(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် ရန်ကုန်တိုင်းဒေသကြီး အမျိုးသား/အမျိုးသမီး လက်ဝှေ့လူရွေးပြိုင်ပွဲကျင်းပ

 

ရန်ကုန်   ဖေဖော်ဝါရီ   ၆ 


(၇၅) နှစ်မြောက်  စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် ၂၀၂၂ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး အမျိုးသား/ အမျိုးသမီး လက်ဝှေ့ လူရွေးပြိုင်ပွဲကို     ယနေ့  ညနေ ၄ နာရီက   ရန်ကုန်မြို့  သုဝဏ္ဏလက်ဝှေ့လေ့ကျင့်ရေးရုံ၌ ကျင်းပသည်။

 


 ရှေးဦးစွာ အမျိုးသား၊ ၄၉၊ ၅၂၊ ၅၆၊  ၆၀၊    ၆၄၊  ၆၉၊  ၉၁   ကီလို လူသစ်တန်းနှင့်   အလွတ်တန်း ပြိုင်ပွဲများ၊ အမျိုးသမီး  ၅၂ ကီလို အလွတ်တန်းပြိုင်ပွဲ၊  အမျိုးသား  ၆၄ ကီလိုနှင့် ကီလို  ၆၀  အလွတ် တန်းပြိုင်ပွဲ  ဗိုလ်လုပွဲများ ကျင်းပ ပြီးနောက် ဆုချီးမြှင့်ပွဲအခမ်းအနား ကို ကျင်းပရာ အကောင်းဆုံးဆုရအားကစားသမားများနှင့်   ကီလို အတန်းလိုက်   ပြိုင်ပွဲများတွင်       ပထမ၊  ဒုတိယဆုရ အားကစား သမားများအား    ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့      ဥပဒေ ချုပ်     ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်       ကာယပညာ ကော်မတီဥက္ကဋ္ဌ     ဦးဌေးအောင်၊ တိုင်းဒေသကြီး   အားကစားနှင့်         ကာယပညာဦးစီးဌာန ညွှန်ကြား ရေးမှူး   ဦးအောင်မိုး၊ အားကစား နှင့်    ကာယပညာသိပ္ပံ (ရန်ကုန်)      ကျောင်းအုပ်ကြီး   ဦးအောင်နိုင် ဆွေ၊   တိုင်းဒေသကြီး   လက်ဝှေ့ ဆပ်ကော်မတီဥက္ကဋ္ဌ ဦးဝင်းကျော်၊ မြန်မာနိုင်ငံ    လက်ဝှေ့အဖွဲ့ချုပ် အတွင်းရေးမှူး   ဦးကိုကိုအောင် နှင့်    တာဝန်ရှိသူများက  ဂုဏ်ပြု ဆုငွေများ    ပေးအပ်ချီးမြှင့်ကြ သည်။

 


“ကျွန်တော်တို့   ပြည်နယ်နှင့် တိုင်းဒေသကြီး     ပြိုင်ပွဲအတွက် ရန်ကုန်တိုင်းဒေသကြီး   အနေနဲ့ လူရွေးပွဲကျင်းပခြင်းဖြစ်ပါတယ်။မြို့နယ်ပေါင်း     ၁၂  မြို့နယ်မှ အားကစားသမား    အမျိုးသား  ၆၂ ဦး အမျိုးသမီးနှစ်ဦး  ဝင်ရောက် ယှဉ်ပြိုင်တာဖြစ်ပါတယ်။ ဒီပြိုင်ပွဲ ကနေ အကောင်းဆုံးအားကစား သမားများကို ပြည်နယ်နှင့် တိုင်း ဒေသကြီး  ပြိုင်ပွဲများမှာ ယှဉ်ပြိုင် မယ်   ဖြစ်ပါတယ်။   ဒီလက်ဝှေ့ ပြိုင်ပွဲကို နေပြည်တော်မှာ မတ် ၁၀ ရက်မှ ၁၇ ရက်အထိ ကျင်းပ မှာ    ဖြစ်ပါတယ်။     ပြိုင်ပွဲကို အမျိုးသား ကိုးဦးနဲ့     အမျိုးသမီး ခြောက်ဦး    ယှဉ်ပြိုင်မှာ    ဖြစ်ပါ တယ်”ဟု ရန်ကုန်တိုင်းဒေသကြီးလက်ဝှေ့ဆပ်ကော်မတီ  အတွင်း ရေးမှူး      ဦးသက်ထွန်းစိုးက ပြောသည်။
အဆိုပါပြိုင်ပွဲကို ဖေဖော်ဝါရီ ၅ ရက်မှ  ၆ ရက်အထိ   ကျင်းပ ခဲ့ကြောင်း သိရသည်။ 

 


သတင်းနှင့်ဓာတ်ပုံ - အာကာစိုး