
နေပြည်တော် ဖေဖော်ဝါရီ ၁၇
စာရေးဆရာမောင်မိုးယံ၏ ဧရာဝတီမှ နရဉ္ဇရာသို့ ခရီးသွား မှတ်တမ်းစာအုပ်ထွက်ရှိလာသည်။
ယင်းစာအုပ်တွင် အိန္ဒိယနိုင်ငံနှင့်နီပေါနိုင်ငံရှိ ဂေါတမမြတ်စွာ ဘုရားရှင်၏ ဖွား၊ ပွင့်၊ ဟော၊ စံရာဒေသသို့ ၁၄ ရက်ကြာ သွားရောက်ခဲ့ရာတွင် မြတ်စွာဘုရားရှင်၏ ဘဝဖြစ်စဉ်များ ဓာတ်ပုံ မှတ်တမ်း ၂၀၀ ခန့် ပါဝင်ပြီး ကိုဗစ်ကာလအတွင်း ကိုယ်တိုင်ခရီးသွားခွင့်မရသူများအနေဖြင့် ကိုယ်တိုင်လိုက်ပါကာ မြတ်ဗုဒ္ဓကို ဖူးမြော်ရသကဲ့သို့ ခံစားရေးဖွဲ့ထားသည့် စာအုပ်ကောင်းတစ်အုပ် ဖြစ်သည်။
ထို့အပြင် ခရီးတစ်လျှောက်မြင်တွေ့ရသော အိန္ဒိယနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးပုံရိပ်များကို မြန်မာနိုင်ငံ၏ အတိတ် သမိုင်းများနှင့်ချိန်ထိုး၍ တင်ပြထားရာ အတုယူစရာ သင်ခန်းစာများ ကိုပါ လေ့လာနိုင်မည်ဖြစ်သည်။
အဆိုပါစာအုပ်ကို မောင်မိုးယံစာပေ၊ ရန်ကုန်မြို့ ၀၉-၅၀၀၈၆၆၃ သို့ ဆက်သွယ်ဝယ်ယူနိုင်ပြီး အွန်လိုင်းမှ မှာယူလိုပါက We distribution စာပေတိုက် ဖုန်း - ၀၉-၂၅၀၀၉၁၉၁၃ နှင့် Wun Zin စာပေတိုက် ဖုန်း- ၀၉-၂၅၀၁၄၄၉၄ သို့လည်းကောင်း၊ ရန်ကုန် မြို့ စာပေဗိမာန်စာအုပ်ဆိုင်၊ ပန်းဆိုးတန်းလမ်း၊ ရာပြည့်စာအုပ်ဆိုင်၊ အင်းဝ၊ စာပေ လောကစာအုပ်ဆိုင်များတွင်လည်းကောင်း တန်ဖိုး ငွေကျပ် ၆၀၀၀ ဖြင့် ဆက်သွယ်ဝယ်ယူရရှိနိုင်ကြောင်း သိရသည်။
သတင်းစဉ်