
နေပြည်တော် ဖေဖော်ဝါရီ ၂၂
တပ်မတော်(ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင် များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်း များ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်း ခြင်းနှင့် နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်း ပြည်နယ်(တောင်ပိုင်း) မိုင်းနောင်မြို့နယ်ရှိ သီရိနန္ဒာ ဝတီကုန်းတော်ဘုန်းတော်ကြီးကျောင်း၊ မင်္ဂလာ ရန်အောင် ဘုန်းတော်ကြီးကျောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဖြတ်မြို့ ဝမ်ဟွေဘုန်းတော်ကြီး ကျောင်း၊ ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ရဲမွန်ကျေးရွာရှိ ကျိုက်ထီးရိုးလေးကျောင်းတိုက်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် ခနောင်တိုအရှေ့ရပ်ကွက် ရှိ ဓမ္မပီတိကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့ သဟပုညကာရီကျောင်း၊ မန္တလေး တိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ရန်ကင်းတောင်ခြေ ရှိ ချမ်းမြရံသီပရိယတ္တိစာသင်တိုက်နှင့် ပဲခူးတိုင်း ဒေသကြီး ပြည်ခရိုင် ပြည်မြို့ မြောင်းငယ်လှကျေးရွာရှိ မြောင်းငယ်လှဘုန်းတော်ကြီးကျောင်းတို့ရှိ ဆရာ တော်၊ သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင် များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် လေးမျိုး၊ နဝကမ္မအလှူငွေများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်း ရရှိသည်။ သတင်းစဉ်