
နေပြည်တော် မတ် ၆
(၇၇) နှစ်မြောက် တပ်မတော်နေ့ ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး ဖျာပုံ ခရိုင် ဒေးဒရဲမြို့နယ်တွင် ဆောက် လုပ်ရေးဝန်ကြီးဌာန ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင် ရွက်သော ဒေးဒရဲ-တော်ကမယ်-ကျုံကြပ် - သာယာကုန်း - သံဒီ ဇီးဖြူကုန်း ကွန်ကရစ်လမ်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် အဆိုပါလမ်းအပိုင်းရှိ မုခ်ဦးရှေ့၌ ကျင်းပသည်။
အဆိုပါ အခမ်းအနားသို့ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ စစ်ဘက်/နယ်ဘက်မှ အရာရှိကြီး များ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိ ရပ်ဖများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ဒေသခံ ပြည်သူများ၊ ဘင်ခရာအဖွဲ့၊ တိုင်းရင်းသားရိုးရာ အကအဖွဲ့များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည် ထောင်စုဝန်ကြီး ဦးရွှေလေးက မြန်မာနိုင်ငံရှိ လူဦးရေ ၇၀ ရာခိုင် နှုန်းသည် ကျေးလက်ဒေသများ တွင် နေထိုင်ကြသည့်အတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးနှင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရေးသည် အရေးကြီး သည့် အခန်းကဏ္ဍတွင် များစွာ ပါဝင်ပါကြောင်း။
ဧရာဝတီတိုင်းဒေသကြီးသည် မြစ်ချောင်းအင်းအိုင် ပေါများ သည့်အတွက် ကျေးလက်လမ်း များကို ကွန်ရက်သဖွယ် ဖောက် လုပ်ထားသော လမ်းမိုင်ပေါင်း ၄၀၀၀ ကျော်နှင့် တံတားအစင်း ပေါင်း ၂၀၀၀ ကျော်ကို တည် ဆောက်ထားပြီး နောက်ထပ် လည်း လမ်းနှင့် တံတားများကို ထပ်မံ တည်ဆောက်သွားမည် ဖြစ်ပါကြောင်း။
ယခုဖွင့်လှစ်သည့် ဒေးဒရဲ-တော်ကမယ်-ကျုံကြပ်-သာယာ ကုန်း-သံဒီဇီးဖြူကုန်း ကွန်ကရစ် လမ်းသည် ဧရာဝတီတိုင်းဒေသ ကြီးအတွင်းရှိ ပင်လယ် ထွက်ပေါက်ဖြစ်သည့် မဟာ ဗျူဟာကျ လမ်းတစ်လမ်း ဖြစ်ပါကြောင်း၊ ယခုလမ်းသည် အရှည် ၁၄ မိုင် ၆ ဖာလုံ ရှည်လျားပြီး ၎င်းလမ်းပေါ်တွင် တံတား ခုနစ်စင်း ဆောင်ရွက်ရ မည်ဖြစ်ပါကြောင်း၊ ဆောက်လုပ် ရေးဝန်ကြီးဌာန ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ ဘဏ္ဍာရေး နှစ်အလိုက် ရန်ပုံငွေရရှိမှုပေါ် မူတည်၍ ဆောင်ရွက်ခဲ့ရာ ယခု အခါ ၁၄ ပေအကျယ် ကွန်ကရစ် လမ်း ၄ မိုင် ၂ ဖာလုံနှင့် အရှည် ပေ ၄၀ တံတားနှစ်စင်း၊ အရှည် ပေ ၁၅၀ တံတားတစ်စင်း၊ စုစု ပေါင်း တံတားသုံးစင်း ဆောင် ရွက်ပြီးဖြစ်ပါကြောင်း၊ ကျန်ရှိ သည့် လမ်းအပိုင်းနှင့် တံတား များကိုလည်း ဆက်လက် အကောင်အထည်ဖော် ဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ ယနေ့ ဖွင့်လှစ်သည့် လမ်းမကြီးကို ကွန်ကရစ်လမ်းမကြီး အဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးခဲ့ သည့်အတွက် ကျေးလက်နေ ပြည်သူများသွားလာရေး လွယ်ကူ အဆင်ပြေမည်ဖြစ်သည့်အတွက် ကျေးလက်နေ ပြည်သူများ ကိုယ်စားဝမ်းမြောက်မိပါကြောင်း။
