
စစ်ကိုင်း ဖေဖော်ဝါရီ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေး(၇/၂၀၂၂)ကို ဖေဖော်ဝါရီ ၂၄ ရက်က တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ဇန်နဝါရီလစတုတ္ထပတ်မှ စတင် ၍ ကလေးမြို့နှင့် တမူးမြို့တို့တွင် အစုလိုက် ရောဂါကူးစက်မှုများ တွေ့ရှိခဲ့ပြီး ယခုအခါ ကူးစက်မှု များ လျော့ကျလာပြီဖြစ်သော် လည်း ကူးစက်မှုများ ဆက်လက် လျော့ကျရေးအတွက် ကာကွယ် မှုနှင့် ထိန်းချုပ်မှုများကို ပိုမိုစီမံ လုပ်ဆောင်ရန် လိုအပ်ပါကြောင်း၊ ဆေးရုံ တက်ရောက်ကုသရန် လိုအပ်ပါကလည်း လိုအပ်သည့် ကုသမှုများ အပြည့်အဝဆောင် ရွက်ပေးနိုင်ရေးအတွက် ကြိုတင် ပြင်ဆင်ထားရန် လိုအပ်ပါ ကြောင်း၊ စစ်ဆေးမှုနှင့် ဆေးထိုး နှံခြင်းများကို အရှိန်မြှင့်ဆောင် ရွက်ရန် လိုအပ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးအတွက် လူအများနှင့် ကျင်းပ ပြုလုပ်ရသည့် အခမ်းအနားများ အား ကိုဗစ်-၁၉ ရောဂါကာကွယ် ရေး စည်းမျဉ်း စည်းကမ်းများ အတိုင်း လိုက်နာပြုလုပ်လိုပါ ကြောင်း၊ ပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဆိုင်ရာ စည်းမျဉ်းများအား တိကျ စွာ လိုက်နာဆောင်ရွက်ရန်နှင့် ကာကွယ်ထိန်းချုပ်မှုများကိုလည်း တာဝန်ရှိသူများနှင့်အတူ ပူးပေါင်း ၍ လတ်တလောဖြစ်ပေါ်နေသော အိုမီခရွန်ရောဂါအား တွန်းလှန် တိုက်ဖျက်သွားကြရန် လိုကြောင်း ပြောကြားသည်။
ယင်းနောက် အစည်းအဝေး သို့ တက်ရောက်လာကြသော တိုင်းဒေသကြီး ဝန်ကြီးများ၊ တာဝန်ရှိသူများက နေ့စဉ်ရောဂါ ပိုး စစ်ဆေးတွေ့ရှိမှု၊ ဆေးရုံ တက်ရောက်ကုသမှုနှင့် ဆေးရုံ ဆင်းမှု၊ သတ်မှတ်လျာထားချက် ပြည့်မီအောင် ကာကွယ်ဆေးထိုးနှံ မှုအခြေအနေများ၊ အောက်ဆီဂျင် ထုတ်လုပ်သုံးစွဲမှု၊ မြို့ဝင်မြို့ထွက် နေရာများတွင် ကျန်းမာရေး စစ်ဆေးရေးစခန်းများ ချထား၍ စစ်ဆေးဆောင်ရွက်နေမှု၊ Qua-rantine Center နှင့် Positive Center ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ လုံခြုံရေး ဆောင်ရွက်ပေးနေမှု အခြေအနေ များ၊ ပြည်သူများ အသိနှင့်သတိ ရှိရေးအတွက် အသိပညာပေးရေး နှင့်ပတ်သက်၍ အကြံပြုဆွေးနွေး တင်ပြကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး
(ပြန်/ဆက်)