နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး စစ်ကိုင်းတိုင်းဒေသကြီးရှိ အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်တာဝန်ရှိသူများ၊ နယ်မြေခံတပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် မြို

မုံရွာ   မတ်   ၇


စစ်ကိုင်းတိုင်းဒေသကြီးသို့ ရောက်ရှိ နေကြသော  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်  ကာကွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး  ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်အဖွဲ့သည် ယနေ့ နံနက်ပိုင်း တွင်  မုံရွာမြို့ရှိ    နယ်မြေခံတပ်နယ် တပ်နယ်ခန်းမ၌    အရာရှိ၊  စစ်သည်၊ မိသားစုဝင်များကိုတွေ့ဆုံကာ   လိုအပ် သည်များမှာကြားပြီး စားသောက်ဖွယ်ရာ များ ပေးအပ်သည်။


ရင်းရင်းနှီးနှီးတွေ့ဆုံ


ထို့နောက်   ပြည်ထောင်စုဝန်ကြီး      ဗိုလ်ချုပ်ကြီး  မြထွန်းဦးနှင့်အဖွဲ့သည်  ကသာမြို့သို့  သွားရောက်၍ ကသာခရိုင် ရဲရိပ်သာ၌ ရပ်မိရပ်ဖများနှင့် ရင်းရင်း နှီးနှီးတွေ့ဆုံကာ အမှတ်တရ လက်‌ဆောင် ပစ္စည်းများပေးအပ်သည်။  ထို့နောက် ကသာမြို့တော်ခန်းမ၌     ကသာခရိုင်၊ မြို့နယ်အဆင့်      ဌာနဆိုင်ရာများနှင့် တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ် ကြီး  မြထွန်းဦးက အမှာစကားပြောကြား သည်။ 


ယင်းနောက် ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော် က နယ်မြေဒေသအခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး  စားသောက်ဖွယ်ရာများ ပေးအပ်ရာ ခရိုင်အဆင့်ဌာနဆိုင်ရာများကိုယ်စား ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်နှင့်   မြို့နယ်အဆင့်ဌာနဆိုင်ရာများ ကိုယ်စား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထက်ဝင်းတို့က လက်ခံ ရယူကြသည်။


ပေးအပ်


ထို့နောက် ကသာမြို့ရှိ နယ်မြေခံတပ်နယ်သို့ သွားရောက်၍ တပ်နယ် ခန်းမ၌ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များကိုတွေ့ဆုံကာ လိုအပ်သည် များ မှာကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်သည်။


လက်ခံရယူ


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် အဖွဲ့သည် မွန်းလွဲပိုင်းတွင် ရွှေဘိုမြို့သို့ ရောက်ရှိကာ ခရိုင်အထွေထွေ အုပ်ချုပ်ဦးစီးဌာန  စုပေါင်းခန်းမ၌   ရပ်မိရပ်ဖများနှင့်  ရင်းရင်းနှီးနှီး တွေ့ဆုံပြီး အမှတ်တရလက်‌ဆောင်ပစ္စည်းများ ပေးအပ်သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး  ဗိုလ်ချုပ်ကြီးမြထွန်းဦးက  ရွှေဘိုမြို့ မြို့တော် ခန်းမ၌ ရွှေဘိုခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်တွေ့ဆုံ၍ အမှာ စကားပြောကြားသည်။ ယင်းနောက် ရွှေဘိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးက  နယ်မြေဒေသအခြေအနေများကို  ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက     တင်ပြချက်များအပေါ်   ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက ခရိုင်၊ မြို့နယ် အဆင့်   ဌာနဆိုင်ရာများကို   စားသောက်ဖွယ်ရာများ  လက်ဆောင် ပေးအပ်ရာ ခရိုင်အဆင့်ဌာနဆိုင်ရာများကိုယ်စား ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများကိုယ်စား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းတို့က လက်ခံရယူကြကြောင်း သိရသည်။                                                              

   သတင်းစဉ်