
နေပြည်တော် ဖေဖော်ဝါရီ ၁၅
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေ နှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင် ရွက်လျက်ရှိရာ ဖေဖော်ဝါရီလ ၁၄ ရက်တွင် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းရှိ အကောက်ခွန်ဦးစီးဌာနနှင့် တာဝန်ကျဌာနဆိုင်ရာ ပူးပေါင်းစစ်ဆေးရေး အဖွဲ့ဖြင့် ရှောင်တခင်ဝင်ရောက် စစ်ဆေးရာ လိုင်စင်မဲ့ မော်တော်ယာဉ် HINO RANGER Tractor Head (18) ဘီးယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀၀၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေဖြင့် အရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း အကောက် ခွန်ဦးစီးဌာနနှင့် တာဝန်ကျဌာနဆိုင်ရာ ပူးပေါင်းစစ်ဆေးရေး အဖွဲ့ဖြင့် သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ တရားဝင် စာရွက်စာတမ်း အထောက်အထားတစ်စုံတစ်ရာ တင်ပြ နိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်းမျိုးစုံ (ခန့်မှန်း တန်ဖိုး ငွေကျပ် ၂၉၄၉၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် 5J/2873 Mini Bus ယာဉ်အမျိုးအစား တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၀၀၀၀၀၀) (စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၁၄၉၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေဖြင့် အရေးယူဆောင်ရွက်လျက်ရှိသည်။
၎င်းအပြင် ရခိုင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်း စစ်ဆေးရေးအဖွဲ့မှ ရှောင်တခင်စစ်ဆေးခဲ့ရာ အမ်းမြို့နယ်၊ တောင်ကုတ်မြို့နယ်နှင့် ဂွမြို့နယ်တို့အတွင်း တရားမဝင် သစ်မျိုးစုံ ၂၈ ဒသမ ၈၁၃ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၁၆၉၃၈) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေဖြင့် အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ဖေဖော်ဝါရီ ၁၅ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲ မှုဖြင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ ရှောင်တခင် စစ်ဆေးခဲ့ရာ တမူးမြို့နယ်နှင့် မော်လိုက်မြို့နယ်တို့အတွင်း တရားမဝင် ကညင်သစ် ၁၁ ဒသမ ၃၁၅ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၆၅၇၅၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေဖြင့် အရေးယူဆောင်ရွက်လျက်ရှိသည်။
၎င်းအပြင် ပဲခူးတိုင်းဒေသကြီးသစ်တောဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့များက သတင်းအရ သွားရောက်စစ်ဆေးရာ ပဲခူးနှင့် တောင်ငူခရိုင် သစ်တောကြိုးဝိုင်းများအတွင်း တရားမဝင်သစ်မျိုးစုံ ၃ ဒသမ ၁၁၂၂ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၆၈၈၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေဖြင့် အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ ဖေဖော်ဝါရီ ၁၄ ရက် နှင့် ၁၅ ရက် တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၃) မှု (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၉၇၄၁၄၈၈) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်