
မတ် ၄ ရက်က ကျရောက်သော ကမ္ဘာ့အင်ဂျင်နီယာများနေ့ အထိမ်းအမှတ် ဂုဏ်ပြုဆောင်းပါး
မောင်သူ(သတ္တုဗေဒ)
“အင်ဂျင်နီယာပညာရပ် ဒဿန (Engineering Philosophy) အယူအဆဟာ အင်ဂျင်နီယာနည်းပညာဖြင့်သော်လည်းကောင်း၊ အင်ဂျင်နီယာ များသော်လည်းကောင်း လူ့အဖွဲ့အစည်းအတွက် ၎င်းတို့၏ ပညာရပ်များကို မည်ကဲ့သို့ အကျိုးရှိရှိအသုံးပြုရမည်ဆိုသော စည်းမျဉ်းကို ရည်မှန်း၍ ရေးဆွဲသတ်မှတ်ထားသော အယူအဆတစ်ရပ်ဖြစ်တယ်။ အင်ဂျင်နီယာပညာရပ်ဟာ သင်္ချာပညာရပ်တွေ၊ သဘာဝသိပ္ပံပညာရပ်တွေကို သင်ယူမှု၊ လေ့လာမှု၊ လက်တွေ့ဆောင်ရွက်မှုတွေကတစ်ဆင့် နားလည်တတ်ကျွမ်းစေပြီး လူမှုအဖွဲ့အစည်း တိုးတက်ဖွံ့ဖြိုးစေဖို့အတွက် သဘာဝပတ်ဝန်းကျင်ကို ပြုပြင်ဖန်တီးခြင်းပဲဖြစ်တယ်။ အင်ဂျင်နီယာပညာရပ်ဟာ ခေတ်မီနိုင်ငံတော်တည်ဆောက်ရေးအတွက် အဓိက မောင်းနှင်အားလည်းဖြစ်တယ်”
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်
တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၉) သင်တန်းဆင်းပွဲ အခမ်းအနား
(၈.၁၂.၂၀၁၇)တွင် ပြောကြားသော မိန့်ခွန်းမှ ကောက်နုတ်ချက်။
ပြဿနာများဖြေရှင်းတဲ့ပညာ
“သဘာဝ သယံဇာတသည် ကန့်သတ်ချက်ရှိပြီး လူသားများ၏ လိုအပ်ချက်သည် ကန့်သတ်ချက်မရှိပါ”ဟု ဆိုသည့်အတိုင်း ခေတ် အဆက်ဆက်တွင် လူသားတို့၏ လိုလားချက်၊ လိုအပ်ချက်များကြောင့် အင်ဂျင်နီယာပညာနှင့် အင်ဂျင်နီယာများ ပေါ်ပေါက်လာခဲ့ကြရပါ တယ်။ အင်ဂျင်နီယာပညာဆိုတာက သိပ္ပံနှင့် သင်္ချာ ဘာသာရပ်ကို အသုံးပြုပြီး ပြဿနာများဖြေရှင်းတဲ့ပညာ ဖြစ်ပါတယ်။ အင်ဂျင်နီယာ တွေက အလုပ်ကို ဘယ်လိုလုပ်ရမယ်ဆိုတာရယ်၊ သိပ္ပံဆိုင်ရာ တွေ့ရှိ ချက်တွေကို လက်တွေ့ ဘယ်လိုအသုံးချရမယ်ဆိုတာကို လုပ်ဆောင် တဲ့သူတွေ ဖြစ်ပါတယ်။
ဒါကြောင့် အင်ဂျင်နီယာများကို ဂုဏ်ပြုတဲ့အနေနဲ့ ကမ္ဘာကြီး စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးကို ရည်ရွယ်ပြီး မတ်လ ၄ ရက်နေ့ကို ကမ္ဘာ့အင်ဂျင်နီယာများနေ့အဖြစ် ၂၀၁၉ ခုနှစ်မှစတင်၍ သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ ယူနက်စကိုမှလည်း ၂၀၁၉ ခုနှစ်က ကျင်းပတဲ့ အကြိမ်(၄၀)မြောက် အထွေထွေညီလာခံမှာ အတည်ပြု ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ ရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် နှစ်စဉ် မတ်လ ၄ ရက်နေ့တိုင်း ကမ္ဘာ့နေရာအနှံ့မှာ ကမ္ဘာ့အင်ဂျင်နီယာများနေ့ အထိမ်း အမှတ်အခမ်းအနားများကို ၂၀၂၀ ပြည့်နှစ်မှစတင်ပြီး ကျင်းပခဲ့တာ အခုဆိုရင် အချိန်ကာလအားဖြင့် သုံးနှစ်ရှိပြီဖြစ်ပါတယ်။
ကမ္ဘာ့အင်ဂျင်နီယာများနေ့
