ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ထိထိရောက်ရောက် တုံ့ပြန်ဆောင်ရွက်

 

ဘားအံ  ဖေဖော်ဝါရီ   ၂၃


ကိုဗစ်-၁၉ ရောဂါ ပြည်တွင်းကူးစက်မှုနှုန်း ပြန်လည်မြင့်တက်နေပြီး ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း များကို ထိထိရောက်ရောက်တုံ့ပြန်ဆောင်ရွက်ကြရန် ဖေဖော်ဝါရီ ၂၃ ရက် နံနက် ၁၀ နာရီက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ အား မှာကြားသည်။

 


ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်         ပြည်သူ့ အကျိုးပြုလုပ်ငန်းများ   ဆောင်ရွက်ရာတွင်   ပိုမို ထိရောက်မြန်ဆန်စေရေး   ကရင်ပြည်နယ်အစိုးရ အဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး  (၃/၂၀၂၂) တွင်   မှာကြား ခဲ့ခြင်းဖြစ်ပြီး    ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ် အတွင်း    အသိပညာရှင်၊   အတတ်ပညာရှင်များ   ပေါများစေရေး        ပညာရေးနှင့်   ပတ်သက်ပြီး အလေးထားဆောင်ရွက်ရန်လိုကြောင်း၊ စိုက်ပျိုးရေး နှင့်ပတ်သက်၍ ဓာတ်မြေဩဇာများ အသုံးပြုခြင်း အား လျှော့ချပြီး သဘာဝမြေဩဇာများဖြင့် အစားထိုး အသုံးပြုနိုင်ရေး   ကြိုးပမ်းကြစေလိုကာ  ရေ၊  မြေ သဘာဝသယံဇာတများကို အကျိုးရှိစွာအသုံးချစေလိုကြောင်း၊  ဒေသတွင်းတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများတွင် ဌာနဆိုင်ရာတာဝန်ရှိသူများအားလုံးက ဦးဆောင်ပါဝင်ဆောင်ရွက်ကြစေလိုကြောင်း၊ ကိုဗစ်-၁၉ ရောဂါ စတုတ္ထ လှိုင်း စတင်နေပြီး ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများကို ထိထိရောက်ရောက် တုံ့ပြန်ဆောင် ရွက်ကြရန်လိုကြောင်း၊ မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ် အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် နေရပ်ပြန် ပြည်သူများအား    မြဝတီမြို့တွင်  လက်ခံထားရှိ ဆောင်ရွက်ပေးလျက်ရှိရာ   ရောဂါပိုးတွေ့ရှိနှုန်း မြင့်မားနေပြီး ပြည်တွင်းသို့ ကူးစက်ပျံ့နှံ့မှုမရှိစေရေး စနစ်တကျဖြင့် အသွားအလာကန့်သတ်စောင့်ကြည့် စေလိုကြောင်း ပြောကြားသည်။ 

 


ထို့နောက် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန် ရှိသူများက   ယခင်အပတ်  အစည်းအဝေးဆုံးဖြတ် ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှု အခြေ အနေများကို ဆွေးနွေးရှင်းလင်းတင်ပြခဲ့ကြပြီး ကရင် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်   ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက  ထပ်ဆင့်ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။

 


ယင်းနောက်       ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက     ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား      ဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က      နိဂုံးချုပ်အမှာစကား ပြောကြားသည်။

 


အလားတူ ကရင်ပြည်နယ်၏မြို့တော်   ဘားအံ မြို့အား   မြို့တော်အင်္ဂါရပ်များနှင့်အညီ   သန့်ရှင်း သာယာလှပသည့် အစိမ်းရောင်မြို့တော်ဖြစ်စေရေး အကောင်အထည်ဖော်           ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်    တာဝန်ရှိသူများသည် ဖေဖော်ဝါရီ ၂၂ ရက် ညနေ ၄ နာရီခွဲခန့်က ဘားအံ-ထုံးအိုင်လမ်းမကြီး ဘေးဝဲယာနှစ်ဖက် နိဗ္ဗိန္ဒတံတားမှ စောစံစီဖိုးလမ်းဆုံထိ (၇၃၂၀ x ၃  x ၄ ) ပေ၊ ဘားမဲ တောင်ခြေမှ   ရွှေကင်းတူးမြောင်းထိ  ပေ  ၂၁၃၀  အုတ်စီရေမြောင်းနှင့် လူသွားပလက်ဖောင်း ပြုလုပ် ခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးရာ ပြည်နယ်စည်ပင် သာယာရေးအဖွဲ့     ညွှန်ကြားရေးမှူး  သူရမြင့်သူ၊ အင်ဂျင်နီယာမှူးကြီး ဦးစိုးလွင်နှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှု       အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ  မှာကြားသည်။

 


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဘားအံမြို့ အမှတ်(၉)ရပ်ကွက် ဗိုလ်ချုပ်လမ်းတွင် ပြည်နယ်  စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက် လျက်ရှိသော (၂၅၀၄  x ၃  x ၄) ပေ မြောင်းဖုံးပါ အုတ်စီရေမြောင်း ပြုလုပ်ခြင်းလုပ်ငန်းအား ကြည့်ရှု စစ်ဆေးပြီး    လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)