နွေစပါး အောင်ရေရရှိစေရေးကို အထူးကိစ္စရပ်တစ်ခုအနေဖြင့် ဆောင်ရွက်ကြရမည်

 

 

ပဲခူး   မတ်   ၇
ပူပြင်းခြောက်သွေ့သည့်    ရာသီဥတုသို့   ရောက်ရှိ လာပြီဖြစ်၍   မိုးသက်လေပြင်းကျခြင်း၊ မီးဘေး အန္တရာယ်နှင့်    ရေရှားပါးခြင်းစသော    သဘာဝ ဘေးအန္တရာယ်များ ကျရောက်နိုင်သဖြင့် ကြိုတင် ကာကွယ်ရေးလုပ်ငန်းများကို ပြင်ဆင်ဆောင်ရွက် ထားရမည်ဖြစ်ကြောင်း၊ ထို့အတူ နွေစပါးစိုက်ပျိုးရာသီရောက်ရှိနေပြီဖြစ်၍      နွေစပါးအောင်ရေရရှိ စေရေးကို  အထူးကိစ္စရပ်တစ်ခုအနေဖြင့် ဆောင် ရွက်ကြရမည်ဖြစ်ကြောင်း       ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကပြောကြားသည်။
ယနေ့    နံနက်ပိုင်းတွင်     ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ Online Zoom Meeting System  ဖြင့် ကျင်းပသည့်   ခရိုင်၊    မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ   လုပ်ငန်း ညှိနှိုင်းအစည်းအဝေး  (၂/၂၀၂၂)  တွင် ပြောကြား ခဲ့ခြင်းဖြစ်သည်။ 
  ကြိုတင်စီစဉ်ထားရမည်
ဆက်လက်၍   တိုင်းဒေသကြီး  ဝန်ကြီးချုပ်က  ဆီထွက်သီးနှံ နေကြာစိုက်ပျိုးနိုင်ရေး မြို့နယ်အလိုက် ကိုင်းမြေများ၊ မြေနုကျွန်းမြေများ ရှာဖွေဖော်ထုတ်၍ တစ်ကွင်းတစ်ဆက်တည်း စိုက်ပျိုးနိုင်ရေး ဆောင် ရွက်ကြရမည်ဖြစ်ကြောင်း၊ နေကြာစိုက်တောင်သူများ  အတွက် သွင်းအားစုသဘာဝမြေဩဇာ၊ မျိုးကောင်း မျိုးသန့်နှင့်     စိုက်နည်းစနစ်များအား    ထောက်ပံ့ ပေးနိုင်ရေး    ကြိုတင်စီစဉ်ထားရမည်ဖြစ်ကြောင်း၊  လုံခြုံရေးနှင့်ပတ်သက်၍ လုံခြုံရေးအသိ၊ လုံခြုံရေး  သတိဖြင့်    ဆောင်ရွက်ကြရမည်      ဖြစ်ကြောင်း ပြောကြားသည်။
ဖြည့်စွက်မှာကြား
 ထို့နောက် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌများက အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေး ဆောင် ရွက်နေမှုများနှင့်စပ်လျဉ်း၍  ပါဝါပွိုင့်ဖြင့် ရှင်းလင်း တင်ပြကြရာ     တိုင်းဒေသကြီး    ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဖြည့်စွက်အကြံပြု တင်ပြကြပြီး တိုင်းဒေသကြီး   ဝန်ကြီးချုပ်က  လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။  သတင်းစဉ်