၂၀၂၂ ခုနှစ်အတွက် ကမ္ဘာ့အင်ဂျင်နီယာများနေ့ ဆောင်ပုဒ်မှာ “ဉာဏ်ပညာကိုပိုသုံးလို့ အနာဂတ်အင်ဂျင်နီယာလုပ်ငန်းနှင့် ပညာရပ် တည်ဆောက်စို့” ဖြစ်ပါတယ်။ စက်မှုဝန်ကြီးဌာနရဲ့ ဆောင်ပုဒ်တစ်ခု ဖြစ်တဲ့ သဘာဝသယံဇာတဟူသည် အကန့်အသတ်နှင့်ရှိပြီး လူများ၏ တီထွင်ဖန်တီးမှုများသည် အကန့်အသတ်မရှိပါ ဆိုသော အချက်ကို ပိုမိုခိုင်မာစေသည်ဟု ဆိုရမှာဖြစ်ပါတယ်။ စဉ်ဆက်မပြတ် ရေရှည် ဖွံ့ဖြိုးတိုးတက်မှုကို ရှေးရှုသည့် အသိပညာမြင့်မားသော အနာဂတ် အင်ဂျင်နီယာပညာရပ်များသည် အင်ဂျင်နီယာများ၊ နည်းပညာရှင်များ၊ နည်းပညာ ကျွမ်းကျင်သူများ၊ စက်မှုကျွမ်းကျင်သူများ အနေဖြင့် ပိုမို ကောင်းမွန်တဲ့အနာဂတ်ကို အတူတကွဖန်တီးကြရန် လိုအပ်လျက် ရှိပါတယ်။ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များဟာ လူမှုရေး၊ စီးပွား ရေး၊ နိုင်ငံရေးတို့နှင့် ဆက်စပ်လျက်ရှိပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသည်လည်း ရေရှည်မှာ လူတို့ရဲ့ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးတို့နှင့် ဆက်စပ်ဆောင်ရွက်နိုင်မှသာလျှင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များအား အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။ စဉ်ဆက် မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များအား အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ကဏ္ဍစုံမှ ပူးပေါင်းပါဝင်လာခြင်းနှင့်အတူ အင်ဂျင်နီယာများရဲ့ အခန်းကဏ္ဍဟာလည်း အဓိကကျတာကို တွေ့ရှိ ရမှာဖြစ်ပါတယ်။
ခေတ်ပြောင်းတော်လှန်ရေးများ
နည်းပညာရပ်များနဲ့သက်ဆိုင်တဲ့ ပြောင်းလဲမှုဖြစ်စဉ်များမှာ စက်မှုခေတ်ပြောင်းတော်လှန်ရေးဟာ စိုက်ပျိုးရေးခေတ်ပြောင်း တော်လှန်ရေးမှ စတင်ခဲ့တာ ဖြစ်ပါတယ်။ ၁၇၀၀ ပြည့်နှစ်အလွန်မှာ စက်မှုခေတ်ပြောင်းတော်လှန်ရေး ဖြစ်ခဲ့ပါတယ်။ အဲဒီနောက်မှာ အီလက် ထရွန်နစ် ခေတ်ပြောင်းတော်လှန်ရေးနဲ့ အခုနောက်ဆုံးမှာ သတင်း အချက်အလက်နည်းပညာ ခေတ်ပြောင်းတော်လှန်ရေး စတဲ့ ဖွံ့ဖြိုးမှု ဆင့်ကဲဖြစ်စဉ်အထိ အဆင့်ဆင့် ပြောင်းလဲမှုတွေ အကြိမ်ကြိမ်ဖြစ်ပေါ် နေတာ ဖြစ်ပါတယ်။
သိပ္ပံ၊ အင်ဂျင်နီယာနှင့် နည်းပညာရပ်များဟာ မြို့ပြတည်ဆောက် မှုအတွက် အရေးကြီးသောအချက် ဖြစ်ပါတယ်။
ကျောက်ခေတ်မှ ကြေးခေတ်၊ သံခေတ်၊ အမှောင်ခေတ်၊ မျက်မှောက်ခေတ်၊ ကွန်ပျူတာ ခေတ်အထိဆိုပြီး အဆင့်ဆင့် ဖြတ်သန်းလာတာဖြစ်ပါတယ်။ အင်ဂျင် နီယာများ၊ နည်းပညာရှင်များ၊ နည်းပညာကျွမ်းကျင်သူများက ဖန်တီး ကြတာတွေဖြစ်ပါတယ်။ တီထွင်ဆောင်ရွက်လာနိုင်ကြတာ ဖြစ်ပါ တယ်။ အဆောက်အဦများနှင့် ဖွဲ့စည်းမှုပုံစံ ဒီဇိုင်းများတွင် တရုတ် နိုင်ငံရှိ မဟာတံတိုင်းနှင့် လျှိုမြောင်သုံးသွယ်ရေကာတာ၊ ကမ္ဘော ဒီးယားနိုင်ငံရှိ အန်းကောဝပ်ဘုရားကျောင်း၊ ကွာလာလမ်ပူရှိ ညီနောင်မျှော်စင်နှင့် စမတ်ဥမင်လိုဏ်ခေါင်း၊ မြန်မာနိုင်ငံရှိ ရွှေတိဂုံ စေတီတော်၊ ပြင်သစ်နိုင်ငံရှိ အီဖယ်မျှော်စင်၊ အီရတ်နိုင်ငံရှိ အန်းဂျင်း ဥယျာဉ်၊ ရောမရှိ ကလော့ဆပ်ရုပ်တု၊ တူရကီနိုင်ငံရှိ အာတီမစ်ဘုရား ကျောင်းနှင့် ဂူဗိမာန်များ၊ အိန္ဒိယနိုင်ငံရှိ မီးပြတိုက်များ၊ ဂရိနိုင်ငံရှိ ဇု့ရုပ်တုများ၊ အီဂျစ်နိုင်ငံရှိ ဂရိတ်ပိရမစ် တို့ဟာ ကမ္ဘာပေါ်မှာ ထင်ရှား ကျော်ကြားသော အင်ဂျင်နီယာများရဲ့ နည်းပညာရပ်ဆိုင်ရာ တည် ဆောက်မှုများဖြစ်ကြောင်း တွေ့ရှိရမှာဖြစ်ပါတယ်။
၂၀ ရာစု အင်ဂျင်နီယာလုပ်ငန်း ရလဒ်ကောင်း ၂၀
၂၀ ရာစုမှာ အင်ဂျင်နီယာလုပ်ငန်းတွေအနေနဲ့ ထိပ်ဆုံး ရလဒ် ကောင်း ၂၀ မှာ ဆိုရင်တော့ လျှပ်စစ်ဓာတ်အားသုံးစနစ်၊ မော်တော်ယာဉ်၊ လေယာဉ်၊ ရေပေးဝေခြင်းနှင့် ဖြန့်ဖြူးခြင်း၊ အီလက်ထရွန်နစ်၊ ရေဒီယိုနှင့် ရုပ်မြင်သံကြားစက်၊ စက်မှုလယ်ယာသို့ ပြောင်းလဲခြင်းများ၊ ကွန်ပျူတာ၊ ဆက်သွယ်ရေးစက်၊ လေအေးပေးစက်နှင့် ရေခဲသေတ္တာ များ၊ အဝေးပြေးလမ်းများ၊ အာကာသယာဉ်များ၊ အင်တာနက်၊ ဓာတ်မှန်ပုံရိပ်ရိုက်စက်များ၊ အိမ်သုံးပစ္စည်းများ၊ ကျန်းမာရေးဆိုင်ရာ နည်းပညာရပ်များ၊ ရေနံနှင့် ရေနံဓာတုဗေဒဆိုင်ရာ နည်းပညာရပ်များ၊ လေဆာနှင့် ဖိုက်ဘာမျှင်နည်းပညာများ၊ နျူကလီးယားနည်းပညာများ၊ စွမ်းဆောင်ရည်မြင့်မားသော သတ္တုပစ္စည်းများဖြစ်ပြီး အဆိုပါ အချက် ၂၀ ဟာ ကမ္ဘာကြီးကိုပြောင်းလဲသွားစေသော အင်ဂျင်နီယာများ၏ ဆောင်ရွက်မှုများ ဖြစ်ပါတယ်။ ကမ္ဘာကြီးမှာ တိုးတက်လာတဲ့နည်းပညာ တွေနဲ့အတူ ပတ်ဝန်းကျင်မှာ ကင်းလို့မရတာ ဖြစ်လာနေပြီ ဖြစ်ပါ တယ်။ ဂျီအက်စ်အမ်၊ သရီးဂျီ၊ အင်တာနက်၊ အီးမေးလ်၊ အမ်ပီသရီး၊ အွန်လိုင်းဂိမ်းများ စတာတွေ၊ အဝေးပြေးလမ်းတွေမှာ ဉာဏ်ရည်မြင့် သယ်ယူပို့ဆောင်ရေးစနစ် အသုံးပြုမှုတွေ၊ ပတ်ဝန်းကျင်ဆိုင်ရာတွေ၊ ဆွေးနွေးညှိနှိုင်းမှုတွေ၊ ဖျော်ဖြေရေး အစီအစဉ်တွေမှာလည်း နည်း ပညာတွေနဲ့ ချိတ်ဆက်ဆောင်ရွက်လာနိုင်နေပြီ ဖြစ်ပါတယ်။
အင်ဂျင်နီယာတွေကတော့ အမှားတွေလုပ်မိရင် ဖျောက်ဖျက် ပစ်လို့မရဘဲ ဘဝတစ်သက်လုံးမှာ ပြည်သူအားလုံးက အမှားတွေကို မြင်နေရမှာဖြစ်ပါတယ်။ ဒါကြောင့် အမှားတွေကို သတိထားဖို့ အထူး လိုအပ်မှာဖြစ်ပါတယ်။ အင်ဂျင်နီယာတွေဟာ တိုင်းပြု၊ ပြည်ပြု၊ တိုင်းကျိုး၊ ပြည်ကျိုးတွေကို ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။
တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်ချက်
