
မြစ်ကြီးနား ဖေဖော်ဝါရီ ၆
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံ၌ ဆေးဝါးကုသမှု ခံယူနေသော လူနာများအား ဖေဖော်ဝါရီ ၅ ရက် နံနက် ၉ နာရီတွင် သွားရောက်တွေ့ဆုံ အားပေး ထောက်ပံ့သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံ ကလေးဖျားနာကုသ ဆောင်၌ လူနာများအား ကျန်းမာရေး ဝန်ထမ်းများ၏ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအခြေ အနေများနှင့် ဆေးဝါးကုသမှု ခံယူနေသော လူနာများ အား ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကားများ ပြောကြားပြီး ထောက်ပံ့ငွေများ ပေးအပ်သည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ သည် မြစ်ကြီးနားလေဆိပ်၌ နေပြည်တော်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲကို ပါဝင်ကြမည့် ပြည်နယ် ကိုယ်စားပြုဂေါက်သီးရိုက်အသင်း၊ အလှပြဂုဏ်ပြု ယာဉ်နှင့် ညစာစားပွဲများတွင် ပါဝင်ကြမည့် တိုင်းရင်း သား ရိုးရာယဉ်ကျေးမှုအကအဖွဲ့များအား တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က ကျန်းမာရေးအထူးဂရုစိုက် ကြရန်နှင့် ပြည်နယ်ကိုယ်စားပြုပါဝင်ကြမည်ဖြစ် သည့်အတွက် အကောင်းဆုံး ပါဝင်ဆင်နွှဲကြရေး တိုက်တွန်းအားပေး ပြောကြားကြောင်း သိရ သည်။
ပြည်နယ်(ပြန်/ဆက်)