
နေပြည်တော် မတ် ၇
မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (နေပြည်တော်-တပ်ကုန်း) တွင် နေပြည်တော် ဥတ္တရခရိုင် မီးသတ် ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာ ပေး ဟောပြောပွဲကို မတ် ၇ ရက် နံနက် ၁၀ နာရီက ပြုလုပ်သည်။
ကြိုတင်ကာကွယ်ရမည့်အချက်
ဟောပြောပွဲတွင် ခရိုင် မီးသတ်တပ်ဖွဲ့မှူး ဦးအောင် အောင်ထွန်းက မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရန် ကြိုတင်ကာကွယ် ရမည့်အချက်များ၊ မီးလောင်မှု အခြေခံသဘော တရား၊ မီးငြှိမ်း သတ်ခြင်း နည်းစနစ်များ၊ မီးသုံးစွဲ ရာတွင် လိုက်နာရမည့် စည်းကမ်း ချက်များ၊ အရေးပေါ်အခြေအနေ တွင် မီးလောင်မှုဖြစ်ပွားပါက မီးသတ်ဆေးဘူးများ စနစ်တကျ သုံးစွဲရေးနှင့် မီးဘေးလုံခြုံရေး ဆိုင်ရာ အသုံးအဆောင်ပစ္စည်းများ ထားရှိရေးတို့ကို ရှင်းလင်း ပြောကြားသည်။
ပါဝင်ဆွေးနွေး
ဆက်လက်၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဒုတိယညွှန်ကြား ရေးမှူးချုပ် (စီမံခန့်ခွဲရေး) ဦးဝင်းသူက ပါဝင်ဆွေးနွေးပြီး မီးသတ်ဦးစီးဌာနအား ကျေးဇူး တင်စကား ပြောကြားသည်။
ထို့နောက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ ပင်မအဆောက် အအုံရှေ့ရှိ မြက်ခင်းပြင်တွင် မီးသတ်သရုပ်ပြပွဲကို ကျင်းပရာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားရှိ ဌာနခွဲအသီးသီးမှ ဝန်ထမ်းများ တက်ရောက် ကြည့်ရှုလေ့လာကြသည်။
အသိပညာပေးဆောင်ရွက်
နေပြည်တော် မီးသတ်ဦးစီး ဌာနအနေဖြင့် ပြည်သူလူထု အသက်အိုးအိမ် စည်းစိမ်များ၊ နိုင်ငံတော်၏ ကုန်ထုတ်အရင်း အနှီးများ မီးဘေးအန္တရာယ် ကြောင့် ပျက်စီးဆုံးရှုံးမှု မဖြစ်ပေါ် စေရန် ရည်ရွယ်ကာ ရုံးဌာနများ၊ ကုမ္ပဏီများ၊ စက်ရုံ၊ အလုပ်ရုံများ၊ ဈေးများနှင့် ရပ်ကွက်/ကျေးရွာ များအလိုက် မီးဘေးကြိုတင် ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ MRTV ၏ မီးဘေးလုံခြုံရေးစီမံချက်နှင့်အညီ မီးသတ်ပညာပေးဟောပြော ခြင်းကိုလည်း နှစ်စဉ်ဖိတ်ခေါ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရ သည်။
သတင်းစဉ်