ကျောက်ပန်းတောင်းမြို့နယ်၌ သဘာဝအခြေခံ ခရီးသွားလုပ်ငန်း ဂဲမိုးအိုင်ခရီးစဉ်သစ် ဖော်ဆောင်

 

ကျောက်ပန်းတောင်း  ဖေဖော်ဝါရီ    ၂၄


မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် ဂဲမိုးအိုင် ခရီးစဉ်သစ်သို့  သွားရောက်လေ့လာမည်ဆိုပါက   ကျောက်ပန်းတောင်း မြို့မှ   မိတ္ထီလာဘက် အထွက် ၇ မိုင်ခန့်အကွာ၊  ကြက်မောက်တောင်ဆည် အနီးမှမြောက်ဘက် ၂ မိုင် ၃ ဖာလုံခန့်အကွာရှိ လဲဂွရွာနှင့် လက်ပံအိုင့် ကျေးရွာ  မြောက်ဘက်  ၂  မိုင်ခန့်အကွာရှိ  မြောက်ကျောက်အိုးနှင့်  ဂဲမိုးအိုင်နေရာသို့ ရောက်ရှိလေ့လာနိုင်ကြောင်း သိရသည်။

 


ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်၏ ခရီးစဉ်ဒေသအသစ်  ရှာဖွေဖော်ဆောင်ထားသည့် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ပုဂံရုံးခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းအောင်နှင့် တာဝန်ရှိသူများ သည် ဂဲမိုးအိုင်ခရီးစဉ်ဒေသအား အကြိမ်ကြိမ်သွားရောက်လေ့လာပြီး    ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ရပ်ရွာအခြေပြု သဘာဝအခြေခံခရီး သွားလုပ်ငန်း    အခြေခံအကြောင်းအရာများနှင့်     ဂေဟစနစ်မပျက်    ရှိနေသေးသည့်   ပုပ္ပားတောင်မကြီး တောင်ဘက်ခြမ်းအား    ပြည်တွင်းခရီးသွားများသာမက      ပြည်ပ ခရီးသွားများပါ  စိတ်ဝင်စားမှု  မြင့်တက် လာနိုင်ပြီး  ဒေသခံများ  အလုပ်အကိုင် အခွင့်အလမ်းရရှိစေသည့်အပြင်  သဘာဝ တော၊ တောင်၊ ရေ၊ မြေကိုလည်း မြတ်နိုး ချစ်ခင်တန်ဖိုးထားစေလာနိုင်ရန် ရည် ရွယ်ပြီး ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း ဖော်ဆောင်ရခြင်းဖြစ်ကြောင်း ဟိုတယ် နှင့်    ခရီးသွားညွှန်ကြားမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်း အောင်(ပုဂံရုံးခွဲ)က ရှင်းပြသည်။ 

 


ဂဲမိုးအိုင်ဒေသသစ်       ခရီးစဉ်တွင်    ဂဲမိုးအိုင်၊         လက်ငါးချောင်းအိုင်၊  ဂဲတစ်လုံးစို့နေရာ၊   ဗျောဗျောကျအိုင်၊ စကောဝိုင်းအိုင်၊ ကျောက်သားလျှိုမြောင် တစ်လျှောက်ဝင်ရောက်၍     သဘာဝ အခြေခံခရီးစဉ်တစ်ခုကို  လက်တွေ့ခံစားကြည့်ရှုနိုင်မည်ဖြစ်သကဲ့သို့       မြောက် ကျောက်အိုးရှိ ဒေသခံများအခေါ်  ကြီးမား သည့်  ကျောက်ဖျာကြီးများပေါ် ရေစီး ဆင်းခဲ့ရာမှ   ရေလှောင်ကန်ပုံသဏ္ဌာန်    ဖြစ်ပေါ်နေခြင်းကြောင့်    ကျောက်အိုး ခေါ်တွင်ကြောင်း၊  ဂဲမိုးအိုင်ဟု  ဒေသခံ များ  ခေါ်တွင်ရခြင်းမှာ  ရေအိုင်ကြီးပေါ် ကြီးမားသည့်      (ကျောက်တုံးအမိုး)    ဂဲကြီးမိုးနေသည့်အတွက်   ဂဲမိုးအိုင်ဟု ခေါ်တွင်ကြောင်း၊  ဂဲတစ်လုံးစို့အိုင်သည် လျှိုမြောင်ကျောက်ရိုး တစ်ဖက်တစ်ချက် ၏ အလယ်တွင် ကြီးမားသည့်  ကျောက် တုံးကြီးတည်ရှိနေခြင်းကြောင့်  ဂဲတစ်လုံး စို့အိုင်ဟု   ခေါ်တွင်ခဲ့ကြောင်း၊ စကောဝိုင်း အိုင်သည်    ယခင်ရေစီးကြောင်းတည့်တည့် တွင် ဝိုင်းစက်စက်အနေအထား ဖြစ်နေ သည့်အတွက် စကောဝိုင်းအိုင်ဟု ခေါ်တွင် ခဲ့ကြောင်း သိရသည်။

