ရွေးကောက်ပွဲ၌ တရားမျှတမှုနှင့် ခြိမ်းခြောက်မှုမရှိစေရေး လက်နက်ကိုင်ပဋိပက္ခများလည်း ချုပ်ငြိမ်းရန်လိုသဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အားသွန်ခွန်စိုက်ဆောင်ရွက်လျက်ရှိ

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် 
တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ မိုင်းခတ်တပ်နယ်နှင့် မိုင်းယောင်းတပ်နယ်တို့မှ အရာရှိ၊ စစ်သည် မိသားစုဝင်များအား တွေ့ဆုံအမှာစကားပြောကြား       

 

နေပြည်တော်    ဖေဖော်ဝါရီ   ၁၆


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် ဇနီး၊ ကာကွယ် ရေးဦးစီးချုပ်   (လေ)   ဗိုလ်ချုပ်ကြီး   ထွန်းအောင် နှင့်ဇနီး၊    ကာကွယ်ရေးဦးစီးချုပ်ရုံးမှ   တပ်မတော် အရာရှိကြီးများနှင့်  ဇနီးများ၊  တြိဂံဒေသတိုင်းစစ် ဌာနချုပ်တိုင်းမှူး    ဗိုလ်ချုပ်     မျိုးမင်းထွန်းနှင့် တာဝန်ရှိသူတို့ လိုက်ပါ၍ ယနေ့တွင် တြိဂံဒေသတိုင်း စစ်ဌာနချုပ်    မိုင်းခတ်တပ်နယ်နှင့်    မိုင်းယောင်း တပ်နယ်တို့မှ အရာရှိ၊ စစ်သည် မိသားစုဝင်များအား  သီးခြားစီ သွားရောက်တွေ့ဆုံ အမှာစကားပြောကြား သည်။ 

 


နိုင်ငံတော်၏ တာဝန်များကို ထမ်းဆောင်ခဲ့


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကား ပြောကြားရာတွင် မိုင်းခတ်တပ်နယ်နှင့် မိုင်းယောင်း တပ်နယ်တို့သည် အလှမ်းကွာဝေးသည့် တပ်နယ်များ ဖြစ်ပြီး    တိုင်းမှူးတာဝန်ထမ်းဆောင်စဉ်ကလည်း  မကြာခဏ       လာရောက်      တွေ့ဆုံခဲ့ကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော်၏ တာဝန်များကို လွှဲပြောင်းတာဝန်ထမ်းဆောင်ခဲ့ရသည်မှာ တစ်နှစ် ကျော်ကာလသို့ ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်    ပါတီစုံဒီမိုကရေစီ    ရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့်   ကြီးမားသော  မဲမသမာမှုဖြစ်စဉ် ကြောင့်   တပ်မတော်အနေဖြင့်   ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈) ခုနှစ် နှင့်အညီ နိုင်ငံတော်၏ တာဝန် များကို ထမ်းဆောင်ခဲ့ရသည်ကို အရာရှိ၊ စစ်သည်၊ ရဲမေများ သိရှိနားလည် သဘောပေါက်ရန်လိုကြောင်း။

 


ယခင်   တပ်မတော်အစိုးရ   အုပ်ချုပ်စဉ်ကာလ အတွင်း ပြည်သူတစ်ရပ်လုံး လိုလားတောင့်တနေ ရသည့်       ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်သို့  ရောက်ရှိနိုင်ရေး  ပုံဖော်ဆောင်ရွက်ပေးခဲ့ကြောင်း၊ ၂၀၁၁    ခုနှစ်တွင်    ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပပေးနိုင်ခဲ့ကြောင်း၊ ထို့နောက် NLD  ပါတီကို  ရွေးကောက်ပွဲသို့  ဝင်ရောက်နိုင်ရေး  ဆောင်ရွက်ပေးခဲ့ကာ     ၂၀၁၅   ခုနှစ်   ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲတွင်  NLD  ပါတီ  အနိုင်ရခဲ့ပြီး အစိုးရဖြစ်လာကြောင်း၊ NLD အစိုးရ အုပ်ချုပ်စဉ် အစောပိုင်းကာလအတွင်း၌ပင် ဥပဒေကို လက်တစ်လုံးခြား     ဆောင်ရွက်မှုများ      စတင် လုပ်ဆောင်ခဲ့သည်ကို တွေ့ရကြောင်း။ 

