
နေပြည်တော် ဖေဖော်ဝါရီ ၁၇
(၇၇) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် (၂၈) ကြိမ်မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ)စစ်တီးဝိုင်းပြိုင်ပွဲ တတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည် တော်ရှိ စစ်ကြောရေးနှင့် တည်းခို ရေးစခန်း စစ်ရေးပြကွင်း၌ ကျင်းပရာ (၂၈) ကြိမ်မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ ကျင်းပရေး ကော်မတီဥက္ကဋ္ဌ တွဲဖက်စစ်ရေး ချုပ် ဗိုလ်ချုပ် ဇင်မင်းထက်၊ ပြိုင်ပွဲ ကျင်းပရေး ကော်မတီဝင်များ၊ အကဲဖြတ် အမှတ်ပေးအဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်စစ်တီးဝိုင်းအသင်းများနှင့် ဖိတ်ကြားထားသူများ တက် ရောက်ကြသည်။
ယနေ့နံနက်ပိုင်း ပွဲစဉ်များ အဖြစ် အနောက်ပိုင်းတိုင်းစစ်ဌာန ချုပ် ကိုယ်စားပြု အမှတ် (၁)တပ်ခွဲစစ်တီးဝိုင်းအသင်း၊ အရှေ့ မြောက်တိုင်း စစ်ဌာနချုပ် ကိုယ်စားပြု အမှတ် (၁) တပ်ခွဲ စစ်တီးဝိုင်းအသင်း၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု အမှတ် (၁) တပ်ခွဲစစ်တီးဝိုင်း အသင်း၊ အမှတ် (၃၃) ခြေမြန် တပ်မဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်းအသင်း၊ အရှေ့တောင် တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု အမှတ် (၁) တပ်ခွဲ စစ်တီးဝိုင်း အသင်းနှင့် အနောက်မြောက် တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု အမှတ် (၁) တပ်ခွဲ စစ်တီးဝိုင်း အသင်းတို့ ယှဉ်ပြိုင်ကြသည်။
အဆိုပါ (၇၇) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် (၂၈) ကြိမ်မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်း ပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း ၂၈ သင်းဖြင့် ဖေဖော်ဝါရီ ၁၈ ရက် အထိ ကျင်းပသွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။
သတင်းစဉ်