
နေပြည်တော် ဖေဖော်ဝါရီ ၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့ မွန်းလွဲပိုင်းတွင် မကွေး မြို့ ပြည်သူ့ဆေးရုံကြီးရှိ အသစ်ထပ်မံ ဆောက်လုပ် ထားရှိသည့် သားဖွားမီးယပ်နှင့် မွေးကင်းစကလေး သုံးထပ်ကုသဆောင်အား သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ကြိုဆိုနှုတ်ဆက်
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား မကွေးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးမှူး ဒေါက်တာသောင်းလှိုင်၊ ဆေးရုံ အုပ်ကြီး ဒေါက်တာ ဝင်းနီလာလှနှင့် ကျန်းမာရေး ဝန်ထမ်းများက ကြိုဆိုနှုတ်ဆက်ကြသည်။
ယင်းနောက် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက သားဖွားမီးယပ်နှင့် မွေးကင်းစကလေးသုံးထပ် ကုသ ဆောင်ကြီးအား ဂျပန်နိုင်ငံအစိုးရအထောက်အပံ့ဖြင့် ကျန်းမာရေးဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံအပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA)တို့ ပူးပေါင်း၍ ဆောက်လုပ်ခဲ့မှုအခြေအနေ၊ ဆေးရုံသစ် ကြီးအတွင်း တပ်ဆင်ရန်ကျန်ရှိသည့် ဆေးရုံသုံး ပစ္စည်းများ တပ်ဆင်နိုင်ရေး ဆောင်ရွက်နေမှု အခြေ အနေ၊ မကွေးဆေးတက္ကသိုလ်အတွက် သင်ကြားမှု အထောက်အကူပြုစေရန်အတွက် သင်ကြားရေး ဆိုင်ရာများနှင့် ပတ်သက်သည့် လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်း တင်ပြသည်။
များစွာအကျိုးရှိမည်ဖြစ်
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မကွေးတိုင်းဒေသကြီးအတွင်း နေထိုင်သူများ၏ ပျမ်းမျှလူ့သက်တမ်း (Life Expectancy) သည် ၆၅ နှစ်ဖြစ်ပြီး မိမိတို့နိုင်ငံ၏ ပျမ်းမျှလူ့သက်တမ်းမှာ ၆၇ ဒသမ ၄၂ နှစ်ဖြစ်ကြောင်း၊ မကွေးတိုင်းဒေသ ကြီးအတွင်း မွေးဖွားကလေးသေဆုံးမှုနှုန်း မြင့်မား သဖြင့် ယခုသားဖွားမီးယပ်နှင့် မွေးကင်းစကလေး သုံးထပ်ကုသဆောင် တည်ဆောက်ခြင်းကြောင့် တိုင်းဒေသကြီးအတွင်း များစွာအကျိုးရှိမည်ဖြစ် ကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်း ၂၀၂၁ ခုနှစ် တွင် မွေးဖွားလူနာ ၂၃၁၈ ဦးရှိကြောင်း၊ မကွေးမြို့ သည် အချက်အချာကျသည့် လမ်းဆုံမြို့တစ်ခု ဖြစ်သဖြင့် ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများကို အဆင်ပြေချောမွေ့စွာဖြင့် ဆောင် ရွက်ပေးနိုင်ရန်လိုကြောင်း၊ ၂၀၂၁ ခုနှစ် ဧပြီလ အတွင်း မကွေးမြို့သို့ မိမိရောက်ရှိစဉ် ကျန်းမာရေး ဝန်ကြီး၏ တင်ပြချက်အရ ဆေးရုံသစ်ကြီးတွင် တပ်ဆင်ရန်ကျန်ရှိနေသည့် ဆေးရုံသုံးပစ္စည်းများ အမြန်ရရှိရေး ဂျပန်နိုင်ငံမှ တာဝန်ရှိသူများနှင့် ချက်ချင်းဆွေးနွေးခဲ့ရာ ယခုအခါ ဆေးရုံသုံးပစ္စည်း များ ရောက်ရှိပြီဖြစ်ကြောင်း၊ အဆိုပါ ဆေးရုံသုံး ပစ္စည်းများအား ကုသရေးလုပ်ငန်းများတွင် အကျိုး ရှိရှိဖြင့် အသုံးချရန်လိုကြောင်း၊ ကျန်ရှိသည့် ဆေးရုံ များကိုလည်း အဆင့်မြှင့်တင်နိုင်ရေး ဆက်လက် ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် ကင်ဆာ ရောဂါကုသရေးအတွက် ဆေးရုံများလိုအပ်ချက် ရှိသောကြောင့် ထပ်မံဆောက်လုပ်နိုင်ရး ကျန်းမာရေး ဝန်ကြီးဌာနမှ ဆောင်ရွက်ရန်လိုကြောင်း၊ ဆေးရုံ အတွက် လျှပ်စစ်မီးပြတ်တောက်ချိန်တွင် အရေးပေါ် မီးအတွက် အသုံးပြုနိုင်ရန် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာလျှပ်စစ်မီးများ တပ်ဆင်ရန်လိုကြောင်း၊ ဆေးရုံများ တည်ဆောက်ရာတွင် ကျစ်ကျစ်လျစ်လျစ် ဖြင့် အကျိုးရှိစွာအသုံးချနိုင်ရေး စနစ်တကျဖြင့် တွက်ချက်ဆောင်ရွက်ရန်လိုကြောင်း မှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဆေးရုံ သစ်ကြီးအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ် သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်