
နေပြည်တော် ဖေဖော်ဝါရီ ၉
ရန်ကုန်တိုင်းဒေသကြီး ရွှေပြည် သာမြို့နယ် ဇီးကုန်းကျေးရွာ ပန်းခြံ(၃)လမ်းနေ သန်းဦး(ဘ)ဦးမြဟန်သည် ၂၀၂၁ ခုနှစ် မတ် ၁၅ ရက်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၆ ရက်အတွင်း၌ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ အကြမ်း ဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့ ၏ အမိန့်ကြော်ငြာစာအမှတ် (၂/ ၂၀၂၁)ဖြင့် အကြမ်းဖက်အုပ်စု များအဖြစ် သတ်မှတ်ကြေညာထား သည့် အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်းနှင့် ၎င်းတို့အား ငွေကြေး ထောက်ပံ့ခြင်းတို့ ကြောင့်လည်းကောင်း၊ မြောက် ဥက္ကလာပမြို့နယ် ရွှေပေါက်ကံ မြို့သစ် (၁၇)ရပ်ကွက် ဦးပုည(၁)လမ်းနေ ဆုရည်ပိုင်(ခ)မီးမီးသည် အကြမ်းဖက် လုပ်ငန်းများ လုပ်ဆောင်ရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ နယ်မြေ အတွင်း၌ သင်တန်းတက်ရောက် ခြင်းနှင့် အကြမ်းဖက်အုပ်စုကို ငွေကြေးထောက်ပံ့ခြင်းတို့ကြောင့် လည်းကောင်း၊ မြောက်ဥက္ကလာပ မြို့နယ် (ဌ)ရပ်ကွက် ခွာညို(၅) လမ်းနေ မိုမိုကို(ဘ)ဦးဝင်းထူး သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့၏ အမိန့် ကြော်ငြာစာအမှတ် (၂/၂၀၂၁)ဖြင့် အကြမ်းဖက် အုပ်စုများအဖြစ် သတ်မှတ် ကြေညာထားသည့် အဖွဲ့အစည်းများနှင့် ဆက်သွယ် ခြင်းနှင့် ၎င်းတို့အား ငွေကြေး ထောက်ပံ့ခြင်းတို့ကြောင့် လည်း ကောင်း စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည) အရ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်တွင် ၎င်းတို့အား “ထောင်ဒဏ် တစ်သက်” ပြစ်ဒဏ်အမိန့် ချမှတ် လိုက်ကြောင်း သိရှိရသည်။
စစ်အုပ်ချုပ်ရေးအမိန့် ထုတ် ပြန်ကြေညာထားသည့် မြို့နယ် များအတွင်း စစ်ခုံရုံးဖြင့် စစ်ဆေး မည့် ပြစ်မှုဆိုင်ရာ၂၃ မျိုးကိုလည်း ပူးတွဲထုတ်ပြန်ထားကြောင်းနှင့် အဆိုပါပြစ်မှုများကို ဖောက်ဖျက် ကျူးလွန်ပါက စစ်ခုံရုံးဖွဲ့၍စစ်ဆေးမှု များ ဆောင်ရွက်ကာ ထိထိရောက် ရောက် မြန်မြန်ဆန်ဆန် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။
သတင်းစဉ်