မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (၇၆)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနား ကျင်းပ

နေပြည်တော်   ဖေဖော်ဝါရီ   ၁၅


ပြန်ကြားရေးဝန်ကြီးဌာန    မြန်မာ့ အသံနှင့်     ရုပ်မြင်သံကြား၏     (၇၆)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်  တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင် သံကြားရုံးချုပ်၌ ကျင်းပသည်။


တက်ရောက်
အခမ်းအနားသို့       ပြန်ကြားရေး ဝန်ကြီးဌာန        ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊   ရင်းနှီးမြှုပ်နှံမှုနှင့်  နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး  ဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ လျှပ်စစ်နှင့်စွမ်းအင်           ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး၊  စီးပွားရေးနှင့်   ကူးသန်းရောင်းဝယ်ရေး  ဝန်ကြီးဌာန     ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း၊     ဒုတိယဝန်ကြီး ဦးရဲတင့်၊   အမြဲတမ်းအတွင်းဝန်၊   ဌာန ဆိုင်ရာအကြီးအကဲများ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဝန်ထမ်းများ၊ အနုပညာ ရှင်များနှင့်       ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး     နိုင်ငံတစ်ဝန်းရှိ ထပ်ဆင့်လွှင့်စက်ရုံများမှ  မြန်မာ့အသံ နှင့်  ရုပ်မြင်သံကြား   ဝန်ထမ်းများက အွန်လိုင်းဖြင့် တက်ရောက်ကြသည်။


ရှေးဦးစွာ မြန်မာ့အသံနှင့် ရုပ်မြင် သံကြား   ဝန်ထမ်းများက  “MRTV နှင့် ကောင်းသောနေ့” တေးသီချင်းဖြင့် သီဆို ကပြ  ဖျော်ဖြေကြပြီး  မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏     (၇၆)နှစ် သမိုင်း မှတ်တိုင် မှတ်တမ်းဗီဒီယိုကို ပြသသည်။


ယင်းနောက်          ပြန်ကြားရေး ဝန်ကြီးဌာန      ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက   အမှာစကား ပြောကြားရာတွင် မြန်မာ့အသံနှင့်ရုပ်မြင် သံကြားသည် ၁၉၄၆ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်တွင်  ရန်ကုန်ရေဒီယို အမည်မှ စတင်ခဲ့ပြီး  ယခုဆိုလျှင် (၇၆) နှစ်ပြည့် မြောက်ခဲ့ပြီ ဖြစ်ပါကြောင်း၊ ယနေ့အချိန် အထိ  မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ထည်ထည်ဝါဝါ  ရပ်တည်နိုင်ခြင်းသည် တာဝန်ထမ်းဆောင်ခဲ့သူ    အားလုံး၏ ကြိုးပမ်းမှုကြောင့် ဖြစ်ပါကြောင်း။


ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့် ပြန်ကြားပေးရန်၊  အသိပညာပေးရန်၊ ဖျော်ဖြေပေးရန်ဆိုသည့်         အဓိက လုပ်ငန်းရပ်များအပြင်    နိုင်ငံတော်က အလေးထားရသော၊ ပြည်သူများ အားကိုး ရသော   ဝန်ကြီးဌာနဖြစ်အောင်   စီမံ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ခေတ်နှင့် ညီသော၊ နုပျိုသစ်လွင်သော အစီအစဉ် ကောင်းများ     တင်ဆက်နိုင်ရန်လည်း စီမံဆောင်ရွက်လျက်    ရှိပါကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန   အနေဖြင့် ရုပ်ရှင်၊ သဘင်၊ ဂီတ၊ စာပေ အနုပညာ ရှင်များနှင့်လည်း  လက်တွဲဆောင်ရွက် လျက်ရှိပါကြောင်း၊     MRTV   News Channel အသစ်တစ်ခုကို ဖေဖော်ဝါရီ  ၁ ရက်တွင်   ထပ်မံထုတ်လွှင့်နိုင်ခဲ့ပြီး နောက်ပိုင်းတွင်လည်း အစီအစဉ်အသစ် များ၊  ရုပ်သံလိုင်းအသစ်များ  ထပ်မံ ထုတ်လွှင့်၍        ပြည်သူများအတွက် အကောင်းဆုံးဖြစ်အောင်   ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း။
ပူးပေါင်းဆောင်ရွက်
လာမည့်ကာလတွင်  နိုင်ငံတည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်စေရန် အတွက်  မီဒီယာစွမ်းအားဖြင့်  အတတ် နိုင်ဆုံး    ကြိုးစားဆောင်ရွက်သွားမည် ဖြစ်ရာ  ဝန်ထမ်းများ၊ အနုပညာရှင်များ ကလည်း ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက်    ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊    ဦးအောင်နိုင်ဦးနှင့်  ဒေါက်တာပွင့်ဆန်းတို့က   ထူးချွန်ဆု ရရှိသူများကို  ဆုများပေးအပ်ချီးမြှင့်ကြ သည်။
ဆက်လက်၍           ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့် မောင်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများက ထူးချွန်ဆုရရှိသူများ ကို ဆုများပေးအပ်ချီးမြှင့်သည်။


