တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ


 

နေပြည်တော် ဖေဖော်ဝါရီ  ၂၁
ကိုဗစ်-၁၉ ရောဂါ   ကာကွယ်၊ ထိန်းချုပ်၊  ကုသရေးဆောင်ရွက် ရာတွင်  ကာကွယ်ဆေးထိုးနှံခြင်း သည်    အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့်        လုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့်    တိုင်းဒေသကြီး နှင့်       ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊      သာသနာ့ နွယ်ဝင် သီလရှင်များ၊ ဘာသာရေး ခေါင်းဆောင်များ      အပါအဝင် လူမျိုးမရွေး       ဘာသာမရွေး အသက် ၄၀ အထက်    ဒေသခံ ပြည်သူများ၊      အကျဉ်းသား၊ အကျဉ်းသူများ၊  မသန်စွမ်းသူများ၊  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များ၊     နာတာရှည်ရောဂါအခံရှိ သူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီ   တိုက်ပွဲရှောင်စခန်းများ အတွင်းရှိ ပြည်သူများ၊  အသက် (၁၂)နှစ်အထက်   အခြေခံပညာ အလယ်တန်းနှင့်   အထက်တန်း အဆင့်  ကျောင်းသား၊ ကျောင်းသူ များစသည့်    ဦးတည်အုပ်စုများ သတ်မှတ်၍    တပ်မတော်မှ ဆေးအဖွဲ့များ၊   ပြည်သူ့ဆေးရုံ များမှ  ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး    ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ် ဆေးထိုးခြင်း   လုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက် ပေးလျက်ရှိသည်။
ထိုသို့  ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်      ရှမ်းပြည်နယ် အရှေ့ပိုင်း    မိုင်းပျဉ်းမြို့နယ်၌ ဒေသခံပြည်သူ ၁၆၁ ဦး၊ မွန်ပြည် နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်ငါးမြို့နယ်၌   ဒေသခံ ပြည်သူ ၉၀၅ ဦး၊ ရန်ကုန်တိုင်း ဒေသကြီး    တာမွေမြို့နယ်၌ ဒေသခံပြည်သူ ၇၂၁ ဦး၊ ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌  ဒေသခံပြည်သူ ၁၅၂၂၂ ဦး၊  ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်ရှစ်မြို့နယ်တို့၌  ဒေသခံ ပြည်သူ ၁၀၄၂၅ ဦး၊  မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ခရိုင်ခုနစ်ခု၌ ဒေသခံပြည်သူ ၇၅၀၀ ၊  ပဲခူးတိုင်း ဒေသကြီး     တောင်ငူမြို့နှင့် ထန်းတပင်မြို့နယ်တို့၌   ဒေသခံ ပြည်သူ ၃၈၅ ဦးတို့ကို  တပ်မတော် မှဆေးအဖွဲ့များက ပြည်သူ့ဆေးရုံ များမှ  ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေး     ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း ၍   ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပေးခြင်းများ   ဆောင် ရွက်ပေးသည်။
ထို့အတူ    ကျောင်းသား၊ ကျောင်းသူများကိုလည်း  ကိုဗစ်-၁၉ ရောဂါ   ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ   ယနေ့တွင် ရှမ်းပြည်နယ်အရှေ့ပိုင်း    တာချီ လိတ်မြို့နယ်၌     ကျောင်းသား၊ ကျောင်းသူ   ၄၉၉ ဦး     နှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ   မြို့နယ်        ၂၆     မြို့နယ်တို့၌ ကျောင်းသား၊ ကျောင်းသူ ၁၉၆   ဦး တို့ကို တပ်မတော်မှဆေးအဖွဲ့များ က ပြည်သူ့ဆေးရုံများမှ ဆရာဝန် များ၊  သက်ဆိုင်ရာ     ကျန်းမာရေး ဝန်ထမ်းများ၊  စေတနာ့ဝန်ထမ်း များနှင့်   ပူးပေါင်း၍ ကိုဗစ်- ၁၉ ရောဂါ      ကာကွယ်ဆေးထိုးနှံ ပေးခြင်းများ   ဆောင်ရွက်ပေး သည်။
ထိုသို့  ဆောင်ရွက်ပေးနေမှု များကို သက်ဆိုင်ရာ တာဝန်ရှိသူ များက    သွားရောက်ကြည့်ရှု အားပေးပြီး    လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း  ဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်