
နေပြည်တော် ဖေဖော်ဝါရီ ၁၇
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ နံနက်ပိုင်းတွင် ကျိုင်းတုံမြို့ နောင်တုံကန်အနီးရှိ ဟော်နန်း ဥယျာဉ်မြေ၊ ဟော်နန်းမြေနှင့် တစ်ဆက်တစ်စပ်တည်း တည်ရှိ သည့်နေရာတွင် ကျိုင်းတုံ ဟော်နန်းပုံစံတူ တည်ဆောက်ရေး လုပ်ငန်း ရတနာအုတ်မြစ်တော်စီ မင်္ဂလာအခမ်းအနားသို့ တက် ရောက်ချီးမြှင့်သည်။
အဆိုပါ အခမ်းအနားသို့ ကျိုင်းတုံမြို့ ကျိုင်းယင်းကျောင်း တိုက် ဦးစီးပဓာန နာယက အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တ ခေမာစာရ အမှူးပြုသည့် ဆရာတော်၊ သံဃာတော်အရှင် သူမြတ်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အတူ ခရီးစဉ်တွင် လိုက်ပါလာ သည့် အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ကျိုင်းတုံနယ်ရှင် စော်ဘွားကြီး စဝ်ကွန်ကျောက်အင်း ထလျဲန်၏ ဆွေတော်မျိုးတော်များ၊ အလှူရှင်များ၊ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရှမ်း၊ လားဟူ၊ “ဝ”၊ အာခါ၊ လီဆူတိုင်းရင်းသားများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက် ရောက်ကြသည်။
ကြိုဆိုနှုတ်ဆက်
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဇနီးနှင့် အဖွဲ့ဝင်များသည် အခမ်းအနားပြုလုပ်မည့်နေရာသို့ ရောက်ရှိကြရာ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများက ရှမ်းရိုးရာအကအလှများဖြင့် ကြိုဆိုနှုတ်ဆက်ကြသည်။
ရတနာအုတ်မြစ်တော်များစီသွင်း
ထို့နောက် အခမ်းအနားကို စတင်ကျင်းပပြုလုပ် ရာ ကျိုင်းယင်းကျောင်းတိုက်ဆရာတော်ကြီး အမှူး ပြုသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရတနာ အုတ်မြစ်တော်စီမည့် သက်ဆိုင်ရာနေရာအသီးသီး၌ နေရာယူကြပြီး မင်္ဂလာအချိန်ရောက်ရှိသည်နှင့် တစ်ပြိုင်နက် ဗဟို၊ အရှေ့၊ အနောက်၊ တောင်၊ မြောက်တို့တွင် ရတနာအုတ်မြစ်တော်များကို စီသွင်းကြပြီး ပရိတ်နံ့သာရေများ ပက်ဖျန်းပေးကြ ကာ အခမ်းအနားအောင်မြင်ခြင်း အထိမ်းအမှတ် အဖြစ် ရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဇနီးနှင့် အဖွဲ့ဝင်များ သည် ကြွရောက်ချီးမြှင့်တော်မူကြသည့် ဆရာတော်၊ သံဃာတော်ကြီးများ၏ ကျန်းမာရေးဆိုင်ရာများအား ရိုသေစွာ မေးမြန်းလျှောက်ထားသည်။ ဆက်လက်ပြီး ကျိုင်းတုံဟော်နန်းဆိုင်ရာ အချက်အလက်များကို ကြည့်ရှုကာ အခမ်းအနားမှ ပြန်လည်ထွက်ခွာရာ ဒေသခံ တိုင်းရင်းသားပြည်သူများက ရိုးရာအကအလှ များဖြင့် ဂါရဝပြုနှုတ်ဆက်ခဲ့ကြသည်။
