တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

 

နေပြည်တော် ဖေဖော်ဝါရီ ၁၇


တိုင်းဒေသကြီးနှင့်   ပြည်နယ် အသီးသီးတို့၌  သံဃာတော်များ၊ သာသနာ့နွယ်ဝင်    သီလရှင်များ၊ ဘာသာရေး    ခေါင်းဆောင်များ အပါအဝင်  လူမျိုးမရွေး  ဘာသာ မရွေး အသက်   ၄၀ အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊  မသန်စွမ်းသူများ၊  တိုင်းရင်းသား   လက်နက်ကိုင်အဖွဲ့ များ၊    နာတာရှည်   ရောဂါအခံရှိသူ များ၊    ကယ်ဆယ်ရေးစခန်းများ၊  ယာယီတိုက်ပွဲရှောင်     စခန်းများ အတွင်းရှိ ပြည်သူများ၊ အသက် ၁၂ နှစ်အထက် အခြေခံပညာ အလယ် တန်းနှင့်    အထက်တန်းအဆင့် ကျောင်းသား     ကျောင်းသူများ စသည့်  ဦးတည်အုပ်စုများသတ်မှတ် ၍   တပ်မတော်မှ  ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်း များနှင့်  စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေး   ထိုးခြင်းလုပ်ငန်း များကို        ဆောင်ရွက်ပေးလျက် ရှိသည်။

 


ထိုသို့ ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၁၆ ရက်နှင့်  ယနေ့ တို့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နှင့်  နောင်ချိုမြို့တို့၌ ဒေသခံပြည်သူ   ၁၃၅၀၊   မွန် ပြည်နယ်နှင့်     ကရင်ပြည်နယ် အတွင်းရှိ     မြို့နယ်  ငါးမြို့နယ်၌ ဒေသခံပြည်သူ    ၁၃၅၉   ဦး၊ တနင်္သာရီတိုင်းဒေသကြီး     မြိတ် မြို့နယ်နှင့်     ပုလောမြို့နယ်တို့၌ ဒေသခံပြည်သူ ၈၁၆ ဦး၊ ရန်ကုန် တိုင်းဒေသကြီး၊ တာမွေမြို့နယ်၌ ဒေသခံပြည်သူ ၈၁၃ ဦး၊  ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ  မြို့နယ် ၂၆   မြို့နယ်၌  ဒေသခံပြည်သူ ၁၉၇၆၁ ဦး၊ ရခိုင်ပြည်နယ် အတွင်းရှိ မြို့နယ်  ၁၁ မြို့နယ်တို့၌ ဒေသခံ ပြည်သူ ၁၃၆၆၅ ဦးနှင့် မန္တလေး တိုင်းဒေသကြီးအတွင်းရှိ   ခရိုင် ခုနစ်ခုတို့မှ ဒေသခံပြည်သူ ၆၆၂၄ ဦးတို့ကို တပ်မတော်မှဆေးအဖွဲ့ များက    ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊    သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေး ထိုးနှံ ပေးသည်။

 


ထို့အတူ ကျောင်းသား ကျောင်း သူများကိုလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက် ရှိရာ   ယနေ့တွင်  ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ     မြို့နယ်   ၂၆ မြို့နယ်တို့၌ ကျောင်းသား  ကျောင်း သူ ၄၃၀   တို့ကို   တပ်မတော်မှ ဆေးအဖွဲ့ များက ပြည်သူ့ဆေးရုံများ မှ  ဆရာဝန်များ၊    သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊  စေတနာ့ ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်- ၁၉ ရောဂါ   ကာကွယ်ဆေးထိုးနှံ ပေးသည်။

 


ထိုသို့   ဆောင်ရွက်ပေးနေမှု များကို  သက်ဆိုင်ရာ  တာဝန်ရှိသူ များက     သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ပေါင်း စပ်ညှိနှိုင်း     ဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။

 
သတင်းစဉ်