 


ငြိမ်းချမ်းရေးနှင့်ပတ်သက်၍         ဆောင်ရွက် ရာတွင်လည်း ၎င်းတို့တာဝန် မထမ်းဆောင်မီအချိန်၌ NCA လက်မှတ်ရေးထိုးခြင်းမပြုရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို     တိုက်တွန်းခဲ့ခြင်းများ ရှိသကဲ့သို့     ၎င်းတို့   တာဝန်ယူထမ်းဆောင်ချိန်၌ လည်း ငြိမ်းချမ်းရေးဖော်ဆောင်မှုအပိုင်း၌ အားနည်း ခဲ့သည်ကို   တွေ့ရှိခဲ့ရကြောင်း၊   အလားတူ   မြန်မာ့ ယဉ်ကျေးမှု   အစဉ်အလာကို   ယိမ်းယိုင်စေခဲ့သည့် လုပ်ဆောင်မှုများရှိခဲ့ပြီး နိုင်ငံအတွက် စိုးရိမ်ဖွယ်ရာ အခြေအနေသို့ ရောက်ရှိခဲ့ကြောင်း။ 

 


ကုန်သွယ်မှုပိုငွေရှိအောင် ဆောင်ရွက်ခဲ့


ပြည်တွင်းကုန်ထုတ်လုပ်မှုများကို အားပေးခြင်း မရှိခဲ့ခြင်းနှင့် ပြည်ပမှတင်သွင်းမှုများကိုသာ ဦးစား ပေးဆောင်ရွက်ခဲ့ခြင်းကြောင့် ကုန်သွယ်မှုလိုငွေများ များစွာ ဖြစ်ပေါ်ခဲ့ရကြောင်း၊ အချို့ပြည်ပချေးငွေ ရယူဆောင်ရွက်ခဲ့သည့်    စီမံကိန်းများကို    လုပ်ငန်း ဆောင်ရွက်မှုများ  ပြီးစီးလုနီးပါး  အခြေအနေတွင်  ရပ်တန့်ခဲ့သဖြင့်    နိုင်ငံအတွက်    များစွာနစ်နာခဲ့ရ ကြောင်း၊ အလားတူ ပြည်ပမှ ချေးငွေများ အဆမတန်  ရယူခဲ့ခြင်းကြောင့်   နိုင်ငံတော်အနေဖြင့်   နှစ်စဉ်  ပြည်ပကြွေးမြီများကို ပေးဆပ်နေရလျက်ရှိကြောင်း၊ ၂၀၁၁     ခုနှစ်မှ   ၂၀၂၁  အထိ  ကုန်သွယ်မှုလိုငွေ  အမေရိကန်ဒေါ်လာ ၂၅ ဘီလီယံခန့်ရှိခဲ့ပြီး ယခု ၂၀၂၁ မှစ၍    ကုန်သွယ်မှုပိုငွေရှိအောင်    ဆောင်ရွက်ခဲ့ ကြောင်း။

 


