ရည်သန်ခရီး သွားကြချိန်

 

c    နီးနီးဝေးဝေး
    အရေးရှိလာ၊ သွားတတ်ရာတည့်
    ပညာဉာဏ်ဖွင့်၊ လုံ့လဆင့်၍
    ဝန်နှင့်အားမာန်၊ တွေးဆကြံလျက်
    ရည်သန်ခရီး သွားကြချိန်။
c    စွဲလမ်းစိတ်ဆာ
    မခွာအတ္တ၊ မာန်မာနနှင့်
    လောဘကြိုးနှောင်၊ ဒေါသထောင်၍
    အမှောင်မောဟ၊ ဗျာပါဒတို့
    ဓမ္မနှင့်သတ်၊ သတိချပ်လျက်
    ချဉ်းကပ်မြဲမြံ၊ အောင်စိတ်မာန်နှင့်
    ရည်သန်ခရီး သွားကြချိန်။
c    အေးလည်းအတူ
    ပူလည်းအမျှ၊ ခံယူကြ၍
    လောကကျိုးပြု၊ ရှေးရှုဖြတ်သန်း
    ထိုလမ်းသာယာ၊ ပြုံးပန်းဖြာလျက်
    တော်ရာတော်ကြောင်း၊ ကောင်းရာကောင်းကျိုး
    သယ်ပိုးကျင့်ကြံ၊ အောင်စိတ်မာန်နှင့်
    ရည်သန်ခရီး သွားကြချိန်။
c    အို . . . ညီနောင်သားချင်း
    မျိုးရင်းဆွေဉာ၊ မိတ်သဟာတို့
    သည်မှာဆည်မြောင်း၊လယ်ယာကောင်းနှင့်
    တန်ဆောင်းပြာသာဒ်၊ ကျောင်းဇရပ်တို့
    ကောင်းမြတ်အမွေ၊ စည်ဝေအေးချမ်း
    ရိပ်နန်းဖြစ်တည်၊ ရွှေပြည်ဖြန့်မိုး
    အမျိုးဘာသာ၊ သာသနာနှင့်
    မြန်မာတို့ဘုန်း၊ ကမ္ဘာဖုံးသို့
    ချစ်ထုံးဝေဝေ၊ ဖြစ်နှုန်းတွေနှင့်
    အောင်မြေဖြန့်စီး၊ ဤခရီးဝယ်
    ဝေးနီးမဟူ သွားအတူ။
    တွဲလက်မြဲခိုင် အောင်လံထူ၊၊       ၊၊
(၇၅ - နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြိုဂုဏ်ပြုကဗျာ)
ဖိုးယုန် (မကွေး)