
နော်သိန်းတင်
ကရင်အစားအစာရောင်းချသူ
(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အခမ်းအနားမှာ ပါဝင်ပြသခဲ့တဲ့ ဂုဏ်ပြုယာဉ်တွေနဲ့ ယဉ်ကျေးမှုရိုးရာအကအဖွဲ့တွေကို တစ်နေရာတည်းမှာ လေ့လာ လို့ရအောင် တပေါင်းကွင်းထဲမှာ စီစဉ်ပေးမှုကြောင့် ကျွန်မတို့ အနေနဲ့လည်း တိုင်းရင်းသားရိုးရာ အစားအစာတွေထဲက ကရင်အစား အစာတွေကို ဈေးနှုန်းသက်သာ စွာဖြင့် ရောင်းချခွင့်ရခဲ့ပါတယ်။
လာရောက် လေ့လာကြည့်ရှု ကြတဲ့ တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေအားလုံး ကရင် အစားအစာတွေကို မစားဖူးတဲ့ သူလည်း စားဖူးအောင်၊ ကြိုက်နှစ် သက်တဲ့သူတွေလည်း ဝယ်ယူ အားပေးလို့ရအောင် စီစဉ်ပေး ထားပါတယ်။ ကရင်ရိုးရာအစား အစာတွေထဲမှာ ကရင်ရိုးရာ ကြက်သားသုပ်၊ ကရင်ရိုးရာ တာလပေါ၊ ကရင်ရိုးရာဒါဟဲဖိုး အပြင် တောထမင်းတောဟင်းတွေ ရောင်းချပေးပါတယ်။ ဒီအစား အစာတွေထဲမှာ တာလပေါကို အများဆုံးအားပေးတာ တွေ့ရ ပါတယ်။ ပြပွဲတတိယနေ့မှာဆိုရင် မနက်ပိုင်း ၁၁ နာရီကတည်းက အားလုံး ကုန်သွားတဲ့အတွက် ညနေပိုင်းရောင်းချပေးဖို့အတွက် ပြန်လည်ချက်ပြုတ်နေရပါတယ်။ ဒီလိုအခမ်းအနားကြီး ပြုလုပ်ပေး တဲ့အတွက် အတိုင်းမသိဝမ်းသာ မိပါတယ်။ ကိုယ့်တိုင်းရင်းသား အစားအစာတွေကို ရောင်းချပေးရ တဲ့အခါ စားသုံးသူတွေအနေနဲ့ လည်း အဆင်ပြေစွာစားသုံးနိုင်ခဲ့တယ်ဆိုတဲ့ မှတ်ချက်ပေးမှုလေး တွေကြောင့် ဝမ်းသာမိပါတယ်။
မကေသီဝင်းထွဋ်
လာရောက်လေ့လာသူ
တပ်ကုန်းမြို့
ဖေဖော်ဝါရီ ၁၂ ရက် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စု နေ့ ဂုဏ်ပြုအခမ်းအနားကြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက တိုက်ရိုက်ထုတ်လွှင့် ပြသတာကို ကြည့်ရှုလိုက်ရပါတယ်။ အဲဒါ ကြည့်ပြီး ဂုဏ်ပြုယာဉ်တွေကို အပြင်မှာမြင်ဖူးချင်တာနဲ့ စိန်ရတု ပြည်ထောင်စုနေ့မှာ ဂုဏ်ပြုတဲ့ ဂုဏ်ပြုယာဉ်တွေ ခင်းကျင်း ပြသထားတာကို လာရောက် ကြည့်ရှုဖြစ်တာပါ။ တိုင်းဒေသ ကြီးနဲ့ ပြည်နယ်အသီးသီးက ကိုယ်စားပြု ဂုဏ်ပြုယာဉ်ကြီး တွေရဲ့ခမ်းနားမှုနဲ့ ပြည့်စုံလှတဲ့ ပြကွက်တွေ လာရောက်ကြည့်ရှု သူတွေအတွက် ဗဟုသုတများစွာ ရရှိပါတယ်။ ချင်းပြည်နယ် ဂုဏ်ပြုယာဉ်ပေါ်က ဘုံတလာ ရေတံခွန်ဆိုရင် ရေတွေစီးကျ နေတာက တကယ့်ရေတွေနဲ့သရုပ် ဖော် ပြသထားမှုတွေကြောင့် အမှတ်တရဓာတ်ပုံရိုက်ဖို့အတွက် လည်း အတော်လေးကောင်းပါ တယ်။ လာရောက်လေ့လာခွင့်ရ တာကို ကျေနပ်ပီတိဖြစ်မိပါတယ်။