၂၀၂၀       ပြည့်နှစ်   အထွေထွေရွေးကောက်ပွဲ မဲမသမာမှုများကြောင့်   ဖြစ်ပေါ်ခဲ့သည့်   နိုင်ငံရေး ပြဿနာများအပေါ် အချို့တိုင်းရင်းသားလက်နက် ကိုင်  အဖွဲ့အစည်းများမှ  အခွင့်အရေးယူ၍ ဆောင် ရွက်နေမှုများရှိကြောင်း၊    မဲစာရင်းမှားယွင်းမှုနှင့် ပတ်သက်၍    တပ်မတော်မှ   ၂၀၂၀     ပြည့်နှစ် ဒီဇင်ဘာလတွင်     စတင်ကြေညာခဲ့ပြီး     မဲစာရင်း မှားယွင်းမှုအပေါ်   ဖြေရှင်းပေးရန်အတွက် အကြိမ် ကြိမ်ပြောကြားခဲ့ကြောင်း၊ သို့သော် ၎င်းတို့အနေဖြင့်  အဆိုပါ   မဲမသမာမှုကိစ္စရပ်များအား   ဖြေရှင်းပေးမှု မရှိခဲ့ကြောင်း၊   မဲစာရင်းမသမာမှု   ရလဒ်များဖြင့် တက်ရောက်လာသည့်    ကိုယ်စားလှယ်များက လွှတ်တော်ခေါ်ယူရေး ဆောင်ရွက်ခဲ့သဖြင့် နိုင်ငံရေး အရ အရေးပေါ်အခြေအနေ ကြေညာပြီး မလွှဲသာ မရှောင်သာဘဲ နိုင်ငံတော်တာဝန်အား ရယူခဲ့ရခြင်း ဖြစ်ကြောင်း။

 


ကြိုးပမ်းဆောင်ရွက်


မိမိတို့အနေဖြင့်    ရှေ့လုပ်ငန်းစဉ်   ၅   ရပ်နှင့် ဦးတည်ချက် ၉ ရပ် ချမှတ်၍ နိုင်ငံဖွံ့ဖြိုးတိုးတက် ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ ရှေ့လုပ်ငန်းစဉ်တွင်     ပါဝင်သည့်      မဲစာရင်းများ ပြန်လည်စိစစ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိကြောင်း၊   ကိုဗစ် -၁၉ ကပ်ရောဂါ  ထိန်းချုပ်ရေး အတွက်လည်း ကျန်းမာရေးဝန်ထမ်းများ  တာဝန်  ထမ်းဆောင်မှု နည်းပါးခြင်းနှင့် အခြားသောအခက် အခဲများကြားမှ ခက်ခက်ခဲခဲ ကြိုးပမ်းဆောင်ရွက် ခဲ့ရပြီး ယခုအခါ ကူးစက်မှုနှုန်း နည်းပါးသွားပြီဖြစ် ကြောင်း၊   ကိုဗစ်-၁၉    ရောဂါ    ကာကွယ်ရေး ဆောင်ရွက်ခဲ့ချိန်တွင် ပြည်သူများ၏ ပါဝင်ပူးပေါင်း  ဆောင်ရွက်မှုများ၊ စုပေါင်းလှူဒါန်းမှုများနှင့် နိုင်ငံ တော်တာဝန်အား ကျေပွန်စွာ ထမ်းဆောင်လိုစိတ် ရှိသည့်   ကျန်းမာရေးဝန်ထမ်းများ၊    တပ်မတော် ဆေးဝန်ထမ်း တပ်ဖွဲ့ဝင်များ၏ ကြိုးပမ်းဆောင်ရွက် ခဲ့မှုများကြောင့်  ကိုဗစ်-၁၉    တတိယလှိုင်းအား အောင်မြင်စွာဖြင့် ကျော်ဖြတ်နိုင်ခဲ့ကြောင်း၊ ကိုဗစ်- ၁၉ ရောဂါကြောင့် ကျဆင်းခဲ့သည့်   နိုင်ငံ၏   စီးပွားရေး    ပြန်လည် ဦးမော့ရေးအတွက်လည်း  ကြိုးပမ်းဆောင်ရွက်ခဲ့ရာ     အထိုက်အလျောက်     တိုးတက်ကောင်းမွန်လာပြီ ဖြစ်ကြောင်း။

 


