
နေပြည်တော် မတ် ၄
၂၀၂၂ခုနှစ် ဇန်နဝါရီလ ၄ ရက်(လွတ်လပ်ရေး)နေ့တွင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့် ကြော်ငြာစာအမှတ်(၁/၂၀၂၂)ဖြင့် ပြည်တွင်း၊ ပြည်ပမှ ရဟန်း ၂၈၄ ပါး၊ သီလရှင် ၄၁ ပါးနှင့် လူပုဂ္ဂိုလ် ၂၈ ဦးတို့အား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း ထုတ်ပြန်ကြေညာ ခဲ့ပြီးဖြစ်သည်။
အဆိုပါ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များရရှိသည့် ပြည်တွင်း/ ပြည်ပမှ ရဟန်း ၂၈၄ ပါး၊ သီလရှင် ၄၁ ပါးနှင့် လူပုဂ္ဂိုလ် ၂၈ ဦးတို့အနက် အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ကိုးပါး၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ရ ဆရာ တော်ကြီး ရှစ်ပါး၊ အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၁၈ ပါး၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတဘွဲ့ တံဆိပ်တော်ရ ဆရာတော်ကြီး ၂၃ ပါး၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ သီလရှင် ဆရာကြီး သုံးပါး၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၄၁ ပါး၊ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော်ရ ရဟန်းခြောက်ပါး၊ အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ်ရ လူပုဂ္ဂိုလ် တစ်ဦးနှင့် အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီဘွဲ့တံဆိပ်ရ လူပုဂ္ဂိုလ် နှစ်ဦး စုစုပေါင်း ၁၁၁ ပါး/ဦးတို့အား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ် တော်များ ဆက်ကပ်လှူဒါန်းပွဲကို ၁၃၈၃ ခုနှစ်၊ တပေါင်းလပြည့်(၂၀၂၂ ခုနှစ် မတ်လ ၁၆ ရက်) ဗုဒ္ဓဟူးနေ့၊ မွန်းလွဲ ၁ နာရီတွင် လည်းကောင်း၊ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲသို့ ကြွရောက်တော်မူလာကြမည့် ရဟန်း ၁၀၇ ပါး၊ သီလရှင် သုံးပါးတို့အား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ နေ့ဆွမ်း ဆက်ကပ်လှူဒါန်းပွဲကို ၂၀၂၂ ခုနှစ် မတ်လ ၁၄ ရက် နံနက် ၉ နာရီခွဲတွင် လည်းကောင်း နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော် ပရိဝုဏ်အတွင်းရှိ သာသနာ့မဟာ ဗိမာန်တော်ကြီး၌ ခမ်းနားထည်ဝါစွာ ကျင်းပသွားမည် ဖြစ်သည်။
သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ရရှိခဲ့ကြသည့် ရဟန်း၊ သီလရှင်နှင့် လူပုဂ္ဂိုလ် ၁၁၁ ပါး/ဦးနှင့် ပင့်သံဃာဆရာတော်ကြီး နှစ်ပါးတို့ကို မတ်လ ၁၂ ရက် ထက်မစော ၁၃ ရက်ထက် နောက်မကျ စေဘဲ နေပြည်တော်သို့ ကြွရောက်ပေးကြပါရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ပင့်လျှောက်ဖိတ်ကြားလွှာများ ပေးပို့ထားပြီး ဖြစ်သည်။
သို့ဖြစ်ပါ၍ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ရရှိခဲ့ကြ သည့် ရဟန်း၊ သီလရှင်နှင့် လူပုဂ္ဂိုလ် ၁၁၁ ပါး/ ဦးနှင့် ပင့်သံဃာ ဆရာတော်ကြီး နှစ်ပါးတို့သည် ပင့်လျှောက် ဖိတ်ကြားစာများ အချိန်မီ မရရှိပါကလည်း သတ်မှတ်ရက်များအတိုင်း နေပြည်တော်သို့ ကြွရောက်ပေးတော်မူကြပါရန် ပင့်လျှောက်ဖိတ်ကြားပါကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။
သတင်းစဉ်