
ကန်ကြီးထောင့် မတ် ၂
ဧရာဝတီတိုင်းဒေသကြီး ကန်ကြီး ထောင့်မြို့နယ် ဝါးဒူးကျေးရွာ၌ နှစ်(၆၀)ပြည့် တောင်သူ လယ်သမားနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင် မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီး များနှင့် တိုင်းဒေသကြီးအတွင်းရှိ တောင်သူများ တက်ရောက်ကြ သည်။
ရှေးဦးစွာ တောင်သူ လယ်သမားနေ့ အခမ်းအနား မုခ်ဦးဆိုင်းဘုတ်ကို တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်း စစ်ဌာန ချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ခင်ဇော်၊ စိုက်ပျိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်းတို့က ဖဲကြိုးဖြတ်လှစ်ပေးသည်။
ဆက်လက်၍ အခမ်းအနားကို ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ နှစ် (၆၀)ပြည့် တောင်သူလယ်သမားနေ့ အခမ်း အနားအတွက်ပေးပို့သော သဝဏ် လွှာအား တိုင်းဒေသကြီးဝန်ကြီး ချုပ်က ဖတ်ကြားသည်။
တောင်သူများအား ကျေးဇူးတင်
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဧရာဝတီတိုင်း ဒေသကြီးသည် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် တိုင်းဒေသ ကြီးဖြစ်ကြောင်း၊ နိုင်ငံ၏ စပါးကျီ ဟု ပြောရလောက်အောင် မိုးစပါး ၃၇ သိန်း၊ နွေစပါး ၁၄ သိန်း စုစု ပေါင်း ၅၁ သိန်းကို စိုက်ပျိုး နိုင်ခဲ့ပြီး စပါးတင်းသိန်းပေါင်း လေးထောင်ကျော် ထွက်ရှိခဲ့ ကြောင်း၊ ထို့အပြင် ပဲမျိုးစုံ၊ ဆီ ထွက်သီးနှံများ၊ သစ်သီးဝလံ ပန်းမန်များ၊ ငါး၊ ပုစွန်၊ ကဏန်း၊ ကြက်၊ ဝက်၊ ဘဲ၊ အသားစားနွား၊ နို့စားနွားများစသည့် စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများလည်း ဖြစ်ထွန်းအောင်မြင်လျက် ရှိပါ ကြောင်း၊ ယနေ့ကျင်းပသည့် တောင်သူလယ်သမားနေ့ အခမ်း အနားကို တက်ရောက်လာကြ သည့် တောင်သူများအား ကျေးဇူး အထူးတင်ရှိပါကြောင်း ပြောကြား သည်။
ထို့နောက် တောင်သူလယ် သမားနေ့ဂုဏ်ပြုမှတ်တမ်း Video Clip အား ပြသခဲ့ပြီး လယ်ယာ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ခဲ့ကြသည့် တောင်သူ များ၊ ဝန်ထမ်းများနှင့် တောင်သူ လယ်သမားနေ့ အထိမ်းအမှတ် ပြခန်းများတွင် ဆုရရှိသည့်ပြခန်း များအား တိုင်းဒေသကြီးဝန်ကြီး ချုပ်နှင့် တာဝန်ရှိသူများက ဂုဏ်ပြု ဆုများ ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ ဝန်ကြီးချုပ် နှင့်အဖွဲ့သည် နှစ် (၆၀) ပြည့် တောင်သူလယ်သမားနေ့ အခမ်း အနားတွင် ပြသထားသော တိုင်း ဒေသကြီးအတွင်းရှိ ခရိုင်ခြောက် ခရိုင်မှ ပြခန်းများ၊ ဌာနဆိုင်ရာ ပြခန်းများ၊ ကုမ္ပဏီများမှ ပြသ ထားသောပြခန်းများနှင့် စိုက်ပျိုး ထားသော သီးပင်စားပင်နှင့် သစ်ပင်ပန်းမန်များကို လှည့်လည် ကြည့်ရှုခဲ့ကြောင်း သိရသည်။
မတ် ၄ ရက်အထိ ပြသမည်
အဆိုပါ တောင်သူလယ်သမား နေ့ အခမ်းအနားတွင် ဌာနဆိုင်ရာ များနှင့် ကုမ္ပဏီများမှ ပြခန်း ၂၃ ခန်းကို မတ် ၄ ရက်အထိ ပြသ မည်ဖြစ်ပြီး တိုင်းဒေသကြီး အတွင်းရှိ ခရိုင်ခြောက်ခရိုင်မှတောင်သူများက အလှည့်ကျ လာရောက်၍ ပြခန်းများနှင့် စိုက်ပျိုးရေး နည်းစနစ်များကို လာရောက် လေ့လာကြမည်ဖြစ် ကြောင်း သိရသည်။
လှမင်းထွဋ် (ပြန်/ဆက်)