
နေပြည်တော် ဖေဖော်ဝါရီ ၆
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ဖေဖော်ဝါရီ ၄ ရက် နံနက်ပိုင်းက ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတစ်လျှောက် (နေပြည်တော်-မန္တလေး)လမ်းပိုင်းကို ကြည့်ရှု စစ်ဆေးပြီး ၂၈၅ မိုင်အနီး ယာဉ်ရပ်နားစခန်းနေရာ များတွင် စည်းကမ်းမဲ့ ဈေးရောင်းချနေသည့် ကျူးကျော် ဈေးသည်များမရှိစေရေး၊ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့ တာဝန်ရှိ သူများကို မှာကြားသည်။ ဆက်လက်၍ တံတားဦး မြို့နယ် မန္တလေး-ရန်ကုန်လမ်းပေါ်ရှိ (ပန်းဆေး ကျောင်း) တံတားဆောက်လုပ်ပြီးစီးမှုကို ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် B.O.T စနစ်ဖြင့် တာဝန်ယူဆောင်ရွက်နေသည့် မန္တလေး-ပြင်ဦးလွင်လမ်းပိုင်းရှိ Oriental Highway Company ရှင်းလင်းဆောင်၌ နိုင်ငံတော်သို့ပေးသွင်းရမည့် အခွန် စည်းကြပ်မှုဆိုင်ရာလုပ်ငန်းများကို အလေးထား ဆောင်ရွက်ကြရန် ယာဉ်ကြောပိတ်ဆို့မှုမဖြစ်စေရေး၊ ကုန်စည်စီးဆင်းမှု၊ နှောင့်နှေးကြန့်ကြာမှုမဖြစ်စေရေး တို့ကို တာဝန်ရှိသူများကို မှာကြားသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် မန္တလေး-လားရှိုး-ဗန်းမော်-မြစ်ကြီးနားလမ်းပိုင်း၊ (မန္တလေး-ပြင်ဦးလွင်လမ်း)လမ်းပိုင်းကို ကြည့်ရှုစစ်ဆေးပြီး ပြင်ဦးလွင်မြို့ လမ်းဦးစီးဌာန ခရိုင်လက်ထောက် ညွှန်ကြားရေးမှူးရုံးတွင် ဝန်ထမ်းများနှင့်တွေ့ဆုံ သည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ဝန်ထမ်းများ ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းအတိုင်း နေထိုင်ကြရန်၊ ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေးကင်းရှင်းရန် လိုအပ်ကြောင်း မိမိတာဝန်ကို ကျေပွန်စွာထမ်းဆောင် ချိန်တွင် ကိုဗစ် -၁၉ ရောဂါ ကူးစက်မှုမရှိစေရေး သတိပြုရန်လိုကြောင်း မှာကြားပြီး လမ်းဦးစီးဌာန၊ တံတားဦးစီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ တာဝန်ရှိသူ များကလည်း ဝန်ထမ်းရေးရာများနှင့်ပတ်သက်၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်