နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်မြို့နယ်နှင့် မိုင်းယောင်းမြို့နယ်တို့ရှိ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား တွေ့ဆုံ

 

စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို ယှဉ်တွဲဆောင်ရွက်ပြီး  ဒေသတွင်းဖူလုံလာပါက အနီးနားရှိ ဒေသများနှင့် အိမ်နီးချင်းနိုင်ငံများသို့  
 အရည်အသွေးမြင့် ထုတ်ကုန်များအဖြစ်  ထုတ်လုပ်၍ တင်ပို့နိုင်မည်ဖြစ်သဖြင့် ဒေသခံများ၏ လူမှုစီးပွားဘဝများလည်း ဖွံ့ဖြိုးတိုးတက်လာမည်

 

နေပြည်တော်   ဖေဖော်ဝါရီ  ၁၆


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)     မိုင်းခတ်မြို့နယ်နှင့် မိုင်းယောင်းမြို့နယ်တို့တွင် တာဝန်ထမ်းဆောင်လျက် ရှိသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ အား ယနေ့တွင် မိုင်းခတ်မြို့နယ်နှင့်    မိုင်းယောင်း မြို့နယ်တို့ရှိ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးခန်းမများ ၌ သီးခြားစီတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ များအား ဆွေးနွေးပြောကြားသည်။

 


တက်ရောက်


အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ခရီး စဉ်တွင် လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ မိုင်းခတ်မြို့နယ်၊ မိုင်းယန်းမြို့နယ် နှင့် မိုင်းယောင်းမြို့နယ်တို့မှ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊   ရှမ်း၊ လားဟူ၊ အာခါ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ တက်ရောက်ကြသည်။

 


ရှင်းလင်းတင်ပြ


ဦးစွာ ကျိုင်းတုံခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်း သိန်း၊   မိုင်းခတ်မြို့နယ်အုပ်ချုပ်ရေးမှူး   ဦးမြင့်စိုး၊ မိုင်းယောင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူ၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး       ဦးမြင့်နိုင်နှင့် မြို့မိမြို့ဖများက  ဒေသဆိုင်ရာအချက်အလက်များ၊ မိုင်းခတ်မြို့ပေါ် သောက်သုံးရေလိုအပ်ချက်၊ ပညာ ရေးဝန်ထမ်းလိုအပ်ချက်၊ မိုင်းခတ်မြို့အဝင်လမ်းနှင့် မိုင်းခတ်-မိုင်းညှင်းလမ်း အဆင့်မြှင့်တင်ဆောင်ရွက် ပေးရေး၊  ပန်းခင်းစီမံချက်ဖြင့်   နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေးနိုင်ရေးဆောင်ရွက်နေသည့် အခြေအနေ၊ ကိုဗစ်-၁၉  ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများဆောင်ရွက်နေမှု၊   မိုင်းယောင်း မြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့်    ရှေးဟောင်း သမိုင်းဝင် ထပ်လုံစေတီတော်သွားလမ်း၊ ယမ်းပုန်း-ဝမ်ဖြတ်-ဝမ်ယွတ် ကျေးရွာချင်းဆက်လမ်းအဆင့် မြှင့်တင်ပေးစေလိုသည့် အခြေအနေ၊ မိုးသည်းထန် စွာရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုကြောင့် ပြိုကျ ပျက်စီးနေသည့် နမ့်ဖွန်ချောင်းကူး   ဒွန်းနွဲ့တံတား အား သံကူကွန်ကရစ်တံတားအဖြစ် ပြန်လည်ပြုပြင် ပေးစေလိုသည့်အခြေအနေနှင့် ဒေသဖွံ့ဖြိုးတိုးတက် ရေးအတွက် လိုအပ်သည်များကို   ရှင်းလင်းတင်ပြ ကြသည်။

 


