စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လမ်း၊ တံတားနှင့် ရေသန့်စက်ရုံဖွင့်

 

စစ်ကိုင်း   ဖေဖော်ဝါရီ    ၉


(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့်   မုံရွာမြို့   နန္ဒဝန် ရပ်ကွက်ရှိ ကတ္တရာလမ်း တစ်လမ်း၊ ကွန်ကရစ် လမ်း ကိုးလမ်း၊ ကွန်ကရစ်တံတား   ၁၁  စင်း  ဖွင့်ပွဲအခမ်းအနားကို   ယမန်နေ့က   အဆိုပါ လမ်းဖွင့်ပွဲ မုခ်ဦးရှေ့တွင် ကျင်းပသည်။ 

 


ရှေးဦးစွာ   တိုင်းဒေသကြီး  ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကားပြောကြားပြီး ထို့နောက်     တိုင်းဒေသကြီး      ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး     လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး  ရဲမှူးကြီး ကျော်ထွန်းနှင့်  တာဝန်ရှိ သူများက   နန္ဒဝန်ရပ်ကွက်ရှိ   ကတ္တရာလမ်း တစ်လမ်း၊    ကွန်ကရစ်လမ်း      ကိုးလမ်း၊ ကွန်ကရစ်တံတား ၁၁ စင်းတို့ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

 


ထို့နောက်     တိုင်းဒေသကြီး     ဝန်ကြီးချုပ် နှင့်    တာဝန်ရှိသူများသည်   (၇၅)  နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆို သောအား ဖြင့်  နန္ဒဝန် ဝန်ထမ်းအိမ်ရာအတွင်းရှိ လီတာ  ၁၀၀၀ ဆံ့ ရေသန့်စက်ရုံ သုံးရုံ ဖွင့်ပွဲ အခမ်းအနားသို့     တက်ရောက်ဖွင့်လှစ်ပေး ပြီး   ရေသန်စက်ရုံ  အမှတ် (၁-၂-၃)  တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)