အဆိုပါ ကျိုင်းတုံနယ်ရှင်စော်ဘွားကြီး စဝ်ကွန် ကျောက်အင်းထလျဲန်၏ ကျိုင်းတုံဟော်နန်းကြီးကို နောင်တုံကန်အနီးရှိ ဟော်နန်းဥယျာဉ်မြေ၊ ဟော်နန်း မြေနှင့် တစ်ဆက်တစ်စပ်တည်း တည်ရှိသည့် မြေနေရာ၌ ပုံစံတူပြန်လည်တည်ဆောက်နိုင်ရေး ဆွေတော်မျိုးတော်တို့နှင့် ဒေသခံများ၏ ဆန္ဒအရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ဆောင် ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ပြင် မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း၏ မိုင်းပွန်ဟော်နန်း အဆောက်အဦကြီး နှင့် သိန်းနီစော်ဘွားကြီး ခွန်ဆန်တုန်ဟုန်း၏ သိန်းနီဟော်နန်း အဆောက်အဦတို့သည်လည်း ပျက်စီးယိုယွင်းလျက်ရှိသဖြင့် ပြန်လည်ပြုပြင် တည်ဆောက်ခဲ့ရာ မိုင်းပွန်ဟော်နန်းကြီးသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်တွင် ရာနှုန်းပြည့်ပြီးစီးပြီ ဖြစ်ကြောင်းနှင့် သိန်းနီဟော်နန်းကြီးသည် ပြီးစီးမှု ရာခိုင်နှုန်း ၆၀ ကျော်ရှိပြီဖြစ်ကြောင်း၊ ထို့ပြင် ကချင် ပြည်နယ် မိုးမောက်မြို့နယ် ပန်မူကျေးရွာရှိ ၁၉၅၈ ခုနှစ်ကတည်းက တည်ရှိခဲ့သည့် နှစ်ခြင်းခရစ်ယာန် ဘုရားရှိခိုးကျောင်းတော်ကြီးသည်လည်း ၂၀၁၁ ခုနှစ်တွင် လက်နက်ကိုင်ပဋိပက္ခများကြောင့် ထိခိုက် ပျက်စီးခဲ့ရသဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၏ လမ်းညွှန်ချက်အရ နဂိုမူလပုံစံမပျက် ပြန်လည် ပြုပြင်မွမ်းမံပေးခြင်း၊ အသင်းတော်အဆောင်၊ မူကြို ကျောင်း၊ မီးဖိုဆောင်နှင့် ဘုရားကျောင်းအဝင်လမ်း များကို ပြုပြင်၊ မွမ်းမံ၊ ဖောက်လုပ်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း၊ ယခုကဲ့သို့ တိုင်းရင်းသား တို့၏ သမိုင်းဝင်အဆောက်အဦများ၊ ဘာသာရေး အဆောက်အဦများကို မူလပုံစံမပျက် ပြန်လည်ပြုပြင် မွမ်းမံထိန်းသိမ်းခြင်းဖြင့် မိမိတို့နိုင်ငံ၏ သမိုင်းအစဉ် အလာကြီးမားမှုကို ဖော်ပြနိုင်မည်ဖြစ်ကြောင်းနှင့် တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်ပြီး တစ်လေတည်းရှူနေကြသည့် ပြည်ထောင်စုဖွား တိုင်းရင်းသားများအချင်းချင်း ခင်မင်ရင်းနှီးမှု၊ ယုံကြည်မှု၊ အေးချမ်းသာယာမှုနှင့် လူမှုစီးပွား တိုးတက်စေမှုတို့ကို များစွာ အထောက်အပံ့ဖြစ်စေနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
ကြည့်ရှုလေ့လာ
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျိုင်းတုံမြို့ သစ်တစ်ပင်တောင် အပန်းဖြေဥယျာဉ် သို့ ရောက်ရှိကြပြီး အလောင်းမင်းတရားကြီး လက်ထက် ၁၇၅၃ ခုနှစ်တွင် စိုက်ပျိုးခဲ့သည့် ကညင် ဖြူပင်ကြီးနှင့် ဥယျာဉ်အတွင်း သစ်ပင်ပန်းမန်များ စိုက်ပျိုးထားရှိမှုများကို လိုက်လံကြည့်ရှုလေ့လာ ကြသည်။ ယင်းနောက် တာဝန်ရှိသူများ၏ ရှင်းလင်း တင်ပြမှုများအပေါ် သမိုင်းဝင်နေရာတစ်ခုဖြစ်သဖြင့် ရေရှည်တည်တံ့အောင် ထိန်းသိမ်းဆောင်ရွက်သွား ရန် လိုအပ်သည့် အခြေအနေ၊ ခရီးသွားပြည်သူများ စိတ်လက်ကြည်နူးချမ်းသာစွာဖြင့် လေ့လာကြည့်ရှု နိုင်ရေး ဆောင်ရွက်ထားရှိရန် လိုအပ်သည့် အခြေ အနေများနှင့်ပတ်သက်၍ မှာကြားခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်