နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကျိုင်းတုံမြို့ ပန်ကွဲကျေးရွာအနီးရှိ ဗုဒ္ဓဥယျာဉ်ပရိဝုဏ်တော်အတွင်း သတ္တသတ္တာဟ မဟာဗောဓိစေတီတော်မြတ်ကြီး တည်ဆောက်နေမှုအခြေအနေများ သွားရောက်ကြည့်ရှု

နေပြည်တော်  ဖေဖော်ဝါရီ  ၁၅


နိုင်ငံတော်    စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီး   မင်းအောင်လှိုင် နှင့် အဖွဲ့ဝင်များသည် သီလဓမ္မ ကုန်းသာ   တောရကျောင်းတိုက် ဦးစီးပဓာန နာယက   (ဝစီပိတ်) ဆရာတော် ဘဒ္ဒန္တကောဝိဒ အမှူး ပြု၍   ယနေ့  မွန်းလွဲပိုင်းတွင် ကျိုင်းတုံမြို့ အရှေ့တောင်ဘက် ၁၅ မိုင်ခန့်အကွာ ပန်ကွဲကျေးရွာ အနီးရှိ ဗုဒ္ဓဥယျာဉ်ပရိဝုဏ်တော် အတွင်း   သတ္တသတ္တာဟ မဟာ ဗောဓိစေတီတော်မြတ်ကြီး တည် ဆောက် နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုသည်။


ဦးစွာ    နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ    နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည်      ပရိဝုဏ်တော်အတွင်းသို့ ရောက်ရှိ ကြပြီး   အဘယရာဇမုနိ   ရုပ်ပွား တော်မြတ်ကြီးအား     ဖူးမြော် ကြည်ညို၍ ပန်း၊ ရေချမ်း  ကပ်လှူ ပူဇော်၍    လက်ယာရစ်လှည့်လည် ပူဇော်ကြကာ   ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးရေးခေါင်းလောင်းတော်အား   ထိုးခတ်ပူဇော်သည်။

P ရှေ့ဖုံးမှ
ထို့နောက်        ရုပ်ပွားတော်မြတ်ကြီး အတွင်း ဗုဒ္ဓဝင်ဖြစ်တော်စဉ်များကို စကျင် ကျောက်တော်များဖြင့်     ထွင်းထုပူဇော် ထားမှုအား       လှည့်လည်ကြည်ညိုကြ သည်။


သွားရောက်ကြည့်ရှု


ယင်းနောက်  နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် ဗုဒ္ဓဥယျာဉ်တော်နှင့် လွိုင်မွေတောင် အပန်းဖြေစခန်းမြို့သို့       ဆက်သွယ် ဖောက်လုပ်မည့် Sky Train  စီမံကိန်း မြေနေရာအား   သွားရောက်ကြည့်ရှုပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ      ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 
ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်  အဖွဲ့ဝင်များသည်  ဗုဒ္ဓဥယျာဉ်တော် အတွင်း   ရှုခင်းသာနေရာ၊   ဗုဒ္ဓဥယျာဉ် တော်နှင့်  သောက်သုံးရေ လိုအပ်လျက် ရှိသည့်       ပတ်ဝန်းကျင်ကျေးရွာများ အတွက် ရေလှောင်တမံ တည်ဆောက်နေ မှုကို သွားရောက်ကြည့်ရှုရာ တာဝန်ရှိသူ များက      ရေလှောင်တမံဆောင်ရွက်နေမှု   အခြေအနေနှင့် ကျိုင်းတုံမြို့နယ်    ရေကြီး ရေလျှံမှု ကာကွယ်ရေးဘဏ္ဍာနှစ်အလိုက် ချောင်းများမှ    သဲနုန်းတူးဖော်ခြင်းနှင့်   ချောင်းချဲ့ထွင်ခြင်းလုပ်ငန်းများ ဆောင် ရွက်နေမှုအခြေအနေများကို   ရှင်းလင်း တင်ပြကြသည်။ 


ဆွေးနွေးမှာကြား


ရှင်းလင်း       တင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မြေအောက်ရေ သုံးစွဲမှုကို   တတ်နိုင်သမျှ   လျှော့ချ၍ သဘာဝမှ သိုလှောင်ရရှိနိုင်သည့် ရေကို ဆည်တည်ဆောက်၍ ထိန်းသိမ်းသုံးစွဲရန် လိုကြောင်း၊  ထိုသို့  သုံးစွဲရာတွင်လည်း ရေသုံးစွဲမှုကို    စနစ်တကျ    သုံးစွဲရန် လိုကြောင်း၊   မြစ်ချောင်းများအတွင်း မိုးရာသီ၌   ရေဝင်ရောက်မှုပိုမိုများပြား စေရေး သဲနုန်းများကို ယခုပွင့်လင်းကာလ များတွင်   စနစ်တကျ ဖယ်ရှားရှင်းလင်းထားရန်လိုကြောင်း၊ အဆိုပါ မြစ်၊ ချောင်း များအတွင်းရှိ   ရေများကို  စိုက်ပျိုးရေး တောင်သူများ    ရာသီမရွေး   သီးနှံများ စိုက်ပျိုးနိုင်ရေးအတွက် နေရောင်ခြည် စွမ်းအင်သုံး အသေးစားရေတင်စိုက်ပျိုး ခြင်းများကို ကျိုင်းတုံဒေသတွင် ကနဦး စမ်းသပ်ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူ များက   အလေးထား  ဆောင်ရွက်ရန် လိုကြောင်း၊ ထိုသို့   အသေးစားရေတင် စိုက်ပျိုးခြင်းဖြင့် အောင်မြင်မှုများရရှိပါက နိုင်ငံတစ်ဝန်းတွင်လည်း အဆိုပါစနစ်ဖြင့် စိုက်ပျိုးနိုင်ရေး       ဆောင်ရွက်ကြရန် လိုကြောင်း၊      စိုက်ပျိုးရေးဖြစ်ထွန်း အောင်မြင်မှသာ စိုက်ပျိုးရေးတောင်သူ များ၏ လူမှုစီးပွားဘဝ ဖြစ်ထွန်းတိုးတက် လာမည်ဖြစ်သဖြင့်   အောင်မြင်အောင် တာဝန်ရှိသူများက     ဝိုင်းဝန်းကြိုးပမ်း ဖော်ဆောင်ပေးကြရန်   လိုကြောင်းဖြင့် ဆွေးနွေးမှာကြားပြီး  လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ 


ကြည့်ရှု


ယင်းနောက် ဝစီပိတ်ဆရာတော်ကြီး ကိုယ်တိုင်   ဦးဆောင်  ကမကထပြု၍ တည်ဆောက်ပူဇော်လျက်ရှိသည့်  သတ္တ သတ္တာဟ မဟာဗောဓိစေတီတော်မြတ် ကြီး  တည်ဆောက်ပူဇော်ပြီးစီးမှု  အခြေ အနေ၊     ကမ္မဝိသုဒ္ဓိခဏ္ဍ  သိမ်တော် တည်ဆောက်ပြီးစီးမှု အခြေအနေများကို လိုက်လံကြည့်ရှုပြီး    လိုအပ်သည်များ မှာကြားသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်   အဖွဲ့ဝင်များသည်  ဗုဒ္ဓဥယျာဉ်တော် အတွင်း လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။            

သတင်းစဉ်