
ရန်ကုန် ဖေဖော်ဝါရီ ၁၇
ပြည်တွင်းမှ ဟွာဝေးထုတ်ကုန်များကို သုံးစွဲသူများအတွက် သတ်မှတ် ထားသောထုတ်ကုန်များ၏ အစိတ်အပိုင်းပျက်စီးမှုများကို အထူး လျှော့ဈေးဖြင့် လဲလှယ်ပြုပြင်နိုင်မည့် one-price-repair ဝန်ဆောင် မှုကို ဟွာဝေးဆားဗစ်စင်တာများတွင် ဇန်နဝါရီ ၁ ရက်မှစ၍ ပြုလုပ် ခဲ့ကာ ဖေဖော်ဝါရီ ၂၀ ရက် အထိ ပြုလုပ်မည်ဖြစ်ကြောင်း ဟွာဝေးမှ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါဝန်ဆောင်မှုအရ သတ်မှတ်ထားသော ဟွာဝေးထုတ်ကုန် များ၏ မျက်နှာပြင်ပျက်စီးမှု၊ စက်ပြားချို့ယွင်းမှုနှင့် နောက်ကာဗာ ပျက်စီးမှုများအတွက် အပိုပစ္စည်းလဲလှယ်သည့် တန်ဖိုးကိုရော၊ လက်ခ ကိုပါ ဈေးနှုန်းသက်သာစွာဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ အစားထိုးလဲလှယ်မည့် အပိုပစ္စည်းများအတွက် မူရင်းအပိုပစ္စည်းများ ကိုသာ အသုံးပြုမည်ဖြစ်ပြီး ပြုပြင်မှုများအတွက် ရက် ၉၀ အာမခံ ကိုလည်း ရရှိမည်ဖြစ်ကြောင်း၊ ပစ္စည်းတန်ဖိုးနှင့် ပြုပြင်ခများမှာ ဖုန်းမော်ဒယ်အလိုက် ရှေ့မျက်နှာပြင် လဲလှယ်မှုအတွက် အနည်းဆုံး ကျပ်သုံးသောင်း၊ စက်ပြား လဲလှယ်မှုအတွက် အနည်းဆုံး ကျပ် လေးသောင်းနှင့် နောက်ကာဗာ လဲလှယ်မှုအတွက် အနည်းဆုံး ကျပ်နှစ်သောင်း ကျသင့်မည်ဖြစ်ပြီး စင်တာက အတည်ပြုသည့် ဝန်ဆောင်ခမှလွဲ၍ မည်သည့်အဖိုးအခမှ ထပ်မံပေးဆောင်ရန်လိုမည် မဟုတ်ကြောင်း သိရသည်။
ဖုန်းပြုပြင်မည့်သူများသည် စက်ပစ္စည်းကို စစ်ဆေးရန် သို့မဟုတ် ပြုပြင်ရန်အတွက် စင်တာသို့မပို့မီ မိမိ၏ ကိုယ်ရေးကိုယ်တာ အချက် အလက်များကို ကြိုတင်သိမ်းဆည်း/ဖျက်သိမ်းပြီးမှ ပေးအပ်ရန် လိုအပ် မည်ဖြစ်ပြီး ဟွာဝေးအနေဖြင့် စက်အတွင်းရှိ အချက်လက်များ၊ ဆော့ဖ်ဝဲ များ၊ အရေးကြီးဒေတာများ ပျက်စီးခြင်း သို့မဟုတ် ဆုံးရှုံးခြင်းကိုမူ တာဝန်ယူမည်မဟုတ်ကြောင်းလည်း ဟွာဝေးမှ ထုတ်ပြန်ချက်အရ သိရသည်။
ကျော်ဇင်ဦး