ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဂျပန်နိုင်ငံ Mainichi သတင်းစာမှ သတင်းထောက် Ms. Kana Takagi ၏ မေးမြန်းမှုများ ဖြေကြား

 

နေပြည်တော်    ဖေဖော်ဝါရီ    ၁၇

 


ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ဂျပန်နိုင်ငံ Mainichi သတင်းစာမှ သတင်းထောက် Ms. Kana Takagi အား ယနေ့နံနက်ပိုင်းတွင်  အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံ၍ မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့သည်။ 

 


သတင်းထောက် Ms. Kana Takagi  က  မေးမြန်းရာတွင်  မြန်မာနိုင်ငံအနေဖြင့်  နိုင်ငံတကာ ခရီးသည်တင် လေယာဉ်များ ပြန်လည်လက်ခံမည့်အချိန်နှင့် ပြန်လည်  လက်ခံရန်    လိုအပ်သည့်     အခြေအနေ၊ ဆိုရှယ်မီဒီယာများ        ပျံ့နှံ့လာမှုကို အစိုးရအနေဖြင့်     ထိန်းသိမ်းရာတွင် အခက်အခဲဖြစ်ပေါ်မှု ရှိ/မရှိ၊ စာနယ်ဇင်း လွတ်လပ်ခွင့်အပေါ် ရှုမြင်သုံးသပ်ချက်၊ ပိတ်ပင်ထားသည့်    ပြည်တွင်းမီဒီယာ များကို    လိုင်စင်   ပြန်လည်ပေးအပ်နိုင် မည့်   အခြေအနေနှင့်   ပြန်ကြားရေး ဝန်ကြီးဌာနအနေဖြင့်   ပြည်ပသတင်း မီဒီယာများတွင် ဘယ်လိုသတင်းဖော်ပြ ချက်များ ပါရှိရန် မျှော်လင့်ထားပါသလဲ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး        ကောင်စီ စတင်တာဝန်ယူချိန်မှ တစ်နှစ်အတွင်း  ပြည်တွင်းစီးပွားရေး အခြေအနေအပေါ် သုံးသပ်ချက်၊      နိုင်ငံခြားကုမ္ပဏီများ ပြည်တွင်း၌   ပြန်လည်ရင်းနှီးမြှုပ်နှံလာ စေရေး လုပ်ဆောင်လျက်ရှိသည့် အခြေ အနေ၊         လာမည့်ရွေးကောက်ပွဲမှ တက်လာမည့် အစိုးရသစ်အား စီးပွားရေး စီမံခန့်ခွဲမှုများ လွှဲပြောင်းပေးအပ်နိုင်မည့်  အခြေအနေ၊       ပြည်ထောင်စုဝန်ကြီး အနေဖြင့်   ရခိုင်ပြည်နယ်   ဝန်ကြီးချုပ် အဖြစ်   တာဝန်ထမ်းဆောင်ခဲ့စဉ်   ရခိုင် ပြည်နယ်နှင့် ပတ်သက်သည့် ထင်မြင် ချက်နှင့်     လာမည့်ရွေးကောက်ပွဲတွင် ကျင့်သုံးရန် ပြင်ဆင်နေသည့် PR စနစ် အပေါ်     ရခိုင်     နိုင်ငံရေးပါတီများ၏ သဘောထားတို့နှင့် စပ်လျဉ်း၍ မေးမြန်း ခဲ့သည်။

 