ပြန်လည်ရှင်းလင်း


တင်ပြချက်များနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့်    ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးလှမိုး၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဒေါက်တာ ညွန့်ဖေ၊       ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းတို့က သက်ဆိုင်ရာဝန်ကြီးဌာန များအလိုက် ဆောင်ရွက်ပေးနိုင်မည့် အခြေအနေ များကို ပြန်လည်ရှင်းလင်းပြောကြားရာ ကျေးလက် ချင်းဆက်လမ်းနှင့်    ရွာတွင်းလမ်းများကို   အဆင့် မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေ၊ မိုင်းခတ်မြို့နယ်အတွင်း သောက်သုံးရေဖူလုံစွာရရှိ စေရေးအတွက် ကွင်းဆင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များကို အဆင့်မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိသည့် အခြေ အနေ၊ ပညာရေးဝန်ထမ်းလိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်ရေးအတွက် ပညာရေးဝန်ထမ်းများကို ခေါ်ယူ ထားရှိသည့်အခြေအနေနှင့် လိုအပ်သည့်နေရာဒေသ များကို   အမြန်ဆုံးဖြည့်ဆည်းခန့်အပ်ပေးသွားမည့် အခြေအနေများကို   ပြန်လည်ဆွေးနွေးပြောကြား ကြသည်။

 


ဖြည့်ဆည်းဆောင်ရွက်ပေး


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဒေသဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာများနှင့်ပတ်သက်၍    ပြောကြားရာ၌ မိမိအနေဖြင့် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး တာဝန်ထမ်းဆောင်စဉ်   မိုင်းခတ်နှင့်   မိုင်းယောင်း ဒေသသို့          အကြိမ်ကြိမ်ရောက်ရှိခဲ့ဖူးကြောင်း၊မိုင်းညှင်းလမ်းကို စတင်ဖောက်လုပ်ရာတွင် များစွာ ကြိုးပမ်းဆောင်ရွက်ခဲ့ရကြောင်း၊ လမ်းအဆင့်မြှင့်တင် ခြင်းများကိုလည်း     ဆောင်ရွက်ပေးခဲ့ကြောင်း၊ မိုင်းခတ်မြို့  သောက်သုံးရေလုံလောက်စွာရရှိရေး အတွက် နမ့်လွေချောင်းမှရေကို ခေတ်မီနည်းစနစ် များဖြင့် သန့်စင်၍ သုံးစွဲနိုင်မည်ဆိုပါက သောက်သုံး ရေလုံလောက်စွာရရှိနိုင်မည်ဖြစ်ကြောင်း၊  ထို့ပြင် လျှပ်စစ်ဓာတ်အားရရှိရေးအတွက် နမ့်လွေချောင်း တွင် ရေအားလျှပ်စစ်စီမံကိန်းတစ်ခုကို သုတေသနပြု ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ လမ်းအဆင့်မြှင့်တင် ရန် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။ 

 