 ငြိမ်းချမ်းရေး   ရရှိရေးအတွက်လည်း   ပစ်ခတ် တိုက်ခိုက်မှုများ      ရပ်စဲပေးထားပြီး   ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ   ဆောင်ရွက်နိုင်ရေး     ဖိတ်ခေါ် ဆောင်ရွက်ထားကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေးအတွက်   မိမိတို့အနေဖြင့်   အလေးထား ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး     ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို    အခြေခံသည့်     ပြည်ထောင်စု စနစ်ကို ဆောင်ရွက်နိုင်ရမည်ဖြစ်ကြောင်း။

 


တည်ငြိမ်အေးချမ်းမှုရှိရန်လို


လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပနိုင်ရန်အတွက်    တည်ငြိမ်အေးချမ်းမှုရှိရန် လိုကြောင်း၊ ပြည်သူလူထုတစ်ရပ်လုံးက မည်သည့် ပုံစံနှင့်မဆို    ခြိမ်းခြောက်ခံရမှုမရှိဘဲ    မိမိတို့ဆန္ဒ  အတိုင်း     မဲပေးနိုင်ရန်လိုအပ်ကြောင်း၊     လာမည့်  ရွေးကောက်ပွဲ၌  အထွေထွေရွေးကောက်ပွဲဖြစ်သဖြင့်  တစ်နိုင်ငံလုံး   အကြားအလပ်မရှိ   ကျင်းပနိုင်ရမည် ဖြစ်ပြီး မြို့နယ်အားလုံး၌ ရွေးကောက်ပွဲကို လွတ်လပ် ၍   တရားမျှတစွာ   ကျင်းပပြုလုပ်နိုင်ရမည်ဖြစ် ကြောင်း၊    ရွေးကောက်ပွဲ၌    တရားမျှတမှုနှင့် ခြိမ်းခြောက်မှု မရှိစေရေး လက်နက်ကိုင်ပဋိပက္ခများ လည်း ချုပ်ငြိမ်းရန်လိုသဖြင့် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များကို  အားသွန်ခွန်စိုက်  ဆောင်ရွက်လျက်ရှိ ကြောင်း၊  နိုင်ငံရေးနှင့်  လုံခြုံရေးအရ  အမြန်ဆုံး တည်ငြိမ်မှုရရှိရေး ကြိုးပမ်းလျက်ရှိကြောင်း။

 


တပ်မတော်၏ တာဝန်နှင့်ပတ်သက်၍ နိုင်ငံတော် ကို ကာကွယ်ရန်၊ နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ပြည်သူများကို ကာကွယ်ပေးရန်ဖြစ်ကြောင်း၊ နိုင်ငံ ကို     ကာကွယ်ရန်အတွက်        စွမ်းရည်ရှိသည့် တပ်မတော်ဖြစ်စေရန် လေ့ကျင့်သားပြည့်ဝရမည်၊  စိတ်ဓာတ်၊   စည်းကမ်းများ  ကောင်းမွန်ရမည်ဖြစ် ကြောင်း၊    စစ်စည်းကမ်းကို   တပ်မတော်သားများ အတွက် စစ်အခြေခံသင်တန်းမှစတင်၍   အခြေခံ  ကျကျဖြင့်            လေ့ကျင့်သင်ကြားပေးခဲ့ပြီးဖြစ် ကြောင်း၊ အဆိုပါအချက်ကို အလေးအနက်ထားပြီး  လိုက်နာကျင့်သုံးရန်လိုကြောင်း၊         စည်းကမ်း စိတ်ဓာတ်ကောင်းသည့် တပ်မတော်သားများဖြစ် အောင်     တစ်ဦးချင်း   လိုက်နာဆောင်ရွက်ကြရန် လိုကြောင်း၊ တပ်မတော်တွင် စစ်သည်တော်ကျင့်ဝတ်  ၆၀ ရှိပြီး တိုက်တွန်းချက်၊ တားမြစ်ချက်များ ပါဝင် ကြောင်း၊ စည်းကမ်းလိုက်နာပါက အရည်အချင်း ရှိသည့် တပ်တစ်ခုဖြစ်မည်ဖြစ်ကြောင်း၊ အမိန့်နာခံမှု ရှိမှသာ    အောင်မြင်မှုရရှိမည်ဖြစ်ကြောင်း၊  မိမိတို့ တပ်မတော်သည် နိုင်ငံအတွက် ခိုင်မာသည့် အဖွဲ့  အစည်းတစ်ခုဖြစ်ပြီး   တစ်ဦးချင်းနှင့်    အဖွဲ့လိုက်၊ အဖွဲ့တစ်ခုလုံး ကောင်းမွန်စွာ လေ့ကျင့်ထားသည့်  အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း၊      နိုင်ငံတိုင်းတွင် တပ်မတော်ကို အလေးထားကြပြီး နိုင်ငံ့ကာကွယ် ရေးစွမ်းအားကို မြှင့်တင်ကြကြောင်း။

