရေးမူဝါဒအတိုင်း ကျင့်သုံးဆောင်ရွက်သွားမည့် အခြေအနေများနှင့် အခြားလိုအပ်သည်များကို ဆွေးနွေးမှာကြားခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်