တပ်မတော်သည် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရန်နှင့် နိုင်ငံတော်၏ အခြေအနေအရပ်ရပ်ကို ထိန်းသိမ်းဆောင်ရွက်ပေးသူ(Guardian)အဖြစ် စိတ်ဓာတ်ခံယူ၍ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆောင်ရွက်သွားကြရန်လို

 

နေပြည်တော်   ဖေဖော်ဝါရီ    ၁၇


လက်ရှိအချိန်တွင်  တပ်မတော်အနေဖြင့်   နိုင်ငံတော်တာဝန်များကို      တာဝန်ယူ ထမ်းဆောင်ရလျက်ရှိပြီး ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ်ချမှတ်ဆောင် ရွက်လျက်ရှိကြောင်း၊   ယင်းလုပ်ငန်းစဉ် များနှင့်    ဦးတည်ချက်များအတိုင်းသာ ခိုင်ခိုင်မာမာ ရပ်တည်ဆောင်ရွက်သွား မည်ဖြစ်ပြီး အောင်မြင်အောင် လုပ်ဆောင် ရမည်ဖြစ်ကြောင်း၊     ပါတီစုံဒီမိုကရေစီ စနစ်ကို    ခိုင်မာအောင်၊    အာမခံချက် ရှိအောင်      လုပ်ဆောင်ရမည်ဖြစ်ပြီး တပ်မတော်အနေဖြင့်  ပါတီစုံဒီမိုကရေစီ စနစ်ခိုင်မာအောင် ထိန်းသိမ်းစောင့်ရှောက် နေသည့်၊    နိုင်ငံတော်၏     အခြေအနေ အရပ်ရပ်ကို   ထိန်းသိမ်းစောင့်ရှောက် ပေးနေသည့် ထိန်းသိမ်းဆောင်ရွက်ပေးသူ (Guardian)   အဖြစ်   စိတ်ဓာတ်ခံယူ၍ ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ ဆောင်ရွက် သွားကြရန်         တိုက်တွန်းမှာကြားလို ကြောင်းဖြင့်    နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့တွင် တြိဂံဒေသ တိုင်းစစ်ဌာနချုပ်၊ မိုင်းပျဉ်းတပ်နယ်နှင့်  အရှေ့အလယ်ပိုင်းတိုင်း         စစ်ဌာနချုပ်၊ ခိုလမ်တပ်နယ်တို့မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား သီးခြားစီသွားရောက် တွေ့ဆုံ       အမှာစကား   ပြောကြားစဉ် ထည့်သွင်းပြောကြားသည်။

 


အဆိုပါ တွေ့ဆုံပွဲများသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ           ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊   ကာကွယ်ရေးဦးစီးချုပ် (ရေ)   ဗိုလ်ချုပ်ကြီး  မိုးအောင်နှင့်  ဇနီး၊  ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ် ကြီး ထွန်းအောင်နှင့် ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ     တပ်မတော်အရာရှိကြီး များနှင့်  ဇနီးများ၊   တြိဂံဒေသ တိုင်းစစ် ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်း၊ အရှေ့အလယ်ပိုင်းတိုင်း      စစ်ဌာနချုပ် တိုင်းမှူး  ဗိုလ်ချုပ်  လှမိုးနှင့်  တာဝန်ရှိ သူများ၊    တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ မိုင်းပျဉ်းတပ်နယ်နှင့် အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်၊   ခိုလမ်တပ်နယ်တို့မှ အရာရှိ၊    စစ်သည်၊     မိသားစုဝင်များ တက်ရောက်ကြသည်။

 