 


ညောင်ဦးခရိုင်    ကျောက်ပန်းတောင်း မြို့နယ်အတွင်းရှိ ခရီးစဉ်ဒေသများအနေ ဖြင့် လဲဂွကျေးရွာနှင့် လက်ပံအိုင့်ကျေးရွာ ပတ်ဝန်းကျင်၏  တောင်ဘက် ၂ မိုင်ခန့် အကွာ  မဟာဗောဓိငါးထောင်  (မတ်တစ် ထောင်တောင်တန်း)နှင့်  ကြက်မောက် တောင်ဆည်၊ အနောက်ဘက် ၁ မိုင်ခန့် အကွာ  ငွေတွင်းတောင်တောင်တန်းတွင် ဘုရားလေးဆူအား     ဖူးမြော်နိုင်ပြီး မြောက်ဘက်  ၂ ဖာလုံအကွာတွင် နှစ်ပေါင်း  ၉၀  ကျော် ခန့်ရှိ    မပုပ်မသိုးရုပ်ကလာပ်တော်   ဦးစန္ဓမထေရ်  (ရဟန္တာ)နှင့်     လဲဂွရွာ  ရွှေနတ်တောင်ကုန်းပေါ်တွင်    တည်ထား သည့်   ရွှေနတ်တောင်စေတီဘုရားစုကို ဖူးမြော်နိုင်ပေသည်။  အဆိုပါ  ရွှေနတ် တောင်စေတီသမိုင်းအား        ရွာထဲရှိ    သက်ကြီးဘိုးဘွားများ၏     တစ်ဆင့်   စကားအရ     ရွှေဖျင်းညီနောင်ညီအစ်ကို နှစ်ဦး     ရွှေနတ်တောင်ဘုရားပွဲတိုင်း    လာရောက်   ဆွမ်းကပ်၊  ပျော်စံသည့်  ဘုရားဖြစ်ကြောင်းလည်း သိရသည်။ 

 


ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာလအလွန် ရပ်ရွာအခြေပြု     ခရီးသွားလုပ်ငန်း၊  သဘာဝအခြေခံ ခရီးသွားလုပ်ငန်းများနှင့် သင့်လျော်သည့်   ခရီးစဉ်ဒေသအသစ်များ၊ ရှာဖွေဖော်ထုတ်ပြီး ဒေသဖွံ့ဖြိုးတိုးတက် ရေးအတွက်  အထောက်အကူပြုစေရန် နှင့်     ပြည်တွင်း   ပြည်ပ     ခရီးသွားများ တောတောင်ရေမြေ    သဘာဝအလှအပ များကို    ခံစားနိုင်စေရန်   ရည်ရွယ်၍    ခရီးစဉ်ဒေသအသစ်များ   ဖော်ဆောင်နိုင် ရေး ဆောင်ရွက်လျက်ရှိကြောင်း ဟိုတယ် နှင့်     ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ပုဂံရုံးခွဲ)မှ သိရသည်။

မောင်မောင်ထိန်
(ကျောက်ပန်းတောင်း)