မေးမြန်းချက်များနှင့်    ပတ်သက်၍  ပြည်ထောင်စုဝန်ကြီးက    ပြန်လည် ဖြေကြားရာတွင်               နိုင်ငံတကာ လေကြောင်းလိုင်းများကို   ပြန်လည် ဖွင့်လှစ်ရန်       ဆောင်ရွက်လျက်ရှိပြီး လက်ရှိအချိန်တွင် ကိုဗစ်-၁၉ အိုမီခရွန် ကူးစက်ပြန့်ပွားနေသည့်အတွက် ခေတ္တ ဆိုင်းငံ့ထားခြင်းဖြစ်ကာ    ဖေဖော်ဝါရီ လကုန်အထိ ဆိုင်းငံ့ကာလကို တိုးမြှင့် ထားပါကြောင်း၊ ထိုသို့ ယာယီကန့်သတ် ထားသော်လည်း   နေရပ်ကို   ပြန်လည် ဝင်ရောက်လာမည့်   နိုင်ငံသားများနှင့် နိုင်ငံခြားသားများအတွက် ကယ်ဆယ် ရေး လေယာဉ်ခရီးစဉ်များ၊ ကုန်စည်နှင့်  ဆေးပစ္စည်း    သယ်ယူပို့ဆောင်သည့် လေယာဉ်ခရီးစဉ်များနှင့်     အရေးပေါ် လေယာဉ်ခရီးစဉ်များ စသဖြင့်ခရီးစဉ် များ     ရှိပါကြောင်း၊     ခရီးသွားလာမှု သက်သက်ကိုသာ ယာယီကန့်သတ်ထား ခြင်းဖြစ်ပါကြောင်း၊ ပြည်ပနိုင်ငံများနှင့်  မိမိတို့နိုင်ငံတွင်    ကိုဗစ် - ၁၉     ရောဂါ ကာကွယ်ထိန်းချုပ်နိုင်သည့်      အနေ အထားများအပေါ်မူတည်ပြီး ပြန်လည် ဖွင့်လှစ်ရန်     စီမံဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

 


ဆိုရှယ်မီဒီယာအသုံးပြုမှုကို မိမိတို့ အစိုးရအနေဖြင့် ထိန်းချုပ်ထားခြင်းမရှိပါ  ကြောင်း၊  ဝက်ဘ်ဆိုက်များကို ဖွင့်လှစ် ပေးထားပါကြောင်း၊     ပြည်သူများက ဆိုရှယ်မီဒီယာကို   အကျိုးရှိရှိ    မှန်မှန် ကန်ကန်သုံးစွဲနိုင်ရန်          လိုအပ်ပြီး ထိုအတွက်လည်း      အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ရန် ပြန်ကြား ရေးဝန်ကြီးဌာနအနေဖြင့်   စီမံဆောင် ရွက်လျက်ရှိပါကြောင်း၊   နိုင်ငံတော်စီမံ အုပ်ချုပ်မှုကောင်စီ၏ သတင်းထုတ်ပြန် ရေးအဖွဲ့ကလည်း         တစ်လတစ်ကြိမ် သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး သတင်း အချက်အလက်များ ထုတ်ပြန်ပေးလျက် ရှိပါကြောင်း၊    MRTV   နှင့်     MOI ဝက်ဘ်ဆိုက်များကလည်း သတင်းအမှန် များကို     တင်ပေးလျက်ရှိပါကြောင်း၊ မိမိကိုယ်တိုင်ဦးစီးကာ နိုင်ငံခြားသံတမန် များကို    ဖိတ်ခေါ်ရှင်းလင်းခဲ့သည်များ လည်းရှိပါကြောင်း။

 


ဆိုရှယ်မီဒီယာ       ပျံ့နှံ့မှုအပေါ် သတင်းအချက်အလက် ထိန်းထားနိုင်ရန် အခက်အခဲရှိပါကြောင်း၊    ပြည်သူများ သတင်းအမှန်သိအောင် ကြိုးစားဆောင် ရွက်လျက်ရှိပါကြောင်း၊ သတင်းအမှန် များ လွှင့်နေသည့် MOI နှင့် MRTV တို့ သည်  YouTube ,  Facebook  တို့တွင် ဖြုတ်ချခံထားရသည့်အတွက် ပြည်သူ များ  သတင်းတု၊ သတင်းအမှားများကို နေ့စဉ်ရင်ဆိုင်နေရသည့်    အားနည်း ချက်များရှိသော်လည်း  တတ်နိုင်သမျှ  သတင်းအမှန်များ            မပြတ်ထုတ်လွှင့်မှု ဖြင့် အားသာမှုရှိအောင် စီမံဆောင်ရွက် လျက်ရှိပါကြောင်း။

 