ဂုဏ်သိက္ခာရှိသည့် တပ်မတော်ဖြစ်


ဦးစွာ    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် က အမှာစကားပြောကြားရာတွင်  မိုင်းပျဉ်းတပ်နယ်ရှိ နယ်မြေခံတပ်သည် သက်တမ်းကြာရှည်ပြီဖြစ်ပြီး ဒေသတွင်း နေထိုင်လာသည်မှာ    ကြာမြင့်ပြီဖြစ်၍ ဒေသခံပြည်သူလူထုနှင့် တစ်သွေးတည်း တစ်သားတည်း ဖြစ်ရန်လိုအပ်မည်ဖြစ် ကြောင်း၊ ဒေသအတွင်း နယ်မြေစိုးမိုးရေး နှင့် နယ်မြေအေးချမ်းသာယာရေးအတွက် လာရောက်     တာဝန်ထမ်း‌ဆောင်နေကြ သည့်   နယ်မြေခံတပ်များ၊  ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူလူထုတို့ လက်တွဲညီညီ     ဆောင်ရွက်နိုင်ရမည် ဖြစ်ကြောင်း၊  ဒေသ၏  ဘာသာစကား မတူညီမှု၊       ဦးစီးဦးဆောင်ပြုသည့် တပ်အကြီးအကဲများ ပြောင်းရွှေ့တာဝန်  ထမ်းဆောင်ရမှုတို့ကြောင့် ဒေသခံများနှင့် ရင်းနှီးမှု၊  ပူးပေါင်းလုပ်ကိုင်ဆောင်ရွက် မှုတို့တွင်  လိုအပ်ချက်များ  ရှိနေသည်ဟု သုံးသပ်တွေ့ရှိရကြောင်း၊ လက်ရှိအချိန် တွင် ဖြစ်ပေါ်ခဲ့သည့် အခြေအနေများအရ  တပ်မတော်အနေဖြင့်     နိုင်ငံတော်၏ တာဝန်များကို တာဝန်ယူထမ်းဆောင် လျက်ရှိကြောင်း၊      တပ်မတော်၏ ခေတ်အဆက်ဆက်   အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် ပါဝင်ခဲ့သည့် အခြေအနေများကို နားလည်မှုလွဲမှားမှု၊  စိတ်သဘောထား မတိုက်ဆိုင်မှု၊ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင်      မလွှဲသာ၊ မရှောင်သာသော   အခြေအနေများအရ ဖွဲ့စည်းပုံအခြေခံဥပဒေ   (၂၀၀၈   ခုနှစ်) နှင့်အညီ   အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့ရမှုတို့ကို     လက်ခံနိုင်ခြင်း မရှိသူများအနေဖြင့်   သွေးထိုးလှုံ့ဆော်  နေမှုများ     ရှိနေပြီး      တပ်မတော်နှင့် ပြည်သူကို   သွေးကွဲအောင်   လုပ်ဆောင်  လျက်ရှိကြောင်း၊     တပ်မတော်သည်  စတင်ဖွဲ့စည်းချိန်မှစ၍   ယခုအချိန်အထိ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ခဲ့ သည့်၊ အစဉ်အလာရှိသည့်၊ ဂုဏ်သိက္ခာ ရှိသည့်          တပ်မတော်ဖြစ်ကြောင်း၊ ထို့ကြောင့် ထိုကဲ့သို့ ပြောဆိုနေမှုများကို လက်ခံ၍ ရနိုင်မည်မဟုတ်ကြောင်း။

 


ပြည်သူများ၏အကျိုးကို  ဆောင်ရွက် သူများကိုသာ    ပြည်သူများအနေဖြင့် လိုလားကြမည်ဖြစ်ကြောင်း၊    လက်တွေ့ ပါသည့်စည်းရုံးရေးနှင့် လက်တွေ့မပါသည့်  စည်းရုံးရေး နှစ်မျိုးရှိကြောင်း၊ လက်တွေ့ ပါသည့် စည်းရုံးရေးသည် ပြည်သူများ၏  အကျိုးဖြစ်သည့်   လူမှုဘဝစီးပွားဖွံ့ဖြိုး တိုးတက်ရေး၊ ပညာရေးနှင့် ကျန်းမာရေး အကျိုးများကို     ဆောင်ရွက်ကြခြင်းပင် ဖြစ်ကြောင်း၊  ယခုအချိန်တွင်လည်း မိမိ အနေဖြင့် လက်တွေ့ပါသည့် ဆောင်ရွက်မှု များဖြင့်    ပြည်သူများ၏      အကျိုးကို ဖော်ဆောင်ပေးလျက်ရှိကြောင်း။

 


တပ်မတော်၏ ကာကွယ်ရေး 
စွမ်းပကားများ ကောင်းမွန်ရန်


မိမိအနေဖြင့် တပ်မတော်ကာကွယ် ရေး ဦးစီးချုပ် တာဝန်ထမ်းဆောင်ချိန်မှစ၍  ယခုအချိန်အထိ     တပ်မတော်အတွင်း တစ်ပိုင်တစ်နိုင်စိုက်ပျိုးရေးနှင့်   တပ်ပိုင် စိုက်ပျိုးမွေးမြူရေး      လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း၊    အလားတူ တပ်မတော်သားများအတွက်     လိုအပ် သည့်  နေထိုင်ရေးနှင့်  စားသောက်ရေး ဆိုင်ရာများကိုလည်း          တတ်နိုင်သမျှ ဖြည့်ဆည်း    ဆောင်ရွက်ပေးခဲ့ကြောင်း၊ တပ်မတော်သည်    လွတ်လပ်ရေးရရှိပြီး  အချိန်မှစ၍ နိုင်ငံ၏ အချုပ်အခြာအာဏာ  တည်တံ့ခိုင်မြဲရေးအတွက် နိုင်ငံ၏သမိုင်း  နှင့်အတူ  အမျိုးသားနိုင်ငံရေးကို ဒွန်တွဲ ဆောင်ရွက်နေခြင်း           ဖြစ်ကြောင်း၊ ထို့ကြောင့်  တပ်မတော်အား  နိုင်ငံရေး အရ  အသုံးချခြင်း  မခံရရန်လိုကြောင်း၊ မိမိတို့နိုင်ငံသည်  လူဦးရေများပြားသည့် နိုင်ငံကြီးများအကြားတွင်    နေထိုင်ကြ ရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့်တပ်မတော် ၏     ကာကွယ်ရေး       စွမ်းပကားများ ကောင်းမွန်ရန်လိုကြောင်း။

