
အရှေ့တောင်အာရှတွင် အစောဆုံး မြို့ပြယဉ်ကျေးမှု (Civilization) သည် ပျူမြို့များဖြစ်
နေပြည်တော် ဖေဖော်ဝါရီ ၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီဝင်များဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဦးမောင်းဟာ၊ ဦးရွှေကြိမ်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြ သည့် ဦးကိုကို၊ ဦးလှမိုး၊ ဦးခင်မောင်ရီ၊ ဦးအောင်သန်းဦး၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာ ကံဇော်နှင့်ဇနီး၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် တာဝန်ရှိသူတို့လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် မကွေး တိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်ရှိ ကမ္ဘာ့ အမွေအနှစ်စာရင်းဝင် ဗိဿနိုးမြို့ဟောင်းသို့ သွားရောက်ကြည့်ရှုလေ့လာသည်။
ရှင်းလင်းတင်ပြ
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဗိဿနိုး ရှေးဟောင်းသုတေသနပြတိုက်သို့ ရောက်ရှိကြရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်နှင့် အဖွဲ့ဝင် များက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် ပြတိုက် ရှင်းလင်းဆောင်၌ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး လွင်က ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပျူမြို့ဟောင်း များဖြစ်သည့် ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ တို့၏ သမိုင်းအကျဉ်းနှင့် မြို့ဟောင်းများ၏ မတူးဖော် မီအခြေအနေ၊ တူးဖော်ဆဲအခြေအနေနှင့် တူးဖော်ပြီး အခြေအနေ၊ တူးဖော်ရရှိပြီးနောက် ကမ္ဘာလုံးဆိုင်ရာ စံတန်ဖိုး ၃ ရပ်ဖြင့် ကမ္ဘာ့အမွေအနှစ်သတ်မှတ်နိုင်ရေး အဆိုပြုတင်သွင်းခဲ့သည့် အခြေအနေနှင့် ၂၀၁၄ ခုနှစ် ဇွန် ၂၂ ရက်တွင် ပြုလုပ်သည့် (၃၈) ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီညီလာခံက “ကမ္ဘာ့အမွေ အနှစ်စာရင်းဝင်ဒေသများ”အဖြစ် သတ်မှတ်ခံခဲ့ရ သည့် အခြေအနေနှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနအနေဖြင့် ရှေးဟောင်းယဉ်ကျေးမှုလက်ရာများကို ထိန်းသိမ်းဆောင်ရွက် လျက်ရှိသည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် သမိုင်းသုတေ သနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် (အငြိမ်းစား) ဒေါက်တာ နန္ဒာမွှန်းက သမိုင်းဝင်ရှေးဟောင်း ယဉ်ကျေးမှုလက်ရာများ၊ အဆောက်အဦများ၊ နေရာ များကို ထိန်းသိမ်းဆောင်ရွက်နိုင်မည့်အခြေအနေ၊ ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာပျူမြို့ဟောင်း ၃ ခုအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဒေသများ အဖြစ် သတ်မှတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ရ သည့် အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြသည်။
စနစ်တကျ ထိန်းသိမ်းဆောင်ရွက်