 


နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင် နေသည့်     တပ်မတော်ကို   တည်ဆောက်ရာတွင် စွမ်းအားရှိသည့်     တပ်မတော်ဖြစ်ရန်လိုကြောင်း၊ စွမ်းအားရှိသည့် တပ်မတော်ဖြစ်စေရေး တပ်မတော် သားတစ်ဦးချင်းအနေဖြင့်     စစ်သားပီသရန်နှင့် စစ်သည်ကောင်းတစ်ဦးဖြစ်အောင် နေထိုင်ရမည် ဖြစ်ကြောင်း၊      ခေါင်းဆောင်များအနေဖြင့်လည်း  စစ်သားပီသသည့် ခေါင်းဆောင်အဖြစ် တပ်မတော်ကို  ဦးဆောင်ရမည်ဖြစ်ကြောင်း၊ ခေါင်းဆောင်ဆိုရာတွင် ဒုတိယတပ်ကြပ်မှစတင်၍        အဆင့်ဆင့်သော၊ အမျိုးမျိုးသော ခေါင်းဆောင်များရှိပြီး စစ်သားပီသ သည့်     ခေါင်းဆောင်များဖြစ်မှသာ     စွမ်းရည်နှင့်  စွမ်းအားရှိသည့် တပ်မတော်ဖြစ်လာမည်ဖြစ်ကြောင်း၊  အထက်အောက်  ရိုသေလေးစားမှုရှိရန်နှင့်  အမိန့်   နာခံတတ်မှုများရှိရန်လိုကြောင်း၊  အုပ်ချုပ်သူများ  ဖြစ်သည့် ဒုတပ်ကြပ်မှစ၍ တပ်မှူးများအထိ ဖခင် သဖွယ်စိတ်ဓာတ်၊ တပ်မှူးကောင်းသဖွယ် စိတ်ဓာတ် ဖြင့် လက်အောက်ကို ညီညွတ်မျှတသည့် အုပ်ချုပ်ရေး စနစ်ဖြင့်   အုပ်ချုပ်ကြရန်လိုကြောင်း၊  တပ်မတော် သားအားလုံး    ခေါင်းဆောင်ကောင်း     စိတ်ဓာတ်၊ နောက်လိုက်ကောင်း    စိတ်ဓာတ်ဖြင့်       တာဝန် ထမ်းဆောင်၍ မိမိကိုယ်ကို အသိတရား၊ သတိတရား  ဖြင့် ထိန်းသိမ်းဆောင်ရွက်ကြရန်လိုကြောင်း။ 

 