 


ရှင်းလင်းပြောကြား


တပ်မတော်သည် နိုင်ငံလွတ်လပ်ရေး ရရှိရန်    ဆောင်ရွက်ခဲ့သကဲ့သို့နှင့်    နိုင်ငံ တည်ငြိမ်အေးချမ်းရေးနှင့် အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးအတွက် ခေတ် အဆက်ဆက်တွင် နိုင်ငံတော်၏တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့် ခိုင်မာ သော   အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် သမိုင်းအစဉ်အလာ ကောင်းမွန်သည့် အဖွဲ့အစည်းဖြစ်သော တပ်မတော်တွင် တာဝန်ထမ်းဆောင်ရာ၌ ဂုဏ်ယူစွာဖြင့် စွဲစွဲမြဲမြဲတာဝန်ထမ်းဆောင် လိုသည့်  စိတ်ဓာတ်များ  မွေးမြူဆောင် ရွက်ကြရန်လိုကြောင်း၊ တပ်မတော်သား များ အားလုံးသည် နိုင်ငံချစ်စိတ်၊ မျိုးချစ် စိတ်များဖြင့် တပ်မတော်သို့ ဝင်ရောက် ခဲ့ကြခြင်းဖြစ်သဖြင့် ၎င်းအချက်အပေါ်  ဂုဏ်ယူသည့်   စိတ်ဖြင့်     တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြရန်လိုကြောင်း၊ အတိတ်ကရှိခဲ့သည့်        တပ်မတော်၏ ကောင်းမြတ်သည့် သမိုင်းကြောင်းများကို ခိုင်မာအောင်    လုပ်ဆောင်ပေးထားပြီး ဖြစ်သည့်အတွက်   မိမိတို့၏  အနာဂတ် တပ်မတော်သားများကိုလည်း ကောင်းမွန် သည့် အစဉ်အလာကောင်းများ၊ စိတ်ဓာတ် ကောင်းများကို လက်ဆင့်ကမ်းနိုင်ရမည် ဖြစ်ကြောင်း၊ တပ်မတော်သည် မိသားစု တစ်ခုပင်ဖြစ်ပြီး    တပ်မတော်သားများ နှင့်     မိသားစုဝင်များအားလုံး      မိသားစု စိတ်ဓာတ်၊ မောင်နှမစိတ်ဓာတ်များဖြင့် စည်းစည်းလုံးလုံးဖြင့် နေထိုင်ဆောင်ရွက် ကြစေလိုကြောင်း   မှာကြားပြီး    ၂၀၂၀ ပြည့်နှစ်   ပါတီစုံဒီမိုကရေစီ   အထွေထွေ ရွေးကောက်ပွဲတွင်      ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုအခြေအနေများ၊ နိုင်ငံ၏ ဒီမိုကရေစီအစိုးရသက်တမ်းတွင်      နိုင်ငံ၏ လူမှုရေး၊     စီးပွားရေးနှင့်    ငြိမ်းချမ်းရေး ဆိုင်ရာ    ဆောင်ရွက်ချက်များ၊     ယခု နိုင်ငံရေးဖြစ်စဉ်များကြောင့်      ဖြစ်ပေါ် လာသည့် အကြမ်းဖက်မှုများအား ဥပဒေ နှင့်အညီ     ဖြေရှင်းဆောင်ရွက်နေမှုများ နှင့်ပတ်သက်၍ အကျယ်တဝင့်ရှင်းလင်း ပြောကြားသည်။

 


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည်      မိုင်းပျဉ်းတပ်နယ်နှင့် ခိုလမ်တပ်နယ်တို့မှ  အရာရှိ၊  စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာ ပစ္စည်းများကို   ပေးအပ်ရာ   မိုင်းပျဉ်း တပ်နယ်မှူးနှင့် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးတို့က လည်းကောင်း၊ နိုင်ငံတော်      စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၏ ဇနီးက မိခင်နှင့် ကလေးစောင့်ရှောက် ရေးအသင်းအတွက်     ချီးမြှင့်ငွေများကို ပေးအပ်ရာ မိုင်းပျဉ်းတပ်နယ်မှူး၏ ဇနီး နှင့် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၏   ဇနီးတို့က   လည်းကောင်း လက်ခံရယူကြသည်။

 


တွေ့ဆုံပွဲများအပြီးတွင်   နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ        ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဇနီး နှင့်  အဖွဲ့ဝင်များသည် တက်ရောက်လာ ကြသည့် အရာရှိ၊ စစ်သည် မိသားစုများ အား  ရင်းရင်းနှီးနှီး  လိုက်လံနှုတ်ဆက် ခဲ့ကြကြောင်း သတင်းရရှိသည်။ 

သတင်းစဉ်