အင်ဂျင်နီယာပညာရပ်ဟာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ် ချက်တွေနဲ့ နိုင်ငံမှာ စက်မှုဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်ချက်တွေအပေါ် သက်ရောက်မှုတွေရှိပါတယ်။ တိုင်းပြည်တစ်ပြည်မှာ လိုအပ်ချက်တွေ၊ ကောင်းတဲ့အချက်တွေဟာ နောက်တိုင်းပြည်တစ်ပြည်မှာ ကောင်း ချင်မှ ကောင်းနိုင်မယ်။ ဒါကြောင့် ကိုယ့်နိုင်ငံရဲ့ လိုအပ်ချက်တွေကိုလည်း သိရှိနေဖို့ လိုပါတယ်။ သိပ္ပံပညာရှင်များ၊ အင်ဂျင်နီယာပညာရှင်များ၊ နည်းပညာရှင်များဟာ တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာဖို့နဲ့ စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်စေဖို့ စွမ်းဆောင်ပေးနိုင်တဲ့သူတွေ ဖြစ်ပါတယ်။ ပြုပြင်ပြောင်းလဲရေးကို လုပ်နိုင်တဲ့သူများဖြစ်ပါတယ်။
အင်ဂျင်နီယာပညာရပ်နှင့် အင်ဂျင်နီယာဟာ အဓိပ္ပာယ် ကွဲပြားမှု ရှိပါတယ်။ နိုင်ငံတစ်နိုင်ငံ တိုးတက်ဖို့ဆိုရင် အင်ဂျင်နီယာပညာရပ် တိုးတက်ဖို့ လိုပါတယ်။ အင်ဂျင်နီယာလုပ်ငန်း၊ စက်မှုလုပ်ငန်းများကို စွမ်းဆောင်နေသော ပုဂ္ဂိုလ်များအားလုံး၊ အုပ်ချုပ်ရေးပညာရှင်၊ စီးပွားရေး ပညာရှင်၊ စာရင်းအင်းပညာရှင် အားလုံးဟာ စက်မှုလုပ်ငန်းဖွံ့ဖြိုး တိုးတက်မှုကို ဆောင်ရွက်နေကြတာဖြစ်လို့ အားလုံးမှာ ခွဲခြမ်းစိတ်ဖြာ ပြီး ကြည့်တတ်သောစိတ် ရှိရပါမယ်။ အဓိပ္ပာယ်ရှိသော၊ စနစ်ကျသော စဉ်းစားမှုများကို စဉ်းစားရမှာဖြစ်ပါတယ်။ ပုစ္ဆာပေးထားတာမဟုတ်ဘဲ အဖြေပေးနိုင်တဲ့သူတွေ ဖြစ်ရပါမယ်။ အဲဒီလိုပေးရမှာကလည်း သဘာဝ တရားကပေးထားတဲ့ အမှန်တရားများကို အခြေခံစည်းမျဉ်းစည်းကမ်း များနဲ့အညီ သဘာဝတရားနှင့်ကိုက်ညီအောင် ဆောင်ရွက်ပေးနိုင်တဲ့ သူတွေဖြစ်ဖို့ လိုအပ်ပါတယ်။ လက်ရှိ ပြဿနာကတော့ အဲဒီလိုလူမျိုး တွေ လိုအပ်နေတာပဲဖြစ်ပါတယ်။ ဖြည့်ဆည်းပေးဖို့ နည်းလမ်းတွေ ကိုလည်း ရှာဖွေကြရမှာဖြစ်ပါတယ်။
ဒါကြောင့် အင်ဂျင်နီယာလုပ်ငန်းနဲ့ပတ်သက်ပြီး အတတ်ပညာ၊ အသိပညာ ရရှိလာဖို့ အဓိကစိန်ခေါ်မှုတွေမှာ အင်ဂျင်နီယာ ပညာရေး ဟာ မျှမျှတတနှင့် ရလဒ်ကောင်းရစေရန်၊ အသိပညာကို အခြေခံတဲ့ ဒစ်ဂျစ်တယ်စီးပွားရေးဖြင့် သွားနိုင်ရန်၊ မျှမျှတတ ပြိုင်ဆိုင်နိုင်မှုရှိရန်၊ ကိုယ့်ဒေသ၊ ကိုယ့်တိုင်းပြည်အတွင်း မဟုတ်ဘဲ နိုင်ငံတကာမှာ ဖြစ်ပျက်နေတာ၊ တိုးတက်ပြောင်းလဲနေတာတွေကို သိနိုင်ရန်၊ နယ်ပယ် အသစ်များကို လေ့လာနိုင်ရန်၊ ကျောင်းဆင်းများ အလုပ်ပေးနိုင်ရန်၊ လူသားရင်းမြစ်ကွန်ရက်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်တတ်ရန်၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များကို အားလုံးပူးပေါင်း အကောင် အထည်ဖော်ဆောင်ရွက်ရန်တို့ ဖြစ်ပါတယ်။
လုပ်ငန်းဆိုင်ရာ အရည်အသွေး ၁၀ ချက်