စာနယ်ဇင်း        လွတ်လပ်ခွင့်နှင့် ပတ်သက်၍ ပိတ်ပင်တားဆီးထားခြင်း မရှိပါကြောင်း၊ စာနယ်ဇင်းလွတ်လပ် ခွင့်လည်း   ရှိသင့်ပါကြောင်း၊   သို့သော် စည်းမျဉ်းစည်းကမ်းကို လိုက်နာရန်နှင့် အပြန်အလှန်     လေးစားလိုက်နာရန် လိုပါကြောင်း၊ မိမိတို့နိုင်ငံတွင် သတင်း မီဒီယာ    ဥပဒေကို    ပြဋ္ဌာန်းထားပြီး ထိုဥပဒေ၊  ကျင့်ဝတ်အတိုင်း   လေးစား လိုက်နာကြပါက  ပြဿနာမရှိပါကြောင်း၊  သို့သော် သတင်းမီဒီယာများအနေဖြင့် ထုတ်လွှင့်သည့်     သတင်းများအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရမည့်အပြင် သတင်းအရင်းအမြစ်  ခိုင်မာမှုရှိရမည် ဖြစ်ပါကြောင်း၊      စည်းကမ်းတကျ လိုက်နာ     ဆောင်ရွက်ကြမည်ဆိုပါက ပိတ်ပင်တားဆီးစရာအကြောင်း   မရှိပါ ကြောင်း။ 

 


ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် သတင်းဌာနများ၊ သတင်းသမားများကို လိုက်နာကျင့်သုံးရမည့် ဥပဒေပြဋ္ဌာန်း ချက်များနှင့်အညီ  စာနယ်ဇင်း လွတ်လပ် ခွင့်   အပြည့်အဝ   ပေးထားပါကြောင်း၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ  ၃၅၄ တွင် နိုင်ငံသားတိုင်းသည် နိုင်ငံ တော်လုံခြုံရေး၊  တရားဥပဒေစိုးမိုးရေး၊  ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ  ပြဋ္ဌာန်းထားသည့်         ဥပဒေများနှင့် မဆန့်ကျင်လျှင်   မိမိ၏ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ  ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေ ခွင့်ရှိသည်ဟု     ဖော်ပြထားပါကြောင်း၊ နိုင်ငံသားတိုင်း လွတ်လပ်စွာရေးသား ထုတ်ဝေဖြန့်ချိခွင့်ရှိသည့်      သတင်း မီဒီယာလုပ်ငန်းများ    ဖြစ်ပေါ်စေရန်နှင့်  သတင်းမီဒီယာသမားများ၏ ရပိုင်ခွင့်နှင့် လွတ်လပ်ခွင့်များ ရရှိစေရန်ရည်ရွယ်၍  သတင်းမီဒီယာ ဥပဒေကို ပြဋ္ဌာန်းထားရှိခဲ့ပြီးဖြစ်ကြောင်း။ 

 


သတင်းမီဒီယာအခန်း   (၃)    တွင် သတင်းမီဒီယာသမားများ၏ ရပိုင်ခွင့် များ၊ အခန်း (၄) တွင် သတင်းမီဒီယာ သမားများ    လိုက်နာရမည့်   တာဝန်နှင့် ကျင့်ဝတ်များကို သတ်မှတ်ထားပေးပြီး ဖြစ်ပါကြောင်း၊    နိုင်ငံတော်ဥပဒေနှင့် မဆန့်ကျင်သည့်  နိုင်ငံတော်အကျိုးကို မထိခိုက်စေသည့် သတင်းမှန်သမျှကို လွတ်လပ်စွာ   ပြောဆိုခွင့်ရှိပါကြောင်း၊ စာနယ်ဇင်းလွတ်လပ်ခွင့်ကို     အလေး အနက်ထားပါကြောင်း၊  သတင်းမီဒီယာ လွတ်လပ်ခွင့်နှင့်             ပတ်သက်ပြီး ၂၀၁၂ ခုနှစ်နောက်ပိုင်း စာပေစိစစ်ရေး စနစ် ဖျက်သိမ်းပေးခဲ့ပါကြောင်း၊ သတင်း မီဒီယာကဏ္ဍကို         စတုတ္ထမဏ္ဍိုင်ဟု သတ်မှတ်ပြီး    နိုင်ငံတော်ဝန်ကြီးချုပ် ကလည်း      အလေးထားပါကြောင်း၊ စာနယ်ဇင်းလွတ်လပ်ခွင့်ကို အပြည့်အဝ ပေးထားပါကြောင်း၊      ဥပဒေနှင့်အညီ ဆောင်ရွက်စေလိုပါကြောင်း။ 

 


