၂၀၂၂ ပညာသင်နှစ် အဝေးသင်သင်တန်းများ ကျောင်းအပ်မှတ်ပုံတင်ရန် ကြေညာ

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပညာရေးဝန်ကြီးဌာန
အဆင့်မြင့်ပညာဦးစီးဌာန
ကြေညာချက်
၂၀၂၂ ပညာသင်နှစ် အဝေးသင်သင်တန်းများ ကျောင်းအပ်မှတ်ပုံတင်ခြင်း
၂၀၂၂ ပညာသင်နှစ်၌ တက္ကသိုလ်အသီးသီး၏ အဝေးသင် သင်တန်းများတွင် ဝိဇ္ဇာ၊သိပ္ပံအထူးပြု ဘာသာရပ်များဖြင့် ကျောင်းအပ်နှံရန်ကျန်ရှိသည့် အဝေးသင် ကျောင်းသား/ကျောင်းသူများအတွက် ကျောင်းအပ်မှတ်ပုံတင်ခြင်းကို (၂၂-၂-၂၀၂၂) ရက်နေ့အထိ တိုးမြှင့်လက်ခံဆောင်ရွက်ပေးမည်ဖြစ်ပြီး စာစဉ်ပို့ချချက်များကို (၂၄-၁-၂၀၂၂) ရက်နေ့မှ  စတင်ပို့ချနေပြီဖြစ်သဖြင့်  သတ်မှတ်ရက်အတွင်း စာစဉ်များကို တင်သွင်းရမည်ဖြစ်ပါသည်။ 
အဆင့်မြင့်ပညာဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာန