(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ကြိုဆိုဂုဏ်ပြု စုပေါင်းသန့်ရှင်းရေးပြုလုပ်

 

ရန်ကုန်    ဖေဖော်ဝါရီ     ၆


ရန်ကုန်တိုင်းဒေသကြီး     မရမ်းကုန်းမြို့နယ်    ရှေ့ဟောင်းသမိုင်းဝင် အပရာဇိတ  ကျိုက်ဝိုင်းဆံတော်ရှင်စေတီတော်မြတ်ကြီး၏ ရင်ပြင်၌ ဘုရားဖူးလာပြည်သူအများ    ကြည်ညိုသဒ္ဓါပွား    စိတ်အေးချမ်းသာစွာ ဖူးမြော်နိုင်ရန်  (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆို သောအားဖြင့်  မရမ်းကုန်းမြို့နယ်ရှိ   စာပေ  ဂီတ  သဘင်အဖွဲ့သားများ က ယနေ့နံနက်တွင် ပန်းဆီမီး အမွှေးနံ့သာများ ကပ်လှူ၍  စုပေါင်း သန့်ရှင်းရေးများပြုလုပ် ကုသိုလ်ယူ အမျှအတန်းပေးဝေကြကြောင်း သိရသည်။

 

မျိုးမင်းသိန်း(မရမ်းကုန်း)