စာနယ်ဇင်းကျင့်ဝတ်၊   ဥပ‌ဒေကို လေးစားလိုက်နာကြပါက  မိမိတို့အနေ ဖြင့်     ပိတ်သိမ်းစရာအကြောင်းမရှိပါ ကြောင်း၊ လက်ရှိတိုင်းပြည်၏ အချုပ် အခြာအာဏာနှင့် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို  ပြိုကွဲစေမည့်သတင်း များ၊  Hate Speech  များ မပါဝင်ရန် မျှော်လင့်ပါကြောင်း၊ တစ်ဖက်စောင်းနင်း ဖြစ်စေမည့် သတင်းများ၊ လုပ်ကြံဖန်တီး နေသည့်  သတင်းလား၊   တကယ့်အမှန် သတင်းလား    သိချင်ပါက   မိမိတို့နှင့် ဆက်သွယ်စေလိုပါကြောင်း၊    အမှန် တရားကို ဖော်ထုတ်ပြီး အမှန်တရား သတင်းကို       ဖော်ပြစေလိုကြောင်း၊ ပြောချင်ရာပြောသည့် သတင်းများသည် အန္တရာယ်ကြီးမားပါကြောင်း၊      နိုင်ငံ တည်ငြိမ်            အေးချမ်းရေးကိုလည်း အထောက်အကူ           မပြုပါကြောင်း၊ စည်းကမ်းနှင့် ငြိစွန်းသည့် တချို့သတင်း မီဒီယာအေဂျင်စီများကို  ပိတ်ပင်ခဲ့သည် များ   ရှိပါကြောင်း၊  ပြည်တွင်းမီဒီယာ အေဂျင်စီများကို     လိုင်စင်ပြန်လည် ပေးအပ်နိုင်ရန်မှာ   ၎င်းတို့၏   လှုပ်ရှား ဆောင်ရွက်မှုများအပေါ်တွင် မူတည် နေပါကြောင်း၊  ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့်  နိုင်ငံတော်၏  အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေး၊ ပြည်ထောင်စု ကြီးမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး  ညီညွတ်ရေးအတွက်ရှေးရှုပြီး သတင်း ရေးသားထုတ်လွှင့်မှုများ    ပြုလာပါက  ၎င်းတို့၏    လိုင်စင်များကို    ပြန်လည် ပေးအပ်သွားမည်       ဖြစ်ပါကြောင်း၊ အတတ်နိုင်ဆုံး ဖြေလျှော့ကာ မီဒီယာ များနှင့်      လက်တွဲသွားလိုပါကြောင်း၊ သည်အတွက်လည်း အားလုံးကိုဖိတ်ခေါ် ထားပါကြောင်း၊    မီဒီယာများအနေဖြင့် လည်း  နိုင်ငံ့အရေး၊  ပြည်သူ့အရေးကို ရှေးရှုလုပ်ဆောင်ပါက      လိုင်စင်များ ကို    ပြန်လည်ပေးအပ်သွားမည်   ဖြစ်ပါ ကြောင်း။ 

 


