
နေပြည်တော် မတ် ၈
ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာ ထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိ သည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ကချင် ပြည်နယ် မြစ်ကြီးနားမြို့နယ်ရှိ သာသနာ့ရောင်ခြည် မြို့ဦးစာသင်တိုက်သို့လည်းကောင်း၊ ကရင်ပြည်နယ် ဘားအံမြို့နယ်ရှိ ဆေးဝင်္ကဘာပရိယတ္တိစာသင်တိုက် သို့လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်ရှိ ဗုဒ္ဓါနုဿတိစာသင်တိုက် သို့လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်း မြို့နယ်ရှိ အသောကာရုံကျောင်းတိုက်သို့ လည်း ကောင်း၊ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ရှိ ဓမ္မနန္ဒီ စာသင်တိုက်သို့ လည်းကောင်း၊ ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ်ရှိ ထေရဝါဒဗုဒ္ဓသာသနာပြု ကျောင်းတိုက်သို့လည်းကောင်း ဆရာတော်၊ သံဃာ တော်များအတွက် ဆွမ်းဆန်တော်များကို တာဝန်ရှိသူ များက သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်