
နေပြည်တော် ဖေဖော်ဝါရီ ၆
ကယားပြည်နယ်အတွင်း အကြမ်းဖက်သမားများ၏ နှောင့်ယှက်ဖျက်ဆီးမှုများကြောင့် လွိုင်ကော်မြို့ပေါ်ရှိ ဥတ္တရုံ ဘုန်းတော်ကြီးကျောင်း၊ ဓမ္မဂုဏ်ရည်(မြကလပ်) ကျောင်းနှင့် မစိုးရိမ်ဘုန်းတော်ကြီးကျောင်းတို့တွင် ခေတ္တတိမ်းရှောင် နေကြသည့် ပြည်သူများနှင့် လွိုင်ကော်မြို့ပေါ် ရပ်ကွက်များရှိ ပြည်သူများ စားရေးအဆင်ပြေစေရန်အတွက် ယနေ့တွင် ဌာနဆိုင်ရာ တာဝန်ရှိသူများက အိမ်ထောင်စုတစ်စုလျှင် ဆန် နှစ်ပြည်နှင့် စားသောက်ဖွယ်ရာများကို ပြည်သူများ လက်ဝယ်သို့ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်