
ရန်ကုန် ဖေဖော်ဝါရီ ၅
ရန်ကုန်တိုင်းဒေသကြီး မြို့နယ် လူမှုဖူလုံရေးအဖွဲ့ နယ်မြေရုံးခွဲ ခြောက်မြို့နယ်၌ အကျုံးဝင်မှတ်ပုံ တင်ထားသော လှိုင်မြို့နယ် အမှတ်(၈)သစ်စက်မှ အာမခံ အလုပ်သမား ဦးအောင်မျိုး (လျှပ်စစ်ကျွမ်းကျင် - ၄) ၏ အလုပ်ခွင်ထိခိုက်ဒဏ်ရာ ရရှိမှု အတွက် လူမှုဖူလုံရေးအဖွဲ့ က အမြဲတမ်းမသန်စွမ်းမှုနှင့် သက်ဆိုင်သည့် ငွေလုံးငွေရင်း ခံစားခွင့် ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီး လူမှုဖူလုံရေးအဖွဲ့ အစည်းအဝေးခန်းမ၌ ပြုလုပ် သည်။
အခမ်းအနားတွင် ရန်ကုန် တိုင်းဒေသကြီး တာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးရဲ ဇော်ဝင်းက ၂၀၁၂ ခုနှစ် လူမှုဖူလုံ ရေးဥပဒေအကြောင်း ရှင်းလင်း ပြောကြားပြီး ဦးအောင်မျိုး (လျှပ်စစ်ကျွမ်းကျင် -၄)၏ အလုပ် ခွင် ထိခိုက်ဒဏ်ရာရရှိမှုအတွက် လူမှုဖူလုံရေးအဖွဲ့က အမြဲတမ်း မသန်စွမ်းမှုနှင့် သက်ဆိုင်သည့် ငွေလုံးငွေရင်း တစ်လုံးတစ်ခဲ တည်း ခံစားခွင့် ငွေကျပ် ၆၃၅၀၄၀၀ အား အလုပ်ဌာန တာဝန်ခံ၊ အလုပ်ဌာန ကိုယ်စား လှယ်တို့ရှေ့တွင် အကျိုးခံစားခွင့် ငွေကို ထုတ်ပေးခဲ့ကြောင်း သိရ သည်။
ရန်ကုန်တိုင်းဒေသကြီး လူမှု ဖူလုံရေးအဖွဲ့တွင် အလုပ်သမား ဆေးရုံကြီး နှစ်ရုံ၊ လူမှုဖူလုံရေး ဆေးခန်း ၂၂ ခန်း၊ တိုင်းရင်း ဆေးခန်း တစ်ခန်း၊ Mobile Medical Unit နှစ်စီး၊ ဌာနကြီး ဆေးခန်း ၁၆ ခန်း၊ PPS စနစ် (Capitation Payment) ဖွင့်လှစ် သည့်ဆေးခန်း ငါးခန်း၊ PPS စနစ် (Fee for Service) ဖွင့်လှစ်သည့် ဆေးခန်း ၁၀ ခန်းတို့ဖြင့်အကျုံးဝင် မှတ်ပုံတင် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန ၁၃၃၄၉ ဌာနနှင့် အကျုံးဝင် အာမခံအလုပ်သမား ၇၃၆၇၆၀ တို့အား ကျန်းမာရေးစောင့်ရှောက်လျက်ရှိပြီး ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေ အရ အကျိုးခံစားခွင့်များကိုလည်း ထုတ်ပေးလျက်ရှိသည်။
သတင်းစဉ်