ယခုကဲ့သို့ ကျေးလက်လမ်း / တံတားများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်လာပြီး ကျေးလက် ထုတ်ကုန်များ ကုန်ကျစရိတ် သက်သာစွာဖြင့် အလွယ်တကူ ကူးသန်းရောင်းဝယ်နိုင်မည်ဖြစ် သည့်အပြင် လမ်းပန်းဆက်သွယ် ရေး ကောင်းမွန်လာသည့်အတွက် ကျေးလက်နေ ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးတို့ အဘက်ဘက်မှ တိုးတက် ကောင်းမွန်လာမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ဧရာဝတီတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးတင် မောင်ဝင်းက ဧရာဝတီတိုင်း ဒေသကြီးအတွင်း မြစ်ချောင်း အင်းအိုင်များပေါများပြီး ရေလမ်း တစ်ခုတည်းကိုသာ အသုံးပြုရ သည့်အတွက် ယခင်က သွားလာ ရေးခက်ခဲပါကြောင်း၊ ယခုအချိန် တွင် ကွန်ရက်သဖွယ်ဆောက် လုပ်ထားသော လမ်း၊ တံတားများ ဖွံ့ဖြိုး တိုးတက်လာမှုကြောင့် သွားလာရေး လွယ်ကူအဆင် ပြေပါကြောင်း ပြောကြားသည်။
ထို့နောက် ဒေသခံပြည်သူ တစ်ဦး က ဒေးဒရဲ - တော်ကမယ်- ကျုံကြပ် - သာယာကုန်း - သံဒီ ဇီးဖြူကုန်း ကွန်ကရစ်လမ်း ဖွင့်လှစ်ပေးသည့်အတွက် နိုင်ငံ တော်အစိုးရကို ကျေးဇူးတင်ပါ ကြောင်းနှင့် ကွန်ကရစ်လမ်းမကြီး ရေရှည်တည်တံ့ခိုင်မြဲရေး ဝိုင်းဝန်း ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီး ဦးရွှေလေး၊ ဧရာဝတီတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးတင် မောင်ဝင်း၊ ဧရာဝတီတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင် နှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ရဲမှူးကြီး တင်ဇော်ထွန်း တို့က ဒေးဒရဲ-တော်ကမယ်-ကျုံကြပ် - သာယာကုန်း - သံဒီ ဇီးဖြူကုန်း ကွန်ကရစ်လမ်းကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး (ဝဲပုံ) ကွန်ကရစ်လမ်းပေါ်မှ ဖြတ်သန်း ကြည့်ရှုစစ်ဆေးသည်။
ယနေ့ဖွင့်လှစ်သည့် ဒေးဒရဲ-တော်ကမယ်-ကျုံကြပ်-သာယာ ကုန်း-သံဒီဇီးဖြူကုန်းကွန်ကရစ် လမ်းသည် Class A အမျိုးအစား တွင်ပါဝင်ပြီး ဧရာဝတီတိုင်း ဒေသကြီး ဖျာပုံခရိုင် ဒေးဒရဲမြို့ နယ်ရှိ ပတ်ဝန်းကျင်ကျေးရွာ ၈၀၊ အိမ်ခြေ ၉၈၀၀၊ လူဦးရေ ၄၅၀၀၀ တို့ကို အကျိုးပြုနိုင်မည် ဖြစ်ပြီး ဒေသနေပြည်သူများ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးတို့ အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ် ကြောင်း သိရသည်။
သတင်းစဉ်