ကရင်ပြည်နယ်ဝန်ကြီးချုပ် စက်မှုလက်မှုသိပ္ပံ(ဘားအံ)၏တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

 

ဘားအံ   မတ်   ၃


နှစ်စဉ်ကျောင်းသား ကျောင်းသူ ၆၀၀ ခန့်မှ ၁၀၀၀ ခန့်အထိ      တက်ရောက်ပညာသင်ကြားနိုင်သော   အစိုးရစက်မှုလက်မှုသိပ္ပံ(ဘားအံ)ကို   ဘားအံမြို့ တောင်ကလေးတိုးချဲ့မြို့ပြအိမ်ရာစီမံကိန်းအနီးတွင် တည် ဆောက်လျက်ရှိရာ မတ် ၃ ရက် မွန်းလွဲ ၁ နာရီခန့်က   ကရင်ပြည်နယ်ဝန်ကြီးချုပ်   ဦးစောမြင့်ဦး နှင့် တာဝန်ရှိသူများ     သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ သည်။

 


ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်    သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာ နှင့်လေ့ကျင့်ရေးဦးစီးဌာန၊   အစိုးရစက်မှုလက်မှု သိပ္ပံ(ဘားအံ)တွင်   သီဟမင်းဆွေဆောက်လုပ်ရေး ကုမ္ပဏီမှ    တာဝန်ယူတည်ဆောက်လျက်ရှိသော (၂၁၇ x ၃၁၀) ပေ  သံကူကွန်ကရစ်သုံးထပ်  ပင်မ ဆောင်   တည်ဆောက်ခြင်းလုပ်ငန်းကို     ကြည့်ရှု စစ်ဆေး ရာ          အစိုးရနည်းပညာအထက်တန်းကျောင်း  ကျောင်းအုပ်ဆရာမကြီး     ဒေါ်နန်းမိုးမိုးကြည်နှင့်  တာဝန်ရှိသူများက      တည်ဆောက်ရေးလုပ်ငန်း များနှင့်ပတ်သက်၍   ရှင်းလင်းတင်ပြပြီး   ပြည်နယ် ဝန်ကြီးချုပ်က  လိုအပ်သည်များ မှာကြားကာ တည် ဆောက်ရေးလုပ်ငန်းအား  လှည့်လည်ကြည့်ရှုစစ်ဆေး သည်။

 


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရှားမူလာကုမ္ပဏီမှ တာဝန်ယူတည်ဆောက်လျက်ရှိ သော     (၁၂၅ x ၈၂ x ၁၈) ပေ   Steel Structure တစ်ထပ်အလုပ်ရုံ     တည်ဆောက်ခြင်းလုပ်ငန်း၊ ထူးမြတ်ဂုဏ်ကုမ္ပဏီမှ    တာဝန်ယူ   တည်ဆောက် လျက်ရှိသော (၂၁၁ x ၇၀) ပေ RC နှစ်ထပ်  နန်းငုဝါ ကျောင်းသူအိပ်ဆောင်    တည်ဆောက်ခြင်းလုပ်ငန်း၊     နန်းထိုက်ဝင်းကုမ္ပဏီမှ    တာဝန်ယူ တည်ဆောက် လျက်ရှိသော  (၇၈ x ၉၄) ပေ  RCC လေးခန်းတွဲ လေးထပ်ဝန်ထမ်းအိမ်ရာ   ဆောက်လုပ်ခြင်းလုပ်ငန်း၊    ထူးမြတ်လျှံကုမ္ပဏီမှ     တာဝန်ယူတည်ဆောက်လျက် ရှိသော (၇၈ x ၉၄) ပေ RCC လေးခန်းတွဲ လေးထပ် ဝန်ထမ်းအိမ်ရာဆောက်လုပ် ခြင်းလုပ်ငန်း၊    စိုးမိုးသူ ကုမ္ပဏီမှ      တာဝန်ယူ တည်ဆောက်လျက်ရှိသော (၂၁၁ x ၇၀) ပေ RCC သုံးထပ်ကျောင်းသားအိပ်ဆောင် တည်ဆောက်ခြင်းလုပ်ငန်း၊ သမိန်ဗရမ်းဆောက်လုပ် ရေးကုမ္ပဏီမှ တာဝန်ယူတည်ဆောက်လျက်ရှိသော (၇၈ x ၉၄) ပေ  RCC လေးခန်းတွဲ    လေးထပ်ဝန်ထမ်း အိမ်ရာ ဆောက်လုပ်ခြင်းလုပ်ငန်းတို့ကို   ကြည့်ရှု စစ်ဆေးပြီး     သတ်မှတ်စံချိန်စံနှုန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး  ကြိုးပမ်းဆောင်ရွက်ကြရန်နှင့်  လိုအပ်သည်များကို မှာကြားသည်။

 


ဆက်လက်၍    ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ သည် ဘားအံမြို့နယ်  တောင်ကလေးတိုးချဲ့မြို့ပြအိမ်ရာစီမံကိန်း အတွင်းရှိ ပေ (၈၀  x ၄၀)သံဃာစင် ပါ   သုသာန်ဇရပ်နှင့်   မီးသင်္ဂြိုဟ်စက် တည်ဆောက် ခြင်းလုပ်ငန်း၊ စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်းတို့ ကို   သွားရောက်ကြည့်ရှုစစ်ဆေးပြီး  လိုအပ်သည် များ မှာကြားသည်။  

စောမျိုးမင်းသိန်း(ပြန်/ဆက်)