ထို့နောက်       ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က မြန်မာ့အသံနှင့် ရုပ်မြင်သံကြား  ဝန်ထမ်းများအတွက်           ငွေကျပ် ၁၆၆၀၇၀၀၀ တန်ဖိုးရှိ တူညီဝတ်စုံများကို ဒုတိယညွှန်ကြားရေးမှူးချုပ်ထံ ပေးအပ် သည်။


ယင်းနောက် မြန်မာ့အသံနှင့် ရုပ်မြင် သံကြားဝန်ထမ်းများက “ရှင်သန်နေမည် MRTV”   တေးသီချင်းဖြင့်   သီဆိုကပြ ဖျော်ဖြေကြသည်။
ထို့နောက်         စန္ဒရားကွန်းဇော် တေးဂီတအဖွဲ့နှင့်   အနုပညာရှင်များက တေးသီချင်းများ   သီဆိုဖျော်ဖြေကြပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဝန်ထမ်း များက အဉ္ဇလီအငြိမ့်အဖွဲ့ဖြင့် ဖျော်ဖြေ တင်ဆက်ကြသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးများ က  အနုပညာရှင်များနှင့်  ဖျော်ဖြေရေးအဖွဲ့ များကို     ဂုဏ်ပြုပန်းခြင်းပေးအပ်ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။ 
မြန်မာ့အသံနှင့်     ရုပ်မြင်သံကြား သည်  မြန်မာနိုင်ငံ၏  ပထမဦးဆုံးသော ရေဒီယိုနှင့်     ရုပ်သံလွှင့်လုပ်ငန်းတစ်ခု ဖြစ်ပြီး   ပြန်ကြားပေးရန်၊   အသိပညာ ပေးရန်၊  ဖျော်ဖြေပေးရန်  ရည်မှန်းချက် များနှင့်အညီ ထုတ်လွှင့်တင်ဆက်လျက် ရှိသည်။ 


၁၉၄၆ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်တွင် ရန်ကုန်ရေဒီယို   (Rangoon Radio)မှ ဗမာ့အသံ    (Burma Broadcasting Service-BBS)   အမည်ဖြင့်   စတင် အသုံးပြုခဲ့ပြီး ၁၉၈၀ ပြည့်နှစ် နိုဝင်ဘာ ၁ ရက်တွင် ရောင်စုံရုပ်မြင်သံကြားအဖြစ် စတင်ပုံမှန်ထုတ်လွှင့်ခဲ့သည်။


ယခုအခါ MRTV HD ၊ MRTV News၊ MRTV NRC၊ MRTV Farmers’၊ MRTV Parliament ၊  MRTV  Sports  ရုပ်သံ လိုင်းများနှင့် ဆက်စပ်ရုပ်သံလိုင်းအဖြစ် အင်္ဂလိပ်ဘာသာဖြင့်  ထုတ်လွှင့်သည့် MITV ရုပ်သံလိုင်းများ ထုတ်လွှင့်လျက်ရှိပြီး မြန်မာ့အသံရေဒီယို၊    သပြေရေဒီယို၊ အင်္ဂလိပ်ဘာသာဖြင့်    ထုတ်လွှင့်သည့် Myanma Radio၊ တိုင်းရင်းသားဘာသာ ၁၇ မျိုး ပါဝင်သည့် တိုင်းရင်းသားဘာသာ အစီအစဉ်များကို ထုတ်လွှင့်ပေးလျက် ရှိသည်။ 


မြန်မာနိုင်ငံအရပ်ရပ်မှ အများပြည်သူ များ အရုပ်၊ အသံ အရည်အသွေးကောင်းမွန် သည့် အစီအစဉ်များကို ဖမ်းယူကြည့်ရှု နားဆင်နိုင်ရန်       မြန်မာနိုင်ငံတစ်ဝန်း ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံပေါင်း ၂၅၈ ရုံ ဖွင့်လှစ်ထားရှိပြီး မြန်မာ့အသံ FM ရေဒီယိုလွှင့်စက်များ တိုးချဲ့တပ်ဆင်ထား သည့် စက်ရုံ ၈၅ ရုံ၊ ဒစ်ဂျစ်တယ်စနစ်ဖြင့် ထုတ်လွှင့်သည့်    DVB T2  လွှင့်စက် တပ်ဆင်ထားသည့် စက်ရုံပေါင်း ၁၅၃ ရုံ ဖြင့် ထုတ်လွှင့်လျက်ရှိသည်။

 သတင်းစဉ်