ကချင်ပြည်နယ်အတွင်း မငြိမ်သက်မှုဖြစ်စဉ်များတွင် ထိခိုက်မှုအနည်းဆုံးဖြင့် ထိန်းသိမ်းဆောင်ရွက်နိုင်

 

မြစ်ကြီးနား ဖေဖော်ဝါရီ ၂၃


ကချင်ပြည်နယ်   ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့    ဖွဲ့စည်းမှု နှစ်ပတ်လည်နေ့   အထိမ်းအမှတ်အဖြစ်  အဖွဲ့ဝင် များ၏ လုပ်ငန်းဆောင်ရွက်မှုများ ရှင်းလင်းတင်ပြ ခြင်းနှင့် နှစ်ပတ်လည်နေ့ အခမ်းအနားကို ဖေဖော် ဝါရီ ၂၁ ရက်က  မြစ်ကြီးနားမြို့ရှိ  ပြည်နယ်အစိုးရ အဖွဲ့ရုံး၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက် ထိန်နန် တက်ရောက်အမှာစကားပြောကြားသည်။

 


ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်ညှိနှိုင်းဖျန်ဖြေ ရေးအဖွဲ့ အနေဖြင့်   ပြည်နယ်တည်ငြိမ်အေးချမ်းမှု ရှိစေရေးနှင့်  မငြိမ်သက်မှုဖြစ်စဉ်များတွင်  ထိခိုက်မှု အနည်းဆုံးဖြင့်    ထိန်းသိမ်းဆောင်ရွက်နိုင်ခဲ့သည့် အတွက် မိမိတို့အစိုးရအဖွဲ့အနေဖြင့် ပါဝင်ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသည့်       အဖွဲ့ဝင်တစ်ဦးချင်းစီအား ကျေးဇူးတင်ကြောင်းနှင့် ရှေ့ဆက်ပြီး မိမိတို့ပြည်သူ များအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း ဂုဏ်ပြုပြောကြားသည်။

 


ထို့နောက်  ပြည်နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ(၃)    ဒေါ်ဘောက်ဂျာက   နိုင်ငံရေး အပြောင်းအလဲကာလအတွင်း     ပြည်နယ်တည်ငြိမ် အေးချမ်းရေးနှင့်   ပြည်နယ်သူ   ပြည်နယ်သားများ ထိခိုက်နစ်နာမှုမရှိစေရေးအတွက် အဖွဲ့၏ ကြိုးပမ်း ဆောင်ရွက်ခဲ့မှုများနှင့်  ပတ်သက်၍  နှစ်ပတ်လည် အစီရင်ခံစာနှင့်  ရှေ့လုပ်ငန်းစဉ်များကို  ရှင်းလင်း ဖတ်ကြားတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က အဖွဲ့ အတွက်   ထောက်ပံ့ငွေကျပ်   ၁၀   သိန်း   ပေးအပ် သည်။ 

 


ဆက်လက်၍      ပြည်နယ်ဝန်ကြီးချုပ်သည်  မြစ်ကြီးနားခရိုင် ချီဖွေမြို့နယ်နှင့် ဆော့လော်မြို့နယ်  ဖွံ့ဖြိုးရေးအတွက်   ဒေသခံပြည်သူများ၏   တင်ပြ ချက်များအပေါ် သက်ဆိုင်ရာကဏ္ဍအလိုက် ဖြည့် ဆည်း အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်ရန် ဌာနဆိုင်ရာ  တာဝန်ရှိသူများနှင့်  လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်ပြီး   ချီဖွေ၊ ပန်ဝါ၊ ဆော့လော်၊ ဖီမော်ဒေသများတွင်    ပြည်သူများ   လိုအပ်လျက် ရှိသည့်  အားကစားကွင်း  တည်ဆောက်ပေးရေး၊ နေရပ်စွန့်ခွာပြည်သူများ ပြန်လည်နေရာချထားရေး ဆိုင်ရာ ကိစ္စရပ်များ၊ အောက်ဆီဂျင်စက်ရုံတည်ဆောက် ပေးရေး၊     မြို့များ    သန့်ရှင်းသာယာလှပရေး၊ အမှိုက်သိမ်းယာဉ်များ   ချထားပေးနိုင်ရေး၊    ရေ လုံလောက်မှုရှိစေရေး၊ ပညာရေး၊ ကျန်းမာရေးနှင့်   စိုက်ပျိုးရေးဆိုင်ရာ   ကိစ္စရပ်များ၊   လမ်း တံတား ပြုပြင်တည်ဆောက်ပေးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးသည်။

 


ထို့နောက်    ဌာနဆိုင်ရာ    တာဝန်ရှိသူများ၏ ဆွေးနွေးတင်ပြမှုများအပေါ်  ပြည်နယ်ဝန်ကြီးချုပ်က ချက်ချင်းဖြည့်ဆည်းဆောင်ရွက်ပေးနိုင်သည့် ကိစ္စ ရပ်များကို  အမြန်ဆုံး  ဖြည့်ဆည်းဆောင်ရွက်ပေး ရေးနှင့်  ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် စီမံကိန်းလုပ်ငန်းတွင် ထည့်သွင်း ရေးဆွဲပြီး အကောင်အထည်ဖော်ဆောင်ရွက်ပေး နိုင်ရေး မှာကြားကာ ပန်ဝါနှင့် ဖီမော် နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက်လည်း    ညှိနှိုင်း ဆောင်ရွက်ပေးသည်။


ပြည်နယ်
(ပြန်/ဆက်)