
နေပြည်တော် ဖေဖော်ဝါရီ ၁၆
ဧရာဝတီတိုင်းဒေသကြီး ရခိုင် ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုံ့ပြန် ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်း အဝေးများကို ယနေ့တွင် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အစည်း အဝေးခန်းမများ၌ ပြုလုပ်ကြရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြ သည်။
ဦးစွာ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များနှင့် တိုင်းမှူးတို့က အဖွင့်အမှာစကား များ ပြောကြားကြသည်။ ထို့နောက် အစည်းအဝေးတွင် တက်ရောက် လာကြသူများက တိုင်းဒေသ ကြီးနှင့် ပြည်နယ်များအတွင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ နှင့်ပတ်သက်၍ ဆွေးနွေးတင်ပြ ကြရာ တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်များနှင့် တိုင်းမှူးများ က လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်