
ပဲခူး ဖေဖော်ဝါရီ ၂၀
ပဲခူးတိုင်းဒေသကြီး အတွင်း ကျေးရွာပေါင်း ၆၅၇၅ ရွာရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ကျေးရွာပေါင်း ၅၀၈၁ ရွာအထိ လျှပ်စစ်မီးလင်းရေး ရရှိအောင် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရ သည်။
နိုင်ငံတော်အစိုးရအနေဖြင့် ကျေးလက်နေပြည်သူများ၏ လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အဓိကအခန်းကဏ္ဍဖြစ် သည့် လျှပ်စစ်မီးလင်းရေးကို အစဉ်အစိုက် ဆောင်ရွက်ပေး လျက်ရှိရာ ပဲခူးတိုင်းဒေသကြီး အတွင်း ကျေးရွာပေါင်း ၆၅၇၅ ရွာ ရှိရာ ၃၄၅၄ ရွာ လျှပ်စစ်မီးလင်း ရေးရရှိအောင် ဆောင်ရွက်ပေးပြီး ဖြစ်ကြောင်း၊ ထပ်မံ၍လည်း NEP Phase 1 (၁၁ ကေဗွီ ဓာတ်အား လိုင်းမှ နှစ်မိုင်အတွင်း) မီးလင်း မည့်ကျေးရွာပေါင်း ၅၃ ရွာ၊ NEP Phase 11 (၁၁ ကေဗွီဓာတ်အား လိုင်းမှ သုံးမိုင်အတွင်း) မီးလင်း မည့် ကျေးရွာပေါင်း ၁၃၂၇ ရွာ၊ ပြည်ထောင်စုရန်ပုံငွေဖြင့် မီးလင်း မည့်ကျေးရွာပေါင်း ၁၅၅ ရွာ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၂၀၂၁-၂၀၂၂ ခုနှစ် မီနီဘတ်ဂျက် ဖြင့် မီးလင်းမည့်ကျေးရွာ ၁၅ ရွာ၊ ၂၀၂၂-၂၀၂၃ ခုနှစ် ပဲခူးတိုင်းဒေသ ကြီးအစိုးရအဖွဲ့ ငွေလုံးငွေရင်းဖြင့် မီးလင်းမည့်ကျေးရွာ ၇၇ ရွာ စုစု ပေါင်း ကျေးရွာ ၁၆၂၇ ရွာကို လျှပ်စစ်မီးလင်းရေး ဆောင်ရွက် သွားမည်ဖြစ်သဖြင့် ကျေးရွာပေါင်း ၅၀၈၁ ရွာအထိ လျှပ်စစ်မီးရရှိ ရန် ဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း သိရသည်။
မီးလင်းရန် ကျန်ရှိနေသည့် ကျေးရွာပေါင်း ၁၄၉၄ ရွာကို ပဲခူး တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံ ငွေဖြင့် နှစ်အလိုက် ဘတ်ဂျက် လျာထား မီးလင်းစေရန် စီမံ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရ သည်။
“လျှပ်စစ်မီးလင်းရေး ရရှိ ရန် ဆောင်ရွက်ပေးတာကြောင့် လျှပ်စစ်မီးရရှိတာနဲ့ လျှပ်စစ်နဲ့ ပတ်သက်တဲ့ အကျိုးကျေးဇူး တွေ စတင်ခံစားရမှာ ဖြစ်ပါတယ်။ လျှပ်စစ်မီးမရခင် အစားအသောက် တွေကို ထင်း၊ မီးသွေးနဲ့ ချက်ပြုတ် ရာကနေ လျှပ်စစ်ကို အသုံးပြု ချက်ပြုတ်ရတဲ့အတွက် သစ်တော ပြုန်းတီးတာကို ကာကွယ်ရာ ရောက်ပါတယ်။ သစ်ပင်သစ်တော တွေ ပြုန်းတီးမှုနည်းလာတာနဲ့ အမျှ ရာသီဥတုမျှတမှန်ကန်လာ မှာ ဖြစ်ပါတယ်။ ထင်းမီးသွေးနဲ့ ချက်တဲ့ အိမ်ရှင်မတွေအနေနဲ့ ထမင်းပေါင်းအိုး၊ လျှပ်စစ်မီးဖို တွေ လျှပ်စစ်ပစ္စည်းတွေ အသုံးပြု ချက်ပြုတ်တဲ့အတွက် မီးဖိုချောင် အလုပ်တွေသက်သာပြီး စီးပွားရေး အလုပ်ကို ယခင်ကထက် ပိုလုပ် နိုင်တဲ့အတွက် စီးပွားဥစ္စာတွေ ပိုမိုတိုးတက်လာမှာ ဖြစ်ပါတယ်။ ကျေးလက်နေ ကျောင်းသား ကျောင်းသူတွေ လျှပ်စစ်မီးမရှိခင် က ဖယောင်းတိုင်မီး၊ မီးအိမ်မီး၊ ဆိုလာမီး အစရှိတဲ့မီးတွေနဲ့ တစ်နေ့ (၁/၂/၃) နာရီ စာကြည့် ရာကနေ လျှပ်စစ်မီးရပြီး ၂၄ နာရီ စာကြည့်နိုင်မှာ ဖြစ်ပါ တယ်။ လျှပ်စစ်မီးရတဲ့အတွက် လျှပ်စစ်နဲ့ပတ်သက်တဲ့ စက်မှု လုပ်ငန်းတွေကို လုပ်ကိုင်နိုင်ပြီး ကျေးရွာတွင်း စက်မှုလုပ်ငန်းတွေ ဖွံဖြိုးတိုးတက်လာမှာ ဖြစ်ပါ တယ်။ ဒါ့အပြင် လမ်းမီးတွေ ထွန်းညှိထားတဲ့အတွက် လူမှုရေး အရသော်လည်းကောင်း၊ ကျန်းမာ ရေးအရသော် လည်းကောင်း၊ ညပိုင်း ဘေးကင်းလုံခြုံစွာ သွားလာ နိုင်တဲ့ အကျိုးကျေးဇူးတွေ ရလာ နိုင်မှာဖြစ်ပါတယ်” ဟု ပဲခူးတိုင်း ဒေသကြီး လျှပ်စစ်အင်ဂျင်နီယာ ဦးရဲဝဏ္ဏက ပြောကြားသည်။
တင်စိုး(ပဲခူး)