ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

ပဲခူး   ဖေဖော်ဝါရီ  ၂၆


ပဲခူးတိုင်းဒေသကြီး   ကိုဗစ်-၁၉  ရောဂါ ထိန်းချုပ်ရေး နှင့်   အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၅/၂၀၂၂)ကို  ဖေဖော်ဝါရီ ၂၅ ရက်က     တိုင်းဒေသကြီး    အစိုးရအဖွဲ့ရုံး    တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ Online Zoom Meeting System  ဖြင့် ကျင်းပသည်။

 


 ရှေးဦးစွာ   ပဲခူးတိုင်းဒေသကြီး   ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက   မိမိတို့တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုသည်  ၃ ရာခိုင်နှုန်း အောက် ရှိနေသေးသော်လည်း ယခုရောဂါပိုးတွေ့ရှိသူ အများစုသည် မည်သည့်ရောဂါလက္ခဏာများမပြဘဲ တွေ့ရှိနေရသဖြင့် တစ်ဦးတစ်ယောက်ချင်းစီတိုင်း ကျန်းမာရေးအသိဖြင့်    နေထိုင်သွားလာရမည် ဖြစ်ကြောင်း၊ ရုံးဝန်ထမ်းများအနေဖြင့်လည်း ဌာန အတွင်း ရောဂါပိုးကူးစက်မှုမခံရစေရေး စုဝေးနေထိုင် စားသောက်ခြင်းများ ရှောင်ကြဉ်ရမည်ဖြစ်ကြောင်း၊ အခြေခံပညာကျောင်းများ စာမေးပွဲဖြေဆိုတော့မည် ဖြစ်၍ ဆရာ  ဆရာမများနှင့် ကျောင်းသား ကျောင်းသူ များအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်နှင့်အညီ အထူး ဂရုပြုပညာသင်ကြားနိုင်ရေး ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားပြီး တက်ရောက် လာကြသူများက ကိုဗစ်-၁၉ ရောဂါတွေ့ရှိမှုနှင့် ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေ အနေများကို ဆွေးနွေးတင်ပြသည်။  

 

တင်စိုး(ပဲခူး)