မူဆယ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေး အဖွဲ့များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်

 

မူဆယ် ဖေဖော်ဝါရီ ၁၇


ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ် နယ်စပ်ဒေသ၌    မူဆယ်ခရိုင် ကိုဗစ်-၁၉   ရောဂါကာကွယ် ထိန်းချုပ် ကုသရေး  ခရိုင်အဆင့် လုပ်ငန်းကော်မတီ   ကိုဗစ်- ၁၉ ရောဂါ    ကာကွယ်ဆေးထိုးနှံ အဖွဲ့အား    ဂုဏ်ပြုမှတ်တမ်းလွှာ နှင့်    အမှတ်တရလက်ဆောင် ပစ္စည်းပေးအပ်ပွဲကို ယမန်နေ့က  မူဆယ်မြို့ရှိ    ရွှေနဂါးခန်းမ၌ ကျင်းပသည်။

 


အခမ်းအနားတွင်      ခရိုင်  အုပ်ချုပ်ရေးမှူး   ဦးအောင်ဇော်မိုး က  အမှာစကား    ပြောကြားပြီး     မူဆယ်မြို့နယ်အတွင်း    ကိုဗစ် ရောဂါ  ကာကွယ်ရေးလုပ်ငန်းများ တွင်  ဝိုင်းဝန်းကူညီ  ဆောင်ရွက် ပေးသည့်    စိန်ရတနာဟိုတယ် ပိုင်ရှင်  ဒေါ်စစ်စိန်နှင့်   မိသားစုဝင် များအား    ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်သည်။

 


ဆက်လက်၍   ခရိုင်ပြည်သူ့ ဆေးရုံကြီးမှ ဒေါက်တာကျော်မျိုး ထက်က   ကျန်းမာရေးဝန်ထမ်း များ၊  ကိုဗစ်ကာကွယ်ဆေးထိုးနှံ ရေးအဖွဲ့   ခြောက်ဖွဲ့၊  စေတနာ့ လုပ်အားရှင်များနှင့်  ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်း များတွင် ဝိုင်းဝန်းကူညီဆောင်ရွက် ကြသူများအား ဂုဏ်ပြုမှတ်တမ်း လွှာနှင့် အမှတ်တရလက်ဆောင် ပစ္စည်းများ ပေးအပ်ကြောင်း  သိရ သည်။            

သန့်ဇင်(မူဆယ်)