ရှင်းလင်းတင်ပြမှုများနှင့် ပတ်သက်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပျူမြို့ဟောင်းများ သည် တန်ဖိုးဖြတ်၍မရသည့်အတွက် ရှေးဟောင်းအမွေအနှစ်နေရာများနှင့် ပတ်ဝန်းကျင်တစ်ဝိုက်ကို စနစ်တကျ ထိန်းသိမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရှေးဟောင်းအမွေအနှစ်ဧရိယာအတွင်း ရှေးဟောင်း ပစ္စည်းများ၊ လက်ရာများကို ထိခိုက်စေနိုင်သည့် လုပ်ငန်းလုပ်ဆောင်မှုများမရှိစေရေး ဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်ရမည်ဖြစ်ပြီး တားမြစ်သင့် သည်များကို တင်းတင်းကျပ်ကျပ် တားမြစ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လုပ်ကိုင်ဆောင်ရွက်နေသူများကိုလည်း နားလည်မှုရှိအောင် ရှင်းလင်းပြောကြား ရမည်ဖြစ်ကြောင်း၊ မြေအောက်တွင်ရှိနေသည့် မြို့ရိုး များနှင့် ရှေးဟောင်းလက်ရာအမွေအနှစ်များသည် ထိခိုက်ပျက်စီးနိုင်မည်ဖြစ်သောကြောင့် တူးဖော်မှု များကို အမြန်ဆုံးဆောင်ရွက်ရန်လိုပြီး အချိန်မီ ထိန်းသိမ်းဆောင်ရွက်ရန်လိုကြောင်း၊ လိုအပ်သည် များကို နိုင်ငံတော်မှ ဖြည့်ဆည်းဆောင်ရွက်ပေးသွား မည်ဖြစ်သည့်အတွက် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပျူမြို့ဟောင်းများဖြစ်သည့် ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာမြို့ဟောင်းများ ဆက်လက်တူးဖော် မှုနှင့် ထိန်းသိမ်းမှုများကို ဆက်လက်ဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ မိမိနိုင်ငံ၏ ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်များကို ဖော်ထုတ်ခြင်းဖြင့် တိုင်းပြည်အပေါ်တန်ဖိုးထားမှုနှင့် မျိုးချစ်စိတ် ရှင်သန်ထက်မြက်မှု၊ တိုင်းပြည်၏ ရှေးဟောင်း ယဉ်ကျေးမှုကို တန်ဖိုးထားဂုဏ်ယူမှုတို့ကို ဖြစ်ပေါ် လာအောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံ အတွက်သာမက မကွေးတိုင်းဒေသကြီး၏ အထင် ကရ အထိမ်းအမှတ်နေရာ၊ ကမ္ဘာ့အမွေအနှစ်ဖြစ်သည့် အတွက် ဆက်လက်ထိန်းသိမ်းဆောင်ရွက်ခြင်းအားဖြင့် ဒေသဖွံ့ဖြိုးတိုးတက်မှုကိုပါ ဖြစ်ပေါ်စေနိုင်မည် ဖြစ်ကြောင်း။
အရှေ့တောင်အာရှတွင် အစောဆုံး မြို့ပြ ယဉ်ကျေးမှု (Civilization) သည် ပျူမြို့များဖြစ်ပြီး ၎င်းပျူမြို့များနှင့်ပတ်သက်၍ တရုတ်နိုင်ငံနှင့် အခြား နိုင်ငံများတွင်လည်း ယဉ်ကျေးမှုသမိုင်းအထောက် အထားများရှိခဲ့ကြောင်း၊ အိန္ဒိယနိုင်ငံ၊ ဗီဇာကာ ပတ်တနန်မြို့ရှိ Bheemunipatnam တောင်ကုန်း ပေါ်ရှိ Thotlakonda Buddhist Complex သို့ သွားရောက်လေ့လာခဲ့ရာတွင်လည်း ပျူမြို့ဟောင်း များကဲ့သို့ ရှေးဟောင်းယဉ်ကျေးမှုလက်ရာပုံစံများ၊ ငွေဒင်္ဂါးပြားများနှင့် ယခု ဗိဿနိုးမြို့ဟောင်းတွင် ဧရိယာအကြီးဆုံးတူးဖော်ရရှိသည့် ဘာသာရေး အဆောက်အဦပုံစံနှင့် တူညီသည့် အဆောက်အဦ ပုံစံများကို တွေ့ရှိလေ့လာခဲ့ရကြောင်း၊ မိမိတို့နိုင်ငံရှိ ပျူမြို့ဟောင်းများအပါအဝင် အခြားရှေးဟောင်း သမိုင်းဝင်နေရာများ၊ အဆောက်အဦများကို ထိန်းသိမ်းရာတွင် အခြားနိုင်ငံများ၏ ထိန်းသိမ်း ဆောင်ရွက်နေမှုများမှ အတုယူသင့်သည်ကို အတုယူ လုပ်ဆောင်သင့်ကြောင်း၊ သမိုင်းကို သိမှသာလျှင် မိမိနိုင်ငံ၊ လူမျိုးတို့၏ ယဉ်ကျေးမှုကိုသိမည်၊ တိုင်းပြည်ကို ချစ်မြတ်နိုးမည်၊ တန်ဖိုးထားမည်ဖြစ် သည့်အတွက် သမိုင်းအမွေအနှစ်များကို မပျောက် ပျက်ရန်နှင့် ရေရှည်တည်မြဲမှုရှိစေရန် အစဉ်အဆက် ထိန်းသိမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အခြေခံ ပညာကျောင်းများ၊ တက္ကသိုလ်များတွင်လည်း ရှေးဟောင်းယဉ်ကျေးမှု သမိုင်းအမွေအနှစ်များနှင့် ပတ်သက်သည်များကို ပညာပေးထည့်သွင်းသင်ကြား ရန်လိုကြောင်းဖြင့် ဆွေးနွေးပြောကြားသည်။
ယဉ်ကျေးမှုအဆင့်အတန်းမြင့်မား
ထို့နောက် ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင် နှင့် ဒေါက်တာနန္ဒာမွှန်းတို့၏ ဖြည့်စွက်တင်ပြချက် များအပေါ် ဆက်လက်ဆွေးနွေးကြရာ ရှေးဟောင်း သုတေသနလုပ်ငန်းများကို ဆောင်ရွက်ကြရာ၌ ရှေးဟောင်းသုတေသနအမြင်ဖြင့်သာမက ဘူမိဗေဒ ပညာရပ်အမြင်နှင့် ပထဝီပညာရပ်အမြင်တို့ဖြင့်ပါ ပေါင်းစပ်ဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတို့နိုင်ငံ၌ မြို့ပြယဉ်ကျေးမှုကို ပျူခေတ်(ဘီစီ ၃ ရာစု- ၂ ရာစု)ကတည်းက စတင်ခဲ့ပြီး ၎င်းခေတ်ကတည်းက မိမိ နိုင်ငံ၏ ခမ်းခမ်းနားနား၊ ထည်ထည်ဝါဝါဖြစ်မှု၊ ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားမှုတို့ကို စောစော ဖော်ထုတ်၍ စုံစုံလင်လင်ပြသနိုင်ရေး ဆက်လက် ကြိုးပမ်းသွားရန်လိုကြောင်း၊ ပြည်တွင်း၊ ပြည်ပ လေ့လာသူများ ပိုမိုများပြားစွာ လာရောက်လေ့လာ နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေး ခဲ့ကြသည်။
ခေတ်မီနည်းစနစ်များအသုံးပြု
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဇနီးနှင့် အဖွဲ့ဝင်များ သည် ပြတိုက်အတွင်းပြသထားရှိသည့် ဗိဿနိုး မြို့ဟောင်းမြေပုံ၊ မြို့ဝင်ပေါက် မြို့ရိုး၊ ရှေးခေတ် အသုံးအဆောင်ပစ္စည်းများ၊ စာပေဆိုင်ရာအထောက် အထားများ၊ ပျူခေတ်အုတ်များ၊ တော်ဝင်ဗိသုကာ များနှင့် ပျူခေတ်အသုံးအဆောင်ပစ္စည်းများ၊ ပြကွက် များကို တစ်ခုချင်းအသေးစိတ် စိတ်ဝင်တစားကြည့်ရှု လေ့လာခဲ့ပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှု များအပေါ် ပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် ဓာတ်ပုံများကို အရည်အသွေးကောင်းမွန်ပြီး မြင်ကွင်းကျယ်သည့် ဓာတ်ပုံများဖြစ်ရန်နှင့် ခုနှစ်၊ သက္ကရာဇ်များ၊ တူးဖော်ရရှိသည့်နေရာများကို အလွယ်တကူ လေ့လာသိရှိနိုင်ရေးအတွက်လည်း ရှင်းလင်းစွာ စာတန်းထိုးထားရန်လိုကြောင်း၊ ရှေးခေတ် လက်ရာ ဒင်္ဂါးပြားများ၊ လက်ဝတ်ရတနာများကို အနီးကပ်ကြည့်ရှုလေ့လာနိုင်ရေး ခေတ်မီနည်းစနစ် များအသုံးပြု၍ LED Screen များဖြင့် လေ့လာ ကြည့်ရှုနိုင်အောင် ဆောင်ရွက်ပေးထားရန်လိုကြောင်း နှင့် အခြားလိုအပ်သည်များကို မှာကြားဆွေးနွေး သည်။
အုတ်ရိုးများကို ကြည့်ရှုလေ့လာ