ယခုရောက်ရှိသည့် အချိန်တွင် မိုင်းခတ်ဒေသနှင့် မိုင်းယောင်းဒေသတို့သည်   ယခင်ကထက်   များစွာ ဖွံ့ဖြိုးတိုးတက်လာသည်ကိုတွေ့ရှိရပြီး ရောင်းဝယ် ဖောက်ကားမှုများ   ပိုမိုကောင်းမွန်လျက်ရှိသည်ကို တွေ့ရှိရသဖြင့် ဝမ်းမြောက်မိပါကြောင်း၊  သို့သော် လည်း ယခုထက်   ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှိပြီးသားဖြစ်သည့်  မြေ၊   ရေ  သယံဇာတများကို အကျိုးရှိအောင်     အသုံးချနိုင်ရမည်ဖြစ်ကြောင်း၊ မိုင်းယောင်းဒေသသည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၏ စပါးကျီဖြစ်ပြီး စပါးအပြင် အခြားသီးနှံများ စိုက်ပျိုး မှုများကိုလည်း  လုပ်ဆောင်နိုင်ရမည်ဖြစ်ကြောင်း၊ ရေခံမြေခံကောင်းပြီးဖြစ်သဖြင့်    အရည်အသွေး ပြည့်မီသည့် ဆန်ထွက်ကုန်များကို ထုတ်လုပ်နိုင်ရန် လိုကြောင်း၊ မိုးတွင်း၌သာမက အခြားရာသီများတွင် လည်း ရေသွင်းစိုက်ပျိုးနိုင်အောင်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် စိုက်ပျိုးရေးကို အခြေခံ သည့် စက်မှုလုပ်ငန်း Agricultural Base Industry သို့ သွားနိုင်ရေး    လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ဆန်ကိုအခြေခံသည့် ထုတ်ကုန်နှင့် အခြားအဆင့် မြင့်ထုတ်ကုန်များကို ထုတ်လုပ်နိုင်ရမည်ဖြစ်ကြောင်း၊ ရော်ဘာစိုက်ပျိုးမှုနှင့် ပတ်သက်၍    ဒေသခံများ၏ စီးပွားရေးလုပ်ငန်းများဖြစ်ရန်လိုပြီး ဒေသခံများ၏ အမည်ခံ၍ အခြားသူများမှ လာရောက်လုပ်ကိုင်မှု များမရှိစေရေး  တာဝန်ရှိသူများက      ကြပ်မတ် ဆောင်ရွက်ကြရန်လိုကြောင်း၊ မွေးမြူရေးလုပ်ငန်း များ ဆောင်ရွက်ရာတွင်လည်း စနစ်တကျလှောင်မွေး သည့်စနစ်ဖြင့်   မွေးမြူပါက      စိုက်ပျိုးရေးလုပ်ငန်း အတွက် လိုအပ်သည့် ဇီဝမြေဩဇာများကိုရရှိနိုင်မည် ဖြစ်သဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ   အထွက်နှုန်း တိုးတက်ရေးကို   အထောက်အကူပြုနိုင်မည်ဖြစ် ကြောင်း၊ ထိုသို့ စနစ်တကျ မွေးမြူခြင်းဖြင့် အသားအထွက်နှုန်းတိုးတက်လာမည်ဖြစ်ကြောင်း၊ စိုက်ပျိုး ရေးနှင့် မွေးမြူရေးလုပ်ငန်းများကို ယှဉ်တွဲဆောင်ရွက် ပြီး  ဒေသတွင်းဖူလုံလာပါက အနီးနားရှိ ဒေသများ နှင့် အိမ်နီးချင်းနိုင်ငံများသို့    အရည်အသွေးမြင့် ထုတ်ကုန်များအဖြစ်  ထုတ်လုပ်၍  တင်ပို့နိုင်မည် ဖြစ်သဖြင့်  ဒေသခံများ၏ လူမှုစီးပွားဘဝများလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း။

 