၂၀၂၅ ခုနှစ်မှာ ကမ္ဘာကြီးကလိုအပ်တဲ့ လုပ်ငန်းဆိုင်ရာ အရည် အသွေး အချက် ၁၀ ချက်ကတော့ (၁) ခွဲခြမ်းစိတ်ဖြာ စဉ်းစားတတ် ရန်နဲ့ တီထွင်ဆန်းသစ်မှုများ ဆောင်ရွက်ရန်၊ (၂) လေ့လာသင်ယူတဲ့ မဟာဗျူဟာ ချမှတ်ဆောင်ရွက်ရန်၊ (၃) ခက်ခဲနက်နဲသော ပြဿနာ များကို ဖြေရှင်းတတ်ရန်၊ (၄) နက်ရှိုင်းစွာစဉ်းစားတတ်ရန်နဲ့ ခွဲခြမ်း စိတ်ဖြာရန်၊ (၅) ဖန်တီးရန်၊ ကိုယ့်အတွေးအခေါ်နဲ့ ဆောင်ရွက်တတ်ရန်၊ (၆) ဦးဆောင်မှုပေးရန်နဲ့ လူမှုပတ်ဝန်းကျင်မှာ ဩဇာလွှမ်းမိုးရန်၊ (၇) ဖြစ်ပျက်နေတာတွေနဲ့ အမှန်တရားအတွက် နည်းပညာအသုံးပြုနိုင် ရန်နဲ့ စောင့်ကြည့်ပြီးထိန်းကျောင်းရန်၊ (၈) နည်းပညာဒီဇိုင်းနဲ့ ပရိုဂရမ် လုပ်ဆောင်နိုင်ရန်၊ (၉) ခံနိုင်ရည်များများရှိရန်နဲ့ ပြောင်းလွယ် ပြင်လွယ် ဆောင်ရွက်နိုင်ရန်၊ (၁၀) ဘာကြောင့်ဖြစ်တာလဲဆိုတာရယ်၊ ဘယ်လိုကြောင့်ဖြစ်တာလဲဆိုတာရယ် ပြဿနာကိုဖြေရှင်းရန် စတဲ့ အရည်အချင်း ၁၀ ခုက ၂၀၂၅ ပတ်ဝန်းကျင်မှာ အရေးကြီးလာနေပြီ ဖြစ်ပါတယ်။ ဒီအရည်အချင်းတွေရဖို့ အားလုံး ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ကြိုးစားတည်ဆောက်ကြရမှာ ဖြစ်ပါတယ်။
စက်မှုလက်မှုဖွံ့ဖြိုးရေးဟာ ပညာရေးထက် ရှေ့ရောက်နေလျှင် လူတွေက အဲဒီအပေါ်မှာ အဓိပ္ပာယ်ဖော်ဆိုချင်တယ်။ တကယ့်ဇာစ်မြစ် ကို မသိတော့ပါဘူး။ စိုးရိမ်စိတ်တွေ ဖြစ်လာပါတယ်။ ဒါကြောင့် ပညာရေးက စပြင်ရမယ်ဆိုရင် လူတွေက အဓိပ္ပာယ်မဲ့ စိုးရိမ်စိတ်တွေ ဖြစ်လာတယ်။ ပြုပြင်ပြောင်းလဲလာတဲ့ နည်းပညာကို ဘာလုပ်လို့ လုပ်ရမှန်းမသိ ဖြစ်လာပါတယ်။ မှန်ကန်တဲ့ လမ်းကြောင်း ဆက်လုပ် ရန် လိုအပ်ပါတယ်။ ဘာတွေက လိုအပ်လာမှာလဲ။ ဈေးကွက်က ဘယ်လိုဈေးကွက်မျိုးနဲ့ သွားမှာလဲ။ လူရယ်လို့ ဆက်လက်ရပ်တည် နိုင်ရန်အတွက်ဆိုလျှင် အခြေအနေအပေါ်လိုက်ပြီး ပြောင်းလဲနိုင်မှုတွေ ရှိရပါမယ်။ ပြောင်းလဲမှုကို ပြောတာဖြစ်ပါတယ်။ အင်ဂျင်နီယာ၊ နည်းပညာရှင်နှင့် နည်းပညာကျွမ်းကျင်သူတွေကို ပရော်ဖက်ရှင်နယ် လို့ ခေါ်ပါတယ်။ အသိပညာ၊ အတတ်ပညာ၊ နည်းပညာနှင့် အသက်
မွေးဝမ်းကျောင်းပြုပြီး အသိပညာ၊ အတတ်ပညာ နည်းပညာတွေနှင့် ပြည်သူတွေကို အလုပ်အကျွေးပြုကြတာတွေကိုလည်း ပရော်ဖက် ရှင်နယ်လို့ ခေါ်ပါတယ်။ သုတေသနနှင့် ဖွံ့ဖြိုးမှုအင်ဂျင်နီယာ၊ ထုတ် လုပ်မှု အင်ဂျင်နီယာ၊ နည်းစဉ်လုပ်ငန်းစဉ် အင်ဂျင်နီယာ၊ အတိုင်ပင်ခံ အင်ဂျင်နီယာ၊ အရောင်းအင်ဂျင်နီယာ၊ စက်ရုံအင်ဂျင်နီယာ၊ ကျောင်း ဆရာ၊ စီးပွားရေးလုပ်ငန်းရှင်စတဲ့ ကဏ္ဍအသီးသီးမှာ တာဝန်ထမ်း ဆောင်လျက်ရှိကြပါတယ်။ လုပ်ငန်းများ လုပ်ဆောင်ရာမှာတော့ အဖွဲ့အစည်းတွေရဲ့ အလယ်ပိုင်းနဲ့ ထိပ်ပိုင်းမှာလည်း ရှိသလို စီမံ ခန့်ခွဲမှုအပိုင်းမှာလည်းရှိတာ ဖြစ်ပါတယ်။