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဇနီးနှင့် အဖွဲ့ဝင်များသည် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဗိဿနိုးမြို့ဟောင်းအတွင်းရှိ KKG-2 ဘုန်းကြီး ကျောင်းပန္နက်ပုံရှိ အဆောက်အဦ၊ KKG-3 စေတီ ပန္နက်ပုံရှိ အဆောက်အဦ၊ KKG-4 ဘာသာရေးဆိုင်ရာ အထိမ်းအမှတ်အဆောက်အဦ၊ BTO- 1၊ BTO- 2၊ BTO- 3၊ BTO- 4၊ BTO- 5 နန်းတော်ရာအတွင်း၊ အပြင် အုတ်ရိုးများကို ကြည့်ရှုလေ့လာခဲ့ပြီး မြို့ဟောင်း အတွင်းရှိ ရှေးဟောင်းအဆောက်အဦများကို တစ်နေရာနှင့်တစ်နေရာမြင်နိုင်ရန်၊ လျှောက်လမ်း များ၊ လမ်းညွှန်ဆိုင်းဘုတ်များကို စနစ်တကျ ပြုလုပ် ထားရှိရန်နှင့် စနစ်တကျ ထိန်းသိမ်းဆောင်ရွက် ရန်လိုအပ်သည့် အခြေအနေများနှင့်ပတ်သက်၍ လိုအပ်သည်များကို ဆွေးနွေးမှာကြားခဲ့သည်။
မူဝါဒနှင့်အညီ ဆက်လက်ထိန်းသိမ်း
အဆိုပါ ဗိဿနိုးမြို့ဟောင်းသည် မကွေးတိုင်း ဒေသကြီး တောင်တွင်းကြီးမြို့နယ် တောင်တွင်း ကြီးမြို့၏ အနောက်ဘက် ၁၂ မိုင်ခန့်အကွာတွင် တည်ရှိပြီး မြောက်ဘက်တွင် ယင်းချောင်း၊ စတုံ ချောင်းနှင့် တောင်ဘက်တွင် တောင်ဦးချောင်း၊ ရန်ပယ်ချောင်းတို့ စီးဆင်းလျက်ရှိကာ စိုက်ပျိုးမြေ ကောင်းမွန်သော ယင်းလွင်ပြင်ဒေသနှင့် တောင်တွင်း ကြီးလွင်ပြင်တို့ကို အမှီပြု၍ တည်ဆောက်ထားသည့် အေဒီ(၁) ရာစု မှ အေဒီ(၅)ရာစုအတွင်း ဖွံ့ဖြိုးတိုးတက် ခဲ့သည့် မြို့ဟောင်းတစ်ခုဖြစ်ကြောင်း၊ ၁၉၀၅ ခုနှစ် တွင် မြန်မာနိုင်ငံရှေးဟောင်းသုတေသနဌာနမှ စူးစမ်းလေ့လာခဲ့ပြီး ၁၉၅၉ ခုနှစ်မှ ၁၉၆၂ ခုနှစ်အတွင်း ရှေးဟောင်းကုန်းပေါင်း (၂၅) ကုန်းကို စနစ်တကျ တူးဖော်သုတေသနပြုခဲ့ကြောင်း၊ ၁၉၉၅ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ကုန်းပေါင်း(၄၁) ကုန်းကို ထပ်မံတူးဖော် သုတေသနပြုခဲ့ပြီး မြို့ဟောင်းအတွင်း စုစုပေါင်း (၆၆) ကုန်းကို တူးဖော်သုတေသနပြုခဲ့ပြီးဖြစ် ကြောင်း၊ ဗိဿနိုးမြို့ဟောင်းကို တူးဖော်မှုများစတင် စဉ် တူးဖော်မှုကုန်းအမှတ်များကို ကုက္ကိုခွရွာအား အစွဲပြု၍ KKG ဟုအမည်ပေးခဲ့ပြီး ၁၉၉၅ ခုနှစ်မှ စတင်၍ ဗိဿနိုး BTO ဟူသော ကုန်းအမည် အတို အမှတ်ကို ပြောင်းလဲသုံးစွဲခဲ့ကြောင်း၊ ရှေးဟောင်း သုတေသနဆိုင်ရာ သုတေသနပြုလေ့လာချက်များ အရ ခိုင်မာစွာတွေ့ရှိရသော ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ ပျူမြို့ဟောင်းများကို ကမ္ဘာလုံး ဆိုင်ရာ စံတန်ဖိုး(၃)ရပ်ဖြင့် ကမ္ဘာ့အမွေအနှစ် သတ်မှတ်နိုင်ရေး အဆိုပြုတင်သွင်းခဲ့ရာ ၂၀၁၄ ခုနှစ် ဇွန်လ ၂၂ ရက်နေ့တွင် ပြုလုပ်သည့် (၃၈)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီညီလာခံက “ကမ္ဘာ့ အမွေအနှစ်စာရင်းဝင်ဒေသများ” အဖြစ် သတ်မှတ်ခဲ့ ကြောင်း၊ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပျူမြို့ဟောင်း များကို မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များကို ရှာဖွေ ဖော်ထုတ်ရန်၊ ထိန်းသိမ်းရန်၊ တိုးတက်ပြန့်ပွား အောင်ဆောင်ရွက်ရန်နှင့် ယင်းသို့ဆောင်ရွက်ခြင်းဖြင့် နိုင်ငံနှင့်လူမျိုးကို လေးစားချစ်ခင်မြတ်နိုးစေရန် ဟူသည့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ မူဝါဒနှင့်အညီ ဆက်လက်ထိန်းသိမ်းဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်