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  အစိုးရ  စတင်တာဝန်ယူချိန်တွင် နိုင်ငံ၏  စီးပွားရေးမှာ       ကျဆင်းနေပြီးဖြစ်ပါ ကြောင်း၊ ယင်းမှာ ကမ္ဘာ့နိုင်ငံအသီးသီး တွင်    ဖြစ်ပွားနေသည့်     ကိုဗစ်-၁၉ ကပ်ရောဂါကြောင့်       ဖြစ်ပါကြောင်း၊   မိမိတို့    အစိုးရလက်ထက်တွင်    စက်ရုံ အလုပ်ရုံများကို   တော်တော်များများ ပြန်ဖွင့်နေနိုင်ပြီဟု      ပြောရမည်ဖြစ်ပါ ကြောင်း၊  တချို့ နိုင်ငံခြားကုမ္ပဏီများ  ထွက်သည်ဆိုခြင်းမှာ နိုင်ငံရေးကြောင့် ဖြစ်ပါကြောင်း၊ NUG ၊ PDF အကြမ်း ဖက် အဖွဲ့အစည်းများက  အကြမ်းဖက်   မီးရှို့ဖျက်ဆီးခဲ့မှုကြောင့်           ၎င်းတို့ ထွက်သွားရခြင်းဖြစ်ကြောင်း၊     ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်မှ စပြီး (FDI)နိုင်ငံခြားတိုက်ရိုက်    ရင်းနှီးမြှုပ်နှံမှု စီမံကိန်း ၁၈ ခုကို ခွင့်ပြုထားပြီးဖြစ်ပါ ကြောင်း၊ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံ မှု (MIC) စီမံကိန်း ၁၅ ခုကို ခွင့်ပြုထား ပြီးဖြစ်ပါကြောင်း၊      ယခုအချိန်အထိ ဖေဖော်ဝါရီ  ၁  ရက်မှစပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ ရင်းနှီးမြှုပ်နှံကဏ္ဍ  ၁၂  ခု၊   လုပ်ငန်းပေါင်း  ၄၄  ခုတွင် အမေရိကန်ဒေါ်လာ ၃၈၂၃ သန်းကျော် ကို   ခွင့်ပြုပေးခဲ့ရာ လျှပ်စစ်ကဏ္ဍတွင်  ၃၀၆၂ သန်းဖြင့်      အများဆုံးရင်းနှီးမြှုပ်နှံ ခဲ့ပါကြောင်း၊ အခြားဝန်ဆောင်မှုကဏ္ဍ  များတွင် ၂၃၇ သန်းကျော် ရင်းနှီးမြှုပ်နှံ ခဲ့ပါကြောင်း၊   စက်မှုကဏ္ဍတွင်   အမေ ရိကန်ဒေါ်လာ ၁၉၉ သန်းကျော် ရင်းနှီး မြှုပ်နှံခဲ့ပါကြောင်း၊ အမေရိကန်ဒေါ်လာ ၃၈၂၃ သန်းကျော်တွင် UK မှ အမေ ရိကန်ဒေါ်လာ ၂၅၀၄ သန်းနှင့် ဂျပန်နိုင်ငံ မှ အမေရိကန်ဒေါ်လာ ၅၁၆ သန်း မြှုပ်နှံ  ထားပါကြောင်း၊ စင်ကာပူနိုင်ငံမှ အမေ ရိကန်ဒေါ်လာ ၄၄၂ သန်း မြှုပ်နှံထားပါ  ကြောင်း။      

 


ယခင်နှစ်နှင့်     နှိုင်းယှဉ်ချက်အရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု    ဝင်ရောက်မှု သည်  ယခုနှစ်အတွင်း လုပ်ငန်းအရေ အတွက်ပေါင်း  ၁၂၈ ခု လျော့နည်းသွား သော်လည်း  ရင်းနှီးမြှုပ်နှံမှု ပမာဏအား ဖြင့် အမေရိကန်ဒေါ်လာ ၅၅၈ ဒသမ ၃၃၉    သန်း    တိုးမြှင့်ဝင်ရောက်ခဲ့ပါ ကြောင်း၊
ထိုသို့       ရင်းနှီးမြှုပ်နှံမှုလုပ်ခဲ့သည့် အတွက်          နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများမှ       နိုင်ငံသားလုပ်သား ၂၄၂၅၈ ဦး၊ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံ မှု  လုပ်ငန်းများမှ နိုင်ငံသားလုပ်သား ၁၁၇၀၄ ဦး စုစုပေါင်း နိုင်ငံသား ၃၅၉၆၂ ဦးအတွက်  အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ခဲ့ပါကြောင်း။ 

 


 အဓိက ကုန်သွယ်ဖက်ဖြစ်သော တရုတ်နိုင်ငံနှင့် Border Trade ကို ပုံမှန် ဖြစ်စေရန်      ဖော်ဆောင်နေနိုင်ပြီး ကုန်သွယ်မှုတွင်    ကျပ်နှင့်     ယွမ်ကို အခြေခံသော    ငွေပေးချေမှုကိုလည်း အောင်မြင်စွာဖြင့်     လုပ်ဆောင်နေပြီ ဖြစ်ပါကြောင်း၊      မြန်မာနိုင်ငံနှင့် ဆက်လက်ရင်းနှီးမြှုပ်နှံရန်   ဆန္ဒရှိနေ သော   နိုင်ငံများ   များစွာရှိပါကြောင်း၊ ဥပမာ   ဂျပန်    လုပ်ငန်းရှင်အများစု ဆောင်ရွက်နေသော သီလဝါစက်မှုဇုန် တွင် လုပ်ငန်းလိုအပ်ချက် အခက်အခဲ များကို ဖြေရှင်းဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် ယခုအချိန် တွင် ဆူပူအကြမ်းဖက်မှု နည်းပါးလာပြီး ကျောင်းများ       ပြန်ဖွင့်နေပြီဖြစ်ပါ ကြောင်း၊    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့်     လုပ်ငန်းများကို အောင်မြင်စွာ ထိန်းသိမ်းနိုင်ခဲ့ပြီး ဖြစ်ပါ ကြောင်း၊  ၂၀၂၂  ခုနှစ်တွင် ယခုထက် စီးပွားရေး     တိုးတက်အောင်       ပိုမို လုပ်ဆောင်နိုင်မည် ဖြစ်ပါကြောင်း။