မခင်သီတာအောင်
လာရောက်လေ့လာသူ
အေလာမြို့
တီဗွီက ကြည့်ရတဲ့အချိန်မှာ တိုင်းနဲ့ပြည်နယ်က အထိမ်းအမှတ် တွေရှိတဲ့အတွက်ကြောင့် လာ ရောက်လေ့လာဖြစ်တာပါ။ ဒီနေ့ နောက်ဆုံးနေ့ဆိုတော့ အရင် ရက်တွေကထက် စည်လည်း စည်တယ်။ ကျွန်မတို့ဒီကိုလာတာ မိသားစုလိုက်ပါ။ အားလုံး ငါးယောက်ပါ။ ညတုန်းကလည်း တိုင်းရင်းသားရိုးရာအကတွေနဲ့ ဖျော်ဖြေတာ တီဗွီမှာကြည့်လိုက် ရတယ်။ အခုဒီနေ့ တိုင်းနဲ့ ပြည်နယ်က အထင်ကရတွေ အထိမ်းအမှတ်တွေနဲ့ တိုင်းရင်း သားရိုးရာအလိုက် ကပြဖျော်ဖြေ တင်ဆက်မှုတွေကို ကြည့်ရှုလို့ ပြီးရင် တိုင်းရင်းသားတွေရဲ့ နာမည်ကြီး အစားအစာတွေ အားပေးပြီးမှ ပြန်မှာပါ။ ပြည်ထောင်စုနေ့အထိမ်းအမှတ် အခမ်းအနားကို အခုလိုစည်စည်ကားကားကျင်းပပေးတဲ့အတွက် တာဝန်ရှိသူတွေကိုလည်း ကျေးဇူး တင်ပါတယ်။ နောက်နှစ်တွေမှာ လည်း ဒီနှစ်လိုစည်စည်ကားကားကျင်းပပေးစေချင်ပါတယ်။
မအိမ့်မြတ်ခြယ်၊ မလဝန်းအိမ်
အလက မင်္ဂလာဇေယျုံ
(၇၅) နှစ်ပြည့် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် အဖြစ် တိုင်းဒေသကြီးနဲ့ ပြည်နယ် တွေရဲ့ အထင်ကရတွေကို ယာဉ် တွေနဲ့အတူ တိုင်းရင်းသားရိုးရာ အကတွေ ဖျော်ဖြေတင်ဆက်တာ တွေကို သတင်းစာတွေဖတ်၊ တီဗွီ တွေမှာကြည့်လိုက်ရတဲ့အတွက် သမီးတို့ကျောင်းက သူငယ်ချင်း တွေစုပြီး လာရောက်လေ့လာ တာပါ။ ကျောင်းသင်ခန်းစာမှာ သင်ခဲ့ရတဲ့ မင်းကွန်းခေါင်းလောင်း ကြီးနဲ့ ပင်လုံကျောက်တိုင်တွေကို ကြည့်ရှုလေ့လာခဲ့ပါတယ်။ ယာဉ် တွေအပေါ်တက်ပြီး လေ့လာတဲ့ အခါမှာ မကွေးတိုင်းဒေသကြီးက ဆီဆုံကြီးကို သမီးတို့ပိုပြီးစိတ်ဝင် စားကြပါတယ်။ ဒီလိုမျိုး တိုင်း ဒေသကြီးနဲ့ ပြည်နယ်တွေမှာရှိတဲ့ အထင်ကရ အထိမ်းအမှတ် အားလုံးကို တစ်နေရာတည်းမှာ လေ့လာခွင့်ရလို့ စီစဉ်ပေးသူတွေ ကိုလည်း ကျေးဇူးတင်ပါတယ်။
ကိုဟိန်းစစ်ပိုင် (မင်းသား)
စစ်ကိုင်းတိုင်းဒေသကြီး
ကိုယ်စားပြု
ကျွန်တော့်အနေနဲ့ မင်းသား အကနဲ့ စစ်ကိုင်းတိုင်းဒေသကြီးကိုယ်စားပြုပြီး (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ဂုဏ်ပြုခွင့်ရတာ အတိုင်းမသိ ဝမ်းသာပါတယ်။ ဂုဏ်ပြုပြီး တဲ့နောက် ဒီတပေါင်းကွင်းထဲမှာ ပြည်သူတွေကို ဖျော်ဖြေမှုပေးရ တဲ့အခါ ထင်မှတ်မထားလောက် အောင် မင်းသားအကကို ချစ်မြတ် နိုးကြတာ တွေ့ရပါတယ်။ လာရောက်လေ့လာကြတဲ့ပြည်သူ တွေက ချစ်ခင်မှုတွေ အသိအမှတ် ပြုမှုတွေနဲ့ မင်းသားဝတ်စုံ ဝတ်ထားတဲ့ကျွန်တော်အပါအဝင် ဂုဏ်ပြုယာဉ်ကြီးနဲ့ အမှတ်တရ ဓာတ်ပုံတွေ ရိုက်ကြတယ်။ ဂုဏ်ပြုယာဉ်ကြီးတွေပေါ်မှာ ပြသ ထားတဲ့ ကိုယ်စားပြုပြကွက်တွေ ကို အသေးစိတ်လေ့လာမှတ်သားကြတာတွေ့ရပါတယ်။ ဒီဂုဏ်ပြု ယာဉ်တွေ ပြသထားတဲ့ပြပွဲမှာ လေ့လာကြည့်ရှုသူတွေက လူ ထောင်ချီရှိပါတယ်။ ဒီနေ့က နောက်ဆုံး ပြသတဲ့နေ့ဆိုတော့ အရင်ရက်တွေထက်ကို ပိုပြီး များပြားပါတယ်။ လာမယ့်နှစ်မှာ လည်း ပြည်ထောင်စုနေ့ကို အခုလိုပဲ စည်စည်ကားကားနဲ့ ဂုဏ်ပြုခွင့် ရချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။
ဦးမျိုးဦး
ရှမ်းအစားအစာရောင်းချသူ
ကျွန်တော်က အရင်ကတည်းက ရှမ်းအစားအစာရောင်းတာ ဆို တော့ အခုစိန်ရတုပြည်ထောင်စု နေ့အထိမ်းအမှတ်အခမ်းအနား မှာ ရှမ်းအစားအစာရောင်းချပေး ပါဆိုလို့ ရောင်းချရခြင်းဖြစ်ပါ တယ်။ ကျွန်တော်တို့ဆိုင်မှာ ရှမ်းခေါက်ဆွဲ၊ တို့ဟူးနွေး၊ မြီးရှည်၊ အမဲအူသုပ်၊ အသုပ်စုံအပြင် ရှမ်း ရိုးရာ ဆန်အရက်လည်း ရောင်းချ ပါတယ်။ လာရောက်လေ့လာကြ သူတွေထဲက အများဆုံးအားပေး တာကတော့ ရှမ်းခေါက်ဆွဲနဲ့ တို့ဟူးနွေးပါ။ တစ်ရက်တစ်ရက်ကို လေးသိန်းလောက် ရောင်းရပါ တယ်။ အပြင်မှာရောင်းချတဲ့ ဈေး နှုန်းနဲ့မကွာစေဘဲ ဈေးသက်သက် သာသာနဲ့ ဝယ်ယူအားပေးနိုင် ဖို့လည်း စီစဉ်ရောင်းချခဲ့ပါ တယ်။
ဦးမောင်မောင်ချို
ရှမ်းပြည်နယ် ဂုဏ်ပြုယာဉ်
တာဝန်ခံ
ရှမ်းပြည်နယ် ကိုယ်စားပြု အနေနဲ့ အခုစိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်ပွဲမှာ ဂုဏ်ပြုယာဉ်သုံးစီးနဲ့လာရောက်ပြသတဲ့နေရာမှာ တိုင်းနဲ့ပြည်နယ်ရဲ့ အထင်ကရနေရာတွေကို မသွား ရောက်နိုင်တဲ့ ပြည်သူတွေအနေနဲ့ လည်း ယဉ်ကျေးမှုတွေ၊ ဓလေ့ စရိုက်တွေနဲ့ နာမည်ကြီးနေရာ တွေကို ပြည့်ပြည့်စုံစုံသိရှိလေ့လာလို့ရတဲ့အတွက် အများကြီး လာရောက်လေ့လာကြပါတယ်။ ရှမ်းပြည်နယ်ရဲ့အထင်ကရတွေ၊ ဒေသထွက်ကုန်တွေကို သိမြင်ရ တဲ့အတွက် ပြည်သူတွေအတွက်အများကြီးဗဟုသုတရရှိစေမှာဖြစ် ပါတယ်။ ရှမ်းပြည်နယ်အနေနဲ့ ရိုးရာအကအလှတွေနဲ့ ဖျော်ဖြေ ပေးခဲ့တာကိုလည်း တစ်ခဲနက် လာရောက်အားပေးကြပါတယ်။