
နေပြည်တော် ဖေဖော်ဝါရီ ၂၅
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ပဉ္စမအကြိမ်မြောက် မြန်မာ့ရိုးရာ စုပေါင်းထမနဲထိုး ပြိုင်ပွဲကို ယနေ့ညနေပိုင်းက နေပြည်တော်ရှိ ရုံးအမှတ်(၂၇)၌ ကျန်းမားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ကျင်းပသည်။
စုပေါင်းထမနဲထိုးပြိုင်ပွဲကို ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများနှင့် လုပ်ငန်း များမှ စုစုပေါင်းအသင်း ရှစ်သင်း ပါဝင်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု ရရှိသည့်အသင်းများကို ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးနှင့် တာဝန်ရှိသူများက ဆုများချီးမြှင့် ကြောင်း သိရသည်။
သတင်းစဉ်