 


နိုင်ငံခြားကုမ္ပဏီများ      ပြန်လည် ထွက်ခွာသွားခြင်းမှာ အချို့က ၎င်းတို့ မိခင်နိုင်ငံမှ     ပြန်လည်ထွက်ခွာရန် တွန်းအားပေးမှုများကြောင့်      ဖြစ်ပါ ကြောင်း၊ နောက်တစ်ပိုင်းမှာ ပြည်တွင်း တွင် အကြမ်းဖက်နေသည့် NUG နှင့် PDF များ၏ ဆောင်ရွက်မှုများကြောင့် ဖြစ်ပါကြောင်း၊ ကိုဗစ်ကာလအတွင်း  ကုမ္ပဏီများ ပြန်သွားကြသည်များ ရှိပါ ကြောင်း၊ သို့သော် ပြန်လည်ဝင်ရောက် လာသည့် ကုမ္ပဏီများလည်း များစွာရှိပါ ကြောင်း၊  ၂၀၂၁ ခုနှစ် မေလမှစတင်ကာ  Business visa ထောက်ခံဆောင်ရွက် ပေးပြီး Relief Flight များဖြင့် ဆောင် ရွက်ပေးခဲ့သည့်   ကုမ္ပဏီပေါင်း   ၃၂၀၀ ကျော်ရှိပြီး နိုင်ငံခြားသား အရေအတွက် အားဖြင့် ၉၀၁၀ ပြန်လည်ဝင်ရောက်လာပြီဖြစ်ပါကြောင်း၊ ပြည်ပနိုင်ငံများ၏ ဖိအားပေးမှုကြောင့်    ထွက်သွားသည့် ကုမ္ပဏီများရှိသလို    အသစ်ဝင်ရောက် လာသည်များလည်း     ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် နိုင်ငံတကာမှ ကုမ္ပဏီ များ ပြန်လည်ဝင်ရောက် ရင်းနှီးမြှုပ်နှံ လာရန်     နိုင်ငံတော်အစိုးရအနေဖြင့် ဘက်ပေါင်းစုံမှ စဉ်းစားဆောင်ရွက်လျက်  ရှိပါကြောင်း၊  ရင်းနှီးမြှုပ်နှံသူများအတွက် ခိုင်မာသည့် အာမခံချက်နှင့် စီးပွားရေး အကျိုးရလဒ်များအတွက် နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ      အကာ အကွယ်ပေးထားပါကြောင်း။

 


 ယခုအချိန်အထိ မြန်မာ့စီးပွားရေး ပြန်လည်ဦးမော့စေရေး     စီမံချက် (Myanmar   Economic    Recovery Plan-MERP) ကို စည်းကမ်းစနစ်တကျ ရေးဆွဲထားပြီး   အမြန်ဆုံး   အကောင် အထည်ဖော်လျက်ရှိပါကြောင်း၊ အဆိုပါ စီမံချက်တွင်         လုပ်ငန်းအစီအစဉ်  ၁၀     ခု၊    မျှော်မှန်းချက်  ၃၀၊  ရလဒ်  ၁၆၅   ခုနှင့်   လုပ်ငန်းစဉ်ပေါင်း  ၄၃၀ ပါဝင်ပါကြောင်း၊ စီမံချက်မှာ ကာလတို၊  ကာလလတ်    စီမံချက်ဖြစ်သော်လည်း အချို့လုပ်ငန်းစဉ်များကို    ကာလရှည် ဆက်လက်    အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်  ဖြစ်ပါကြောင်း၊ စီမံချက်တွင် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံ လိုသူများအတွက်  နံပါတ်တစ်  အာမခံ ချက်၊ နံပါတ်နှစ် နိုင်ငံတကာကစီးပွားရေး စံသတ်မှတ်ချက်၊  နံပါတ်သုံး လုံခြုံရေး၊ နံပါတ်လေး   လိုအပ်လာပါက  အခြား သော   ဖြေလျှော့မှုများကို  အဓိကထား ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက်  နိုင်ငံတကာက    ရင်းနှီးမြှုပ်နှံလိုသူများ အနေဖြင့်   ပြင်ပကမ္ဘာမှ   မဟုတ်မမှန် လုပ်ကြံချဲ့ကား      သတင်းများကို မယုံကြည်ကြဘဲ    စိတ်ချလက်ချ    ရဲရဲ တင်းတင်း မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံကြရန်     အလေးအနက်   ဖိတ်ခေါ်လိုပါကြောင်း။

 


အရေးပေါ်ကာလ  ပြဋ္ဌာန်းချက်များ  ပြီးစီးသွားပါက ရွေးကောက်ပွဲပြန်လည် ကျင်းပပေးသွားမည်ဆိုသည့်   ကတိကို အကောင်အထည်ဖော် ဆောင်ရွက်နိုင် ရေး အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက် နေကြောင်း၊   နိုင်ငံတော်၏   အထွေထွေ ရွေးကောက်ပွဲတွင်    နိုင်ငံတစ်ဝန်းလုံး စိတ်အေးချမ်းသာစွာ    ဒီမိုကရေစီအခွင့် အရေးများ   မဆုံးရှုံးရအောင်   မဲပေးနိုင် ရန်လိုပါကြောင်း၊  ရွေးကောက်ပွဲကျင်းပ ရန် တည်ငြိမ်လုံခြုံအေးချမ်းသည့် အခြေ  အနေရှိမှ   ပြည်သူများ    လွတ်လပ်စွာ မဲပေးနိုင်မည်ဖြစ်ပြီး သန့်ရှင်းတရားမျှတ သည့်    ရွေးကောက်ပွဲဖြစ်မည်   ဖြစ်ပါ ကြောင်း၊  ပြည်သူများအားလုံးအနေဖြင့်  နိုင်ငံတော်      တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်နေသည့် အစိုးရ၏ကြိုးပမ်းဆောင်ရွက်မှုများတွင်      ပူးပေါင်း ဆောင်ရွက်ရန်လိုပါကြောင်း၊ အရေးပေါ် ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ  ဆောင်ရွက်ပြီးစီးသွားသည့်အချိန်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ       ရွေးကောက်ပွဲကို ပြန်လည်ကျင်းပပြီး အနိုင်ရသည့်ပါတီကို ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော် တာဝန်များ   လွှဲအပ်ပေးနိုင်ရေး   ဆက် လက်ဆောင်ရွက်သွားမည်          ဖြစ်ပါ ကြောင်း။

 


မည်သည့်အစိုးရတက်သည်ဖြစ်စေ MIC   Law  သည်  ပြောင်းလဲ၍  မရပါ ကြောင်း၊ တည်ဆဲအစိုးရမှ MIC Law အရ  ချမှတ်ထားသည့် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုမှန်သမျှကို နောက်ထပ်တက်လာ သည့်    အစိုးရက   ခွင့်ပြုရမည်ဖြစ်ပါ ကြောင်း၊ မိမိတို့အနေဖြင့် အရင်အစိုးရ က   ချမှတ်ထားသည့်  လုပ်ငန်းများကို ဆက်လက်ခွင့်ပြုထားပြီး  MIC Law အရ မိမိတို့    ခွင့်ပြုထားသည့်   စီးပွားရေး လုပ်ငန်းများကိုလည်း  နောက်အစိုးရမှ ဆက်လက် ဆောင်ရွက်ရမည်ဖြစ်သည့် အတွက် ယုံကြည်စေလိုကြောင်း၊ မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကလည်း ဦးစားပေးမည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း များကို        ထုတ်ပြန်ထားပါကြောင်း၊ (၁)    ဓာတ်မြေဩဇာ   ထုတ်လုပ်ခြင်း လုပ်ငန်းများ  (၂) ဘိလပ်မြေ ထုတ်လုပ် ခြင်း   လုပ်ငန်းများ     (၃)      သံမဏိ ထုတ်လုပ်ခြင်းလုပ်ငန်းများ (၄) စိုက်ပျိုး ရေးလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်း၊ အဆိုပါ လုပ်ငန်းများနှင့် ဆက်စပ်သည့် လုပ်ငန်းများ (၅) တန်ဖိုးမြှင့်စားသောက် ကုန်များ   ထုတ်လုပ်ခြင်းလုပ်ငန်းများ (၆) လျှပ်စစ်ယာဉ်များ ထုတ်လုပ်သည့် လုပ်ငန်းများ (၇) ဆေးဝါးနှင့် ကျန်းမာ ရေးဆိုင်ရာ ပစ္စည်းထုတ်လုပ်မှု လုပ်ငန်း များနှင့်  (၈)  အများပြည်သူ သယ်ယူ ပို့ဆောင်ရေးလုပ်ငန်းများ ဖြစ်ပါကြောင်း၊ ထိုကဏ္ဍများနှင့်ပတ်သက်၍     ရင်းနှီး မြှုပ်နှံမှုများ ဖိတ်ခေါ်ထားပါကြောင်း၊ ခိုင်ခိုင်မာမာဖြင့် အာမခံချက် အပြည့်အဝ ပေးထားပြီး   နိုင်ငံ့စီးပွားရေး   တိုးတက် အောင်      စီမံဆောင်ရွက်လျက်    ရှိပါ ကြောင်း၊ နိုင်ငံအတွင်းရှိ ပြည်သူများ အလုပ်အကိုင်ရရှိအောင်၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်အောင်    နည်းပညာဖလှယ်မှု နှင့်အတူ    ဆောင်ရွက်ရန်    စီမံလျက်ရှိ သဖြင့် မြန်မာနိုင်ငံကို ယုံယုံကြည်ကြည် ဖြင့် လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ် လိုပါကြောင်း။