အသိပညာများ မြှင့်တင်နေရန်လို


အမိန့်နာခံတတ်မှုနှင့် စစ်စည်းကမ်း ကောင်းမွန် စေရန်အတွက်  အသိပညာရှိရန်နှင့် အသိပညာများ ရှိရန်အတွက် အတန်းပညာများရှိရန် လိုအပ်ကြောင်း၊  ထို့ကြောင့် တပ်မတော်သားများအတွက် အခြေခံ ပညာမြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ ပြင်ပဗဟုသုတ စာပေများကိုလည်း အမြဲမပြတ်    ဖတ်ရှုလေ့လာပြီး      အသိပညာများ မြှင့်တင်နေရန်လိုကြောင်း၊ ပြင်ပဗဟုသုတစာပေ များကို  ဖတ်ရှုခြင်းဖြင့်  လူတစ်ဦး၏  အသိဉာဏ်ကို ပိုမိုမြင့်မားစေသည်ကို တွေ့ရှိရသောကြောင့် စာပေ များ    ဖတ်ရှုလေ့လာကြရန်လိုကြောင်း၊      မိမိတို့ သက်ဆိုင်ရာ ဘာသာတရားများအလိုက် လိုက်နာ ကျင့်ကြံထိန်းသိမ်းနေထိုင်ကြရန်လိုကြောင်း၊ မိမိတို့  သားသမီးများကို      မိမိတို့ထက်   သာလွန်အောင် မြေတောင်မြှောက်ပေးကြရန်လိုပြီး     တြိဂံဒေသ တိုင်းစစ်ဌာနချုပ်အတွင်းရှိ       တပ်မတော်သား မိသားစုဝင် ကျောင်းသား ကျောင်းသူများကို ကိုဗစ်- ၁၉   ကာကွယ်ဆေးများ   ရာခိုင်နှုန်းပြည့်နီးပါး ထိုးနှံပြီးစီးပြီဖြစ်ကြောင်း၊ ပညာတတ်များ  ပေါများ လာပါက နိုင်ငံအတွက် လူသားအရင်းအမြစ်များ ပေါများလာမည်ဖြစ်ကြောင်း။

 


လက်ရှိအချိန်တွင်   ကျောင်းများ    ပြန်လည် ဖွင့်လှစ်ပေးထားပြီး လာမည့်မတ်လ နောက်ဆုံးပတ် မှစ၍ ပထမအပတ်တွင် စာမေးပွဲများ ကျင်းပမည် ဖြစ်ကြောင်း၊    ကျောင်းများ   ပြန်လည်ဖွင့်လှစ်ပေး ထားခြင်းသည်   ကျောင်းနေအရွယ်ကလေးတိုင်း          စာပေသင်ကြားနိုင်ရေးအတွက်ဖြစ်သဖြင့်     ပညာ သင်ကြားမှုမရှိပါက မိမိတို့ ကလေးငယ်များ၏ ဘဝ တိုးတက်ရေးကိုသာ    ထိခိုက်စေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ကလေးငယ်များ၏ ပညာသင်ကြား ရေးကို အားပေးဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ လုံခြုံရေးနှင့် ပတ်သက်၍လည်း မပေါ့ဆကြရန်နှင့် အမြဲသတိထား၍ လုံခြုံရေးအသိ၊ လုံခြုံရေး အမြင် များဖြင့်  နေထိုင်သွားလာကြရန်  လိုကြောင်းဖြင့် ပြောကြားသည်။ 

 


စားသောက်ဖွယ်ရာများ ပေးအပ်


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   တပ်မတော်ကာကွယ်ရေး     ဦးစီးချုပ်သည် မိုင်းခတ်တပ်နယ်နှင့်    မိုင်းယောင်းတပ်နယ်    တို့မှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက် ဖွယ်ရာပစ္စည်းများကိုပေးအပ်ရာ တပ်နယ်မှူးများက  လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီးက မိုင်းခတ်တပ်နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းအတွက်    ချီးမြှင့်ငွေများကို     ပေးအပ်ရာ တပ်နယ်မှူး၏   ဇနီးကလည်းကောင်း   အသီးသီး လက်ခံရယူကြသည်။

 


တွေ့ဆုံပွဲများအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ  တပ်မတော် ကာကွယ်ရေးဦးစီး ချုပ်၊ ဇနီးနှင့် အဖွဲ့ဝင်များသည် တက်ရောက်လာ ကြသည့် အရာရှိ၊ စစ်သည် မိသားစုများအား ရင်းရင်း နှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိ သည်။  

                                           

သတင်းစဉ်