စီးပွားရေးကောင်းမွန်အောင် ဆောင်ရွက်ရာတွင် ရေခံမြေခံကောင်းမွန်ပြီးဖြစ်သဖြင့်       စိုက်ပျိုးရေး နှင့် မွေးမြူရေးလုပ်ငန်းများကို    စနစ်တကျဖြင့် ဆောင်ရွက်၍ရကြောင်း၊   ထိုသို့ဆောင်ရွက်နိုင်ရန် အတွက် အသိပညာနှင့်အတတ်ပညာများ   လိုအပ် သဖြင့် ပညာရေးကိုအားပေးရန်လိုကြောင်း၊   ရှမ်း ပြည်နယ်(အရှေ့ပိုင်း)၊   ကယားပြည်နယ်၊    ချင်း ပြည်နယ်တို့သည် ပညာရေးအားပေးမှုနည်းပါးပြီး ဘာသာစကား ကန့်သတ်ချက်၊   သွားလာမှုအခက် အခဲများရှိသည်ဖြစ်သော်လည်း ပညာရေးကို အားပေး ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ မိဘများက လည်း မိမိတို့သားသမီးများ၏ ပညာရေးကို အားပေး ရန်လိုအပ်သကဲ့သို့      စီးပွားရေးတိုးတက်အောင် လည်း လုပ်ဆောင်ကြရန်လိုကြောင်း၊   မိမိအနေဖြင့် ရောက်ရှိသည့်နေရာတိုင်းတွင် ပညာရေးကို အားပေး ဆောင်ရွက်ရေးအတွက်      အမြဲတစေတိုက်တွန်း ပြောကြားခဲ့ပြီး လိုအပ်သည်များကိုလည်း  ဆောင် ရွက်ပေးခဲ့ကြောင်း၊ နိုင်ငံတော်အနေဖြင့် ကျောင်းသား ကျောင်းသူများ ပညာသင်ကြားနိုင်ရေး အခြေခံပညာ ကျောင်းများနှင့်    တက္ကသိုလ်များကို   ပြန်လည် ဖွင့်လှစ်ပေးထားပြီး ပညာတတ်များပေါကြွယ်ဝရေး ကို ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ပညာရေး နှင့်ကျန်းမာရေးဝန်ထမ်းများသည် ပညာရပ်ဆိုင်ရာ များအလိုက် မွေးထုတ်ပေးထားသည့် ဝန်ထမ်းများ ဖြစ်ကြောင်း၊ နိုင်ငံရေးအခြေအနေကြောင့်   CDM ပြုလုပ်သွားသည့် ပညာရေးနှင့် ကျန်းမာရေးဝန်ထမ်း များကို ဝန်ထမ်းစည်းမျဉ်းစည်းကမ်းအရ  တာဝန် ပြန်လည်ထမ်းဆောင်ရေးအတွက်လည်း တိုက်တွန်း ဆောင်ရွက်လျက်ရှိကြောင်း၊  အတန်းပညာများကို သင်ကြားပေးနေသည့် ဆရာ၊ ဆရာမများအနေဖြင့် အရည်အချင်းပြည့်ဝရန်လိုအပ်သကဲ့သို့ ကျောင်းသား ကျောင်းသူများအနေဖြင့်လည်း    စနစ်တကျဖြင့် ကြိုးစားသင်ယူရန်လိုကြောင်း၊ ကျောင်းသား၊ မိဘ၊ ဆရာနှင့် အုပ်ချုပ်သူများအားလုံး ပါဝင်ဆောင်ရွက် မှသာ        ပညာရေးမြင့်မားလာမည်ဖြစ်ကြောင်း၊  အလယ်တန်းအဆင့် အောင်မြင်ပြီးမြောက်ပြီးပါက စိုက်ပျိုးမွေးမြူရေးနှင့်သက်ဆိုင်သည့် ပညာရပ်များ သင်ယူရန်အတွက်       အထောက်အကူပြုမည်ဖြစ် ကြောင်း၊ ထိုမှတစ်ဆင့် တက္ကသိုလ်ပညာရပ်များကို အဆင့်ဆင့် တက်ရောက်သင်ယူရမည်ဖြစ်ကြောင်း၊ တက္ကသိုလ်ပညာသင်ယူရာတွင်လည်း ကျိုင်းတုံမြို့ရှိ တက္ကသိုလ်များတွင် တက်ရောက်ပညာသင်ကြား၍ ရကြောင်း၊ ပညာရပ်ပိုင်းဆိုင်ရာများအလိုက် ထူးချွန် သူများ ပေါ်ထွန်းလာစေရေး   အားပေးဆောင်ရွက် ရန်လိုကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း ပညာ သင်ကြားရေးနှင့်ပတ်သက်၍ တတ်နိုင်သည့်ဘက် မှ အားပေးဆောင်ရွက်သွားမည်ဖြစ်သဖြင့် ဒေသ တွင်းမှ ပညာတတ်အရင်းအမြစ်များ ပေါ်ထွက်လာ စေရေး အားပေးဆောင်ရွက်ကြစေလိုကြောင်း၊ မိမိ တို့ နိုင်ငံနှင့် ဒေသတိုးတက်ရေးအတွက် ပညာရည် မြင့်မားရေးဆိုင်ရာကိစ္စရပ်များကို   ဒေသခံပြည်သူ များအားလုံးက  ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း။