 


ရခိုင်ပါတီများအနေဖြင့် PR စနစ်ကို စဉ်းစားနေဆဲဟု မြင်ပါကြောင်း၊ နိုင်ငံ ရေး   ပါတီ   ၆၂  ပါတီမှ  PR  စနစ်ကို သဘောတူကြောင်း ဆွေးနွေးပွဲများ၏ အနေအထားအရ     တွေ့ရပါကြောင်း၊ ကမ္ဘာ့နိုင်ငံများဖြစ်သည့် ဂျာမနီ၊ အီတလီ၊ နော်ဝေ၊  အိုင်ယာလန်၊  ဖင်လန်၊ ဆွီဒင်၊ နယ်သာလန်၊ ဘယ်လ်ဂျီယံ၊ ဒိန်းမတ်၊ ထိုင်း၊ ဆွစ်ဇာလန် စသည့် နိုင်ငံများတွင်  PR စနစ်ကို ကျင့်သုံးသည်ကို တွေ့ရပါ ကြောင်း၊ ယခုသွားနေသည့်လမ်းကြောင်း သည် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို သွားနေသည့်အတွက်   PR   စနစ်သည် အလွန်အကျိုးရှိသည့်        စနစ်ဖြစ်ပါ ကြောင်း၊   ဒီမိုကရေစီနှင့်    ဖက်ဒရယ် စနစ်ကို     မသွားမီက    တိုင်းရင်းသား ပြည်နယ်များသည် ၎င်းတို့၏ ပြည်နယ် များကို စီမံကွပ်ကဲလိုသော စိတ်များရှိကြ ပြီး ယခုကဲ့သို့ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို   သွားသည့်အခါ   ၎င်းတို့ရသင့် သည့် အခွင့်အရေးများ၊ ၎င်းတို့ပြည်နယ် ကို ၎င်းတို့စီမံခွင့်ရသည့် အနေအထား တွင် PR စနစ်ကို လက်ခံမည်ဟု ယုံကြည် ပါကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်  အဖွဲ့များနှင့်          ဆွေးနွေးမှုများတွင် တိုးတက်မှုများနှင့်      ဆက်စပ်နေပါ ကြောင်း၊  ရခိုင်ပါတီများအနေဖြင့် နိုင်ငံ တော်အပေါ် ယုံကြည်မည်ဆိုလျှင် PR  စနစ်ကို လက်ခံမည်ဖြစ်ပါကြောင်း၊ မိမိ အနေဖြင့်လည်း တိုင်းရင်းသားများနှင့် အတူ    ယုံကြည်မှုကို    မြင့်သထက်မြင့် အောင် တည်ဆောက်ပြီး နိုင်ငံရေးပါတီ အများစု လက်ခံသည့် PR စနစ်ကို ရခိုင် ပါတီများကလည်း     လက်ခံလာနိုင်ပါ ကြောင်း ဖြေကြားသည်။   
   

သတင်းစဉ်