အခြေခံတာဝန်နှင့် ဝတ္တရားများကို မမေ့မလျော့ကြရန်၊ မြင့်မား သော ကျင့်ဝတ်သိက္ခာရှိရန်၊ စိတ်ထားအနေနဲ့ ခွဲခြမ်းစိတ်ဖြာပြီး ယုံကြည်မှုအမှန်တရားကို ရှာဖွေရန်၊ တစ်ဦးချင်း တစ်ယောက်ချင်း ကို မြင့်မားသောစိတ်ဓာတ်နှင့် မြင့်မားသောအသိပညာကို ရင်ဆိုင် နိုင်ရေး လေ့ကျင့်ပေးရန်၊ နိုင်ငံတကာမှာဖြစ်ပေါ်နေတဲ့ အခွင့်အလမ်းကို ဖမ်းဆုပ်နိုင်မည့်သူတွေဖြစ်ရန်၊ ကိုယ့်လူမျိုး၊ ကိုယ့်ဒေသ၊ ကိုယ့် တိုင်းပြည်၊ ကိုယ့်နိုင်ငံမှာရှိနေတဲ့ ယဉ်ကျေးမှုနှင့် ပတ်သက်ပြီး သိရှိ နားလည်ရန်၊ လူအချင်းချင်းဆက်ဆံရေး၊ လူနှင့်ပတ်ဝန်းကျင် ဆက်ဆံ ရေး၊ ကျင့်ဝတ်ပြည့်စုံမှု၊ ပညာရှင်တစ်ယောက်ပီသစွာ နေထိုင်နိုင်မှုကို လေ့ကျင့်ပေးရန်၊ လူငယ်တွေကို လေ့ကျင့်ပေးနိုင်မည့် အခွင့်အလမ်း များ ဖော်ဆောင်ရန်၊ နိုင်ငံတကာအတွေ့အကြုံရအောင် လေ့ကျင့်ပေး ရန်၊ ဒီနေ့မြေပြင်မှာ လက်တွေ့ဖြစ်နေတဲ့ ဘဝမှာလည်း ဖြစ်နေတဲ့ ပြဿနာများကို ဘယ်လိုလေ့ကျင့်ပေးကြမလဲ၊ အင်ဂျင်နီယာတွေ၊ နည်းပညာရှင်တွေက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို တည်ဆောက်ရန် ဘယ်လိုလုပ်ကြမလဲ၊ ကမ္ဘာ့ကုလသမဂ္ဂမှ ချမှတ်ပေးထားတဲ့ စဉ်ဆက် မပြတ် ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးပန်းတိုင် (၁၇)ချက်ကို ဘယ်လို ပါဝင်အကောင်အထည်ဖော် ဆောင်ရွက်ကြမလဲ ဆိုတာတွေလည်း ထည့်သွင်းစဉ်းစားကြရမှာဖြစ်ပါတယ်။
အထောက်အထား အခြေခံသည့် အင်ဂျင်နီယာပညာရပ်
အထောက်အထားများကိုအခြေခံတဲ့ အင်ဂျင်နီယာပညာရပ်ဟာ အရေးကြီးတဲ့ကဏ္ဍ ဖြစ်ပါတယ်။ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ် ဖို့ရယ်၊ ဆက်ဆံထိတွေ့သူတွေ လိုလားတဲ့ လိုလားချက်တွေရယ်၊ နောက်တစ်ခုက သိပ္ပံနှင့် အင်ဂျင်နီယာပညာရပ်ကို အခြေခံတဲ့ အထောက်အထားတွေရယ်၊ အဲဒါတွေအားလုံး ထပ်တူကျတဲ့နေရာမှာ အင်ဂျင်နီယာပညာရပ်ဆိုင်ရာအဖြေမျိုးကို အထောက်အထား အခြေခံ သည့် အင်ဂျင်နီယာပညာရပ်ဆိုင်ရာအဖြေများဟု ခေါ်တာဖြစ်ပါတယ်။
အထောက်အထားအခြေခံသည့် အင်ဂျင်နီယာပညာရပ်ဆိုင်ရာ အဖြေအတွက် ကျွမ်းကျင်မှုမှာကတော့ အထောက်အထားအခြေခံသည့် အင်ဂျင်နီယာပညာရပ်ဆိုင်ရာ အဖြေများ ရရှိဖို့အတွက် ကျွမ်းကျင်မှု နှင့် လုပ်ရည်ကိုင်ရည် ရှိရမှာဖြစ်ပါတယ်။ လုပ်ရည်ကိုင်ရည်ရှိရန် ဒီဇိုင်း၊ နှိုင်းယှဉ်ချက်နှင့် ကုန်ကျစရိတ်သက်သာစေဖို့တို့ကို သိရန် လိုအပ်ပါတယ်။ ဘယ်လိုနည်းလမ်းသုံးရမလဲဆိုတဲ့ နည်းစဉ်ကိုလည်း သိရမှာဖြစ်ပါတယ်။ အဖြေကတော့ ဘယ်ဟာအကောင်းဆုံးလဲလို့ တွေးနိုင်ရမှာဖြစ်ပြီး ညှိနှိုင်းဆောင်ရွက်ရန်၊ ချင့်ချိန်ရန်၊ ပြီးလျှင် ဆုံးဖြတ်ရန် ဖြစ်ပါတယ်။ ဆက်ဆံသည့် လူများ၊ အဖွဲ့အစည်းများရဲ့ လိုလားချက်၊ သတင်းအချက်အလက်များ ရရှိအသုံးပြုရန်၊ ဆွေးနွေး ညှိနှိုင်းဆောင်ရွက်ရန်၊ ကျင့်ဝတ်ရှိရန်၊ တန်ဖိုးကြီးစွာ နေထိုင်တတ်ရန်၊ ရှုပ်ထွေးနက်နဲသော သဘောထား ကွဲလွဲမှုများအပေါ် ဖြေရှင်းရန်၊ ဖြစ်ပေါ်လာသည့် ပဋိပက္ခတွေ၊ နားလည်မှုမရှိတာတွေကို ဖြေရှင်းရန်၊ စိတ်ဝင်စားမှုများ ဖော်ထုတ်ရန်၊ သဘာဝပတ်ဝန်းကျင် ကာကွယ် ရန်အတွက် လုံလောက်မှုရှိရဲ့လား၊ စည်းမျဉ်းများနဲ့ ကိုက်ညီမှုရှိရဲ့လား ဆိုတာတွေ ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။ ပြီးရင် အဲဒီအပေါ်မှာ မူတည်ပြီး ကိုယ်နဲ့ဆက်ဆံရတဲ့ ကဏ္ဍပေါင်းစုံမှ နားလည်လက်ခံဖို့ လုပ်ဆောင်ပေးနိုင်ရမယ်။ နောက်တစ်ခုက သုတေသနတွေ ရှိရမယ်။ အတွေ့အကြုံတွေရှိရမယ်။ သီအိုရီတွေ ပိုင်နိုင်ရမယ်။ သိပ္ပံအပြင် နည်းပညာတွေ ပိုင်နိုင်ရမယ်။ လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုအတွက် အဆက်မပြတ် လေ့လာသင်ယူမှုဆိုင်ရာသင်တန်းတွေ တက်မယ်။ လေ့လာမှုတွေ လုပ်ရမယ်။ ပြီးရင် ဘဝတစ်သက်တာ သင်ယူလေ့ လာမှုဖြင့် သေသည့်တိုင်အောင် လေ့လာသင်ယူသွားရမယ်။ အဲဒီ သုံးခု ထပ်သွားတဲ့နေရာမှာ အသိပညာဆိုင်ရာကျွမ်းကျင်မှု ပညာရှင် တွေအနေနဲ့ လုပ်ရည်ကိုင်ရည်ရှိဖို့ လိုအပ်ပါတယ်။ အဲဒါကတော့ ပထမအဆင့်အနေနဲ့ အသိပညာဆိုင်ရာ ကျွမ်းကျင်မှုကို ရရှိလာခြင်းပဲ ဖြစ်ပါတယ်။ လုပ်ဆောင်နေတဲ့ လုပ်ငန်းတွေက စီမံကိန်းတွေ၊ ဖြေရှင်းမှုတွေပေးတာကို အလေ့အကျင့်ကောင်းတွေ အသုံးပြုပြီး ပန်းတိုင်သို့ရောက်ရှိအောင် လုပ်ဆောင်ကြရမှာဖြစ်ပါတယ်။ ဒါကြောင့် သင်တန်းကျောင်းများ၊ သိပ္ပံများ၊ တက္ကသိုလ်များ စတဲ့ ပညာရပ်ပိုင်း ဆိုင်ရာ ခိုင်မာအားကောင်းသည့် အဖွဲ့အစည်းများ၊ စက်မှုလက်မှု လုပ်ငန်းများ၊ မူဝါဒရေးဆွဲချမှတ်သူများ၊ လူ့အသိုင်းအဝိုင်း လူမှုအဖွဲ့ အစည်းများနဲ့ ပေါင်းစပ်ပြီး လုပ်ဆောင်ကြရမှာဖြစ်ပါတယ်။ သီးခြား ကင်းလွတ်နေလို့ မရဘူးဆိုတာ တွေ့ရှိနိုင်မှာဖြစ်ပါတယ်။
အနာဂတ်ကို ကောင်းအောင်လုပ်ဆောင်
အင်ဂျင်နီယာများသည် ပညာရှင်ဆန်ဆန် ကျင့်ကြံအားထုတ် ဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်။ အင်ဂျင်နီယာအတတ်ပညာနဲ့ အနာဂတ်ကို ကောင်းအောင်လုပ်ဆောင်ကြဖို့ လိုပါတယ်။ အတိတ်မှာ ဖြစ်ခဲ့တာတွေ ပြန်သုံးသပ်ရပါမယ်။ အတူတကွ ကြိုးစား အားထုတ် ကြရမယ်။ ပူးပေါင်းဆောင်ရွက်ကြရမယ်။ သိပ္ပံနှင့် အင်ဂျင်နီယာ ပညာရပ်မှာရှိတဲ့ နိယာမနဲ့ အမှန်တရားတွေကို အခြေခံပြီး လုပ် ဆောင်ကြရမယ်။ အထောက်အထားကိုအခြေခံပြီးတော့ သွားရပါမယ်။ အထောက်အထားကိုအခြေခံတယ်ဆိုတာက အရင်တုန်းက လုပ်ခဲ့တာ မှန်သလား၊ မှားသလား၊ ရှုံးသလား၊ မြတ်သလား၊ အဲဒီအပေါ်မှာ အထောက်အထားကိုအခြေခံ၍ လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။ ပြီးရင် ရလဒ်ကိုအခြေပြုပြီး သွားကြရမှာ ဖြစ်ပါမယ်။ 4 R ဖြစ်တဲ့ လျှော့ချ အသုံးပြုခြင်း(Reduce)၊ ပြန်လည်ပြင်ဆင်အသုံးပြုခြင်း(Recycle)၊ ပြန်လည်အသုံးပြုခြင်း(Reuse)၊ လုံးဝအသုံးမပြုခြင်း(Refuse)ကို ကျင့်သုံးဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ နည်းပညာအသစ်တွေ ကိုလည်း မျက်ခြည်ပြတ်မခံဘဲ လေ့လာအသုံးပြုကြရပါမယ်။ လုပ်နေ တဲ့ အလုပ်တွေမှာ သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်ပြီး စွမ်းအင်အကျိုးရှိ ထိရောက်စွာ အသုံးပြုနိုင်ရေးကိုလည်း အလေးထား ဆောင်ရွက်ကြရပါမယ်။ ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ဖို့နဲ့ စားဝတ် နေရေး၊ သယ်ယူပို့ဆောင်ရေး၊ သန့်ရှင်းသော ရေနှင့် လေ ရရှိရေး စတဲ့ အခြေခံ လိုအပ်ချက်တွေကို ဖြည့်ဆည်းဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။
အင်ဂျင်နီယာများဟာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ပေါင်းစပ်ပြီး ပူးပေါင်း လုပ်ဆောင်ကြရမယ်။ နေ့စဉ် လူမှုဘဝနဲ့အမျှ နေတယ်၊ ထိုင်တယ်၊ ပြောတယ်၊ ဆိုတယ်ဆိုတဲ့ လုပ်ဆောင်မှုတွေမှာ ကျင့်ဝတ်အတိုင်း မိမိတန်ဖိုးကို ဆန်းစစ်ကြရပါမယ်။ စဉ်းစားတွေးခေါ်မှုတွေကို ကမ္ဘာလုံး ဆိုင်ရာအမြင်ဖြင့် အမြင်ကျယ်ကျယ်နဲ့ ဆောင်ရွက်ကြရမှာဖြစ်ပြီး ကိုယ်ရဲ့ တွေးခေါ်နိုင်မှုအဆင့် ဘယ်လောက်အထိ ရောက်ရှိနေလဲ ဆိုတာ ဆန်းစစ်ကြရမှာ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ဘဝ တည်ဆောက်ပုံ အတွက် ကိုယ့်ဘဝပြဋ္ဌာန်းချက် ကိုယ်ရဲ့ နေပုံ၊ ထိုင်ပုံ၊ သွားပုံတွေဟာ ဘဝအမြင်တွေပဲ ဖြစ်ပါတယ်။ ဘဝတစ်သက်တာအတွက် ဒါကို တည်ဆောက်ပေးကြရမှာ ဖြစ်ပါတယ်။
နိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု တည်ဆောက်ရေး
ရှေ့လာမည့်အနာဂတ်တွင် စိန်ခေါ်မှုများစွာ ရှိသည်မှန်သော်လည်း ဉာဏ်ပညာကို ပိုမိုအသုံးပြုသော တီထွင်ဖန်တီးမှုများကို ပြုလုပ်ပြီး ခိုင်မာသည့်ဆုံးဖြတ်ချက်၊ ကြိုးစားအားထုတ်မှုများနှင့် ဆောင်ရွက် သွားမည်ဆိုလျှင် မိမိတို့ရည်မှန်းထားသည့် ရည်ရွယ်ချက် ပန်းတိုင် များကို မလွဲမသွေ ရောက်ရှိနိုင်မှာဖြစ်ပါတယ်။ အင်ဂျင်နီယာများ၊ နည်းပညာရှင်များ၊ နည်းပညာကျွမ်းကျင်သူများ၊ စက်မှုကျွမ်းကျင်သူ များအနေဖြင့် ပိုမိုအကျိုးရှိ ထိရောက်သည့် ထုတ်ကုန်များ ထုတ်လုပ် ခြင်းဖြင့် စက်မှုကဏ္ဍကို မြှင့်တင်နိုင်ရန်၊ တစ်ချိန်တည်း၌ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်ရန် ကြိုးစားရင်း ပိုမိုကောင်းမွန်သည့် အနာဂတ်ကို အတူတကွဖန်တီးကြရန်နှင့် အားလုံးကျန်းမာစွာဖြင့် ပြောင်းလဲနေသည့် ကမ္ဘာကြီးကို ရင်ပေါင်တန်းနိုင်ရန်၊ မိမိတို့နိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု တည်ဆောက်ရေးတွင် ပါဝင်နိုင်ကြရန် တိုက်တွန်း၍ အထက်ဖော်ပြပါ နိုင်ငံတော်ဝန်ကြီးချုပ်၏ အင်ဂျင်နီယာ ပညာရပ်ဒဿနဆိုင်ရာ မိန့်ခွန်းကောက်နုတ်ချက်ဖြင့် ကမ္ဘာ့အင်ဂျင် နီယာများနေ့တွင် မြန်မာအင်ဂျင်နီယာများအား ဂုဏ်ပြုတင်ပြလိုက်ရ ပါတယ်။ ။
- Log in to post comments