 


ဒေသစီးပွားတိုးတက်ရေးအတွက် စိုက်ပျိုးရေး နှင့် မွေးမြူရေးလုပ်ငန်းများကို   စနစ်တကျဖြင့် ဆောင်ရွက်၍ရကြောင်း၊ ယခုဒေသသည် ယခင်က မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် နာမည်ဆိုးများ ရှိခဲ့သော်လည်း သက်ဆိုင်ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် တပ်မတော်မှ တားဆီးဆောင်ရွက်ခဲ့မှုများကြောင့် ယခုအခါ နည်းပါးသွားပြီဖြစ်ကြောင်း၊ အဆိုပါ မူးယစ် ဆေးဝါးနှင့်ပတ်သက်၍လည်း     ထိန်းသိမ်းကြရန် လိုကြောင်း၊ စက်မှုလုပ်ငန်း၊ စီးပွားရေးလုပ်ငန်းတို့ ဖြင့် တိုးတက်မှုကိုသာ မြင်တွေ့လိုကြောင်း။ 

 


ငြိမ်းချမ်းအောင် ဆောင်ရွက်ရမည်


မိမိအနေဖြင့် မိုင်းခတ်ဒေသကို မူးယစ်ဆေးဝါး ကင်းစင်ပြီး ဒေသတွင်းရှိ လူမှုစီးပွားဘဝများတိုးတက် မှုများရှိသည့် ဒေသတစ်ခုဖြစ်စေလိုကြောင်း၊  ယခု ကာလတွင် လုံခြုံရေးအရတည်ငြိမ်အောင်၊ နိုင်ငံရေး အရ ငြိမ်းချမ်းအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံရေးမတည်ငြိမ်မှုများရှိပါက   နိုင်ငံတိုးတက်မှု ရှိမည်မဟုတ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံရေး၊ လူမျိုးရေးများနှင့်ပတ်သက်၍     လက်နက်ကိုင် ဆောင်ရွက်ခြင်းကိုအားမပေးပါကြောင်း၊ ဒီမိုကရေစီ အရေးဆောင်ရွက်ရာတွင် နိုင်ငံရေးအရ  ဆွေးနွေး ညှိနှိုင်းအဖြေရှာရေး လမ်းစဉ်ကိုသာ ဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာ ဝန်ထမ်းများအနေဖြင့် ညီရင်းအစ်ကိုစိတ်ဓာတ်ဖြင့် ပူးပေါင်းဆောင်ရွက်ကြ စေလိုကြောင်း။

 


ဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံ ပြည်သူလူထုနှင့်ဒေသတွင်       လာရောက်တာဝန် ထမ်းဆောင်သည့် အုပ်ချုပ်ရေးဆိုင်ရာတာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများအားလုံး    ကြိုးပမ်း ဆောင်ရွက်ကြရန်လိုကြောင်း၊   ခေတ္တလာရောက် တာဝန်ထမ်းဆောင်သည့်    ဧည့်သည်အနေဖြင့် မဆောင်ရွက်ကြစေလိုဘဲ ဒေသဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်းဖြင့် ပြောကြားသည်။

 


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မိုင်းခတ်ဒေသနှင့် မိုင်းယောင်းဒေသအတွက် လက်ဆောင်ပစ္စည်းများ ကို ပေးအပ်ရာ အုပ်ချုပ်ရေးမှူးများက လက်ခံရယူ ကြသည်။

 


တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်  အဖွဲ့ဝင် များသည် တက်ရောက်လာကြသည့်   ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ရှမ်း၊ လားဟူ၊ အာခါ